နယ်ရုံးများ၏သတင်းများ

Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတပြည့်စုံနိုင်စေရန်ရည်ရွယ်၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ မွန်းလွဲ (၁) နာရီက  ကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.ထ.က-၂)ကျောင်းတွင်  ကျောင်းသား/သူများ ယာဉ်အန္တရာယ်မှ ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား သိရှိစေရန်ရည်ရွယ်ပြီး ယမန်နေ့ နေ့လယ်ပိုင်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို  အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကဇင်းကြီးကျေးရွာအုပ်စု(အ.မ.က) ဇင်းကြီးကျောင်းတွင်   ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ ပြင်ပဗဟုသုတများစုံလင်စွာရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့(အကြို)အသိပညာပေးလုပ်ငန်းများဖြစ်သော ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်၊ စာစောင်ပြပွဲ၊ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းစာသင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားကွင်းတွင် ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အခြေခံပညာကျောင်းများ၌ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၁၁)နာရီတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ယမန်​နေ့‌ မွန်းလွဲပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2024
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ဂျိန်းဖော့မြေရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍  နယ်လှည့်ကွင်းဆင်း အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နေ့လယ်(၁၂)နာရီခွဲက အမာမြို့ အခြေခံပညာအထက်တန်း‌ကျောင်းသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။