နယ်ရုံးများ၏သတင်းများ

Jan 05,2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့ နေ့နံနက် ၈ နာရီက လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
Jan 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများ ရရှိစေရန်နှင့် စာပေဖတ်ရှုလေ့လာတက်စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က အခြေခံပညာမူလတန်း မိုင်းယိုင်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသမှုကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြည်သူ့စာကြည့်တိုက်နှင့် လူထုအခြေပြုဗဟိုဌာနခန်းမတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်တွင်ကျင်းပခဲ့သည်။
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ လေးအိမ်စုအ‌ခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုး တက်စေရန်ရည်ရွယ်၍ လွတ်လပ်ရေးနေ့အကြိုအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ တိုးပညာခန်းမတွင် ကျင်းပခဲ့သည်။
Jan 03,2024
လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏အနှစ်သာရကို အနာဂတ်၏ကြယ်ပွင့်များ ဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများ မမေ့လျှော့စေရန်၊ တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်အတွက် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
Jan 03,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအသိပညာပေး‌ ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။