ဝန်ကြီးဌာနသတင်း

Mar 11, 2020

နေပြည်တော် မတ် ၁၁

စတုတ္တအကြိမ် မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲ ပထမအကြိမ်အကြို တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်း ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Mar 06, 2020

ရန်ကုန် မတ် ၆

မြန်မာရုပ်ရှင်နှစ်တစ်ရာပြည့် အထိမ်း အမှတ်အနေဖြင့် ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် ဂျပန် ဂန္ထဝင်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ ဆူးလေဘုရား လမ်းရှိ နေပြည်တော် အဆင့်မြင့် ရုပ်ရှင်ရုံ၌ ကျင်းပသည်။

Mar 05, 2020

နေပြည်တော် မတ် ၆

(၂၀၂၀) ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) ပွဲစဉ်များ အနက် ဇွဲကပင်ယူနိုက်တက် FC အသင်း နှင့် Southern Myanmar FC အသင်း တို့သည် မတ်လ(၇)ရက် ညနေ(၄)နာရီမှ စတင်၍ ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

အဆိုပါ ဘောလုံးပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် MRTV Sports Channel တို့တွင် ယင်းနေ့ ညနေ(၃) နာရီ(၄၅) မိနစ်မှ စတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

Mar 05, 2020

နေပြည်တော် မတ် ၅

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ ဆဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Mar 04, 2020

ရန်ကုန် မတ် ၄

၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို လာမည့် မတ် ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပရန် စီစဉ်ထားရှိမှုအား ခေတ္တဆိုင်းငံ့ထားကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်မှ ပြောကြားသည်။

 “မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လမှာ မလုပ်တော့ဘဲ သင်္ကြန်အပြီး မေလ လဆန်းပိုင်း လောက်မှပဲ စီစဉ်သွားဖို့များတယ်” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်မှ ပြောသည်။

Mar 04, 2020

ရန်ကုန် မတ် ၄

မတ်လ ၆ ရက်နေ့ ညနေ ၆:၃၀ နာရီအချိန်တွင် ရန်ကုန်မြို့ JCGV ကန်သာယာစင်တာ ရုပ်ရှင်ရုံ ၌ “ ကျွန်မတို့လိုချင်သော ဘဝများဆီသို့” Campaign ဖွင့်ပွဲနှင့်အတူ “ကျွန်မ မလိုချင်သော ကျွန်မဘဝ” ကာတွန်းရုပ်ရှင် ပြသမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မ မလိုချင်သော ကျွန်မ ဘဝ” ကာတွန်းရုပ်ရှင်တိုသည် မြန်မာမိန်းကလေးတစ်ဦး၏ ဘဝအကြောင်းကို မျက်မှောက် ကာလ အမှန်တကယ် ဖြစ်ပျက်နေမှုတွေအပေါ် အခြေခံပြီး ဖန်တီးထာတဲ့ (၁၁) မိနစ်စာ ကာတွန်းရုပ်ရှင်တိုဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် စတင်ထွက်ရှိခဲ့ပြီး ဒါရိုက်တာ ဉာဏ်ကျယ်စေမှ ဦးဆောင်ဖန်တီးထားသည်။

Mar 01, 2020

နေပြည်တော် မတ် ၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် - ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လမ်းတစ် လျှောက် ကြည့်ရှုစစ်ဆေးသည်။

Feb 29, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၂၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် ယနေ့တွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ကြေးမုံ၊ မြန်မာ့အလင်းနှင့် နေပြည်တော် သတင်းစာတိုက်တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ နံနက် ၁၀ နာရီတွင် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

အစီအစဉ်ကောင်းများ ထွက်ပေါ်ရန်

Feb 27, 2020

မန္တလေး  ဖေဖော်ဝါရီ  ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက်ပိုင်းက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များမှ တင်ဒါလက်ခံရယူ ဆောင်ရွက်နေသည့် ပုံနှိပ်တိုက်များသို့ သွားရောက်၍ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် ရိုက်နှိပ်ပြီးစီးမှု အခြေအနေများ ကို  ကြည့်ရှုစစ်ဆေးသည်။