Skip to main content

ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရေဘေးသဏ္ဌာန်တူလေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနား ကျင်းပ

မန္တလေး ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရေဘေးသဏ္ဌာန်တူ လေ့ကျင့်ခြင်းသရုပ်ပြအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ တောင်သမန်အင်းရေပြင်၌ ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၁၆ ဦး၏ ရေပြင်မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ရေဘေးသဏ္ဌာန်တူလေ့ကျင့်ခြင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေးကြသည်။

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်