Skip to main content

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အစီအစဉ်များအတွက် ပြည်ထောင်စုအဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၈

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အစီအစဉ်များအတွက် ပြည်ထောင်စုအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ၁/၂၀၂၆ ကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္က ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီအဖွဲ့ဝင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် မိုးစပါးနှင့် နွေစပါးအစီအစဉ်၊ ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊ နေကြာ) အစီအစဉ်နှင့် ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone-REZ) အစီအစဉ်များအတွက် ငွေကျပ် ၃၇၂ ဒသမ ၃၆ ဘီလီယံ အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးလေးခုတို့၌ ဆိုလာစနစ်အပါအဝင် ဆောင်ရွက်မည့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ၃၈၀ အတွက် ငွေကျပ် ၁ ဒသမ ၉၉၄ ဘီလီယံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မွေးမြူရေးကဏ္ဍတွင် အရင်းမပျောက် မတည်ငွေဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် နှစ်တို၊ နှစ်ရှည် မွေးမြူရေးလုပ်ငန်းအစီအစဉ်များကို ငွေကျပ် ၅၁ ဒသမ၂၁ ဘီလီယံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုလယ်ယာကဏ္ဍအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး ခြောက်ခုတွင် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) အလက်ရေ ၁ ဒသမ ၂၃ သိန်း ထုတ်လုပ်မှုအတွက် လိုအပ်မည့် ရန်ပုံငွေကျပ် ၃၀ ဒသမ ၂၄ ဘီလီယံကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်