၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် အကျိုးအမြတ်ရယူခြင်းမရှိသော နိုင်ငံပိုင် ပြည်သူ့ဝန်ဆောင်မှုမီဒီယာဖြစ်သည်နှင့်အညီ (Free to Air-FTA) ဖြင့် အခမဲ့ထုတ်လွှင့်လျက်ရှိရာ (MRTV-HD Channel) မှ အများပြည်သူများ ပျော်ရွှင်မှုဖြစ်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန်အတွက် အပတ်စဉ် သောကြာနေ့ညများတွင် Friday Night Live Show ဖျော်ဖြေရေးအစီအစဉ်များကို ဆန်းသစ်တင်ဆက်လျက်ရှိပါသည်။
၂။ ယခုအခါ (၇-၈-၂၀၂၆) ရက်၊ သောကြာနေ့ညတွင် အများပြည်သူ အပန်းပြေ/ စိတ်ချမ်းမြေ့စေရန်အတွက် စတီရီယိုခေတ်ပေါ်တေးသီချင်းများကို မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ပြင်ပအဆိုရှင်များ စုပေါင်း၍ “ချစ်သူဆွဲအား” တေးဂီတဖျော်ဖြေပွဲ ခေါင်းစဉ်ဖြင့် ရိုက်ကူးထုတ်လွှင့်မည်ဖြစ်၍ အောက်ပါတေးသီချင်းများအား အခမဲ့အသုံးပြုမည်ဖြစ်ကြောင်း မူပိုင်ခွင့်ရှိသူများအား လေးစားစွာဖြင့် မေတ္တာရပ်ခံ အသိပေးအကြောင်းကြားပါသည်-
