Skip to main content

Sep 26, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၅-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၈၈၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၈) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာနညွှန်ကြားရေးမှူး Ms. Zeng Yan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိ / မရှိ၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများ၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို မှန်ကန်စွာအသုံးပြုလျက်ရှိသည့်သုံးစွဲသူများကို အကာအကွယ်ပေးနိုင်ရန်၊ မိုဘိုင်းဆက်သွယ်ရေး စနစ်ကိုအခြေခံသည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ e-commerce လုပ်ငန်းများနှင့်စပ်လျဉ်း၍

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ရှမ်းစုကျေးရွာအုပ်စု ရှမ်းစုကျေးရွာ၌ စက်တင်ဘာ ၂၀ ရက် နံနက် ၂ နာရီခွဲခန့်တွင် ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ နေအိမ်လေးလုံး ရွှေ့ပြောင်းခဲ့ရမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက်ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့ဒေသစံတော်ချိန် နံနက် (၁၀) နာရီတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ကျင်းပသည့် ဝူရှူးအားကစားနည်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မအေးသစ္စာမြင့်က နန်းချွမ် (ခေါ်) တောင်ပိုင်းလက်သိုင်းပြိုင်ပွဲနှင့် နန်းသောင်း (ခေါ်) တောင်ပိုင်းဓါးသိုင်းပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ကန်ကြီးထောင့် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် တကုန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့ဖျက်ဆီး၍ ကုန်ပစ္စည်းရှားပါးပြတ်လပ်ကာ ပြည်သူတွေစားဝတ်နေရေးခက်ခဲအောင် ပြုလုပ်နေတဲ့ NUG နဲ့ PDF အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

(၁၂) ကြိမ်မြောက် မြန်မာ-တရုတ် လူကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး (Twelfth Meeting on Cooperation to Combat Trafficking in Persons between Myanmar and China) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် PARK ROYAL Hotel ၌ မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးချုပ်မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန မှုခင်းရဲတပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Chen Shiqu ဦးဆောင်သော ကိုယ်စားလှယ်ရှစ်ဦး တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

အကြိမ် (၂၀) မြောက် China ASEAN Business and Invest-ment Summit (CABIS) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားကို နံနက်ပိုင်းတွင် CAEXPO အဆောက်အအုံ၌ပြုလုပ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Li Qiang က တက်ရောက်ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံးအဆောက်အအုံများ ပြန်လည်ပြုပြင် ဆောင်ရွက်ထားရှိမှုနှင့် အမျိုးသမီးများယာယီနားခိုရာ (One Stop Women Center)တို့ကို ကြည့်ရှုပြီး လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

သစ်တောဦးစီးဌာနရှိ တောအုပ်ကြီးများ လုပ်ငန်းခွင်အကြို သင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် သစ်တောသုတေသနဌာန စုဝေးခန်းမ ရေဆင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသားပြတိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သော နိုင်ငံရေးပါတီများအနက် ပြည်ထောင်စုနယ်မြေအတွင်း အခြေစိုက်သော နိုင်ငံရေးပါတီများ၊ ပါတီရုံးခွဲ ဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

၁၉၀၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA သည် အသင်းကြီး၏အဓိက လုပ်ငန်းစဉ်များဖြစ်သော အမျိုးဘာသာ သာသနာပညာလုပ်ငန်းများကို အင်တိုက် အားတိုက်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် အသင်းဝင်အင်အားဆယ်သိန်း ကျော်ရှိခဲ့ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်