Skip to main content

Jan 04, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သော ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား ပြည်သူများအားလုံး ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ချစ်ကြည်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ မင်္ဂလာအခါသမယဖြစ်ပါတယ်။ ဒီနေ့ထူးနေ့မြတ် အခါသမယမှာ နိုင်ငံတော်အတွင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွနေထိုင်ကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများ အားလုံး ကျန်းမာချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်မည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော် ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

နိုင်ငံတော်သည် မြန်မာစာပေဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ စာပေမျက်စိကို အလင်းဖွင့်ပေးရေး အတွက် ဆောင်ရွက်နေသည့် စာပေဗိမာန်နှင့် မြန်မာစာပေအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသည့် စာပေပညာရှင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အသိအမှတ် ပြုသည့်အနေဖြင့် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် ကျင်းပခဲ့သည့် စာပေဗိမာန် (၇၅)နှစ် ပြည့် စိန်ရတုအခမ်းအနားတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက စာပေရန်ပုံငွေအတွက် ငွေကျပ်သိန်းပေါင်း ၂၂၁၅ သိန်းကို လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှစ၍ဖိတ်ခေါ်ခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီတွင် နောက်ဆုံးပေးပို့ရန် ဖိတ်ခေါ် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွှဲကြမည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ တည်းခိုနေထိုင်ကြ သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်)၌ တည်းခိုနေထိုင်ကြသော ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များကို ချီးမြှင့်အပ်နှင်းသည်။

ဆက်လက်ဖတ်ရှုရန်