May 01, 2023
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိပြီး ယနေ့နေ့လယ်ပိုင်းတွင်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်း အခမ်းအနားကိုပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
May 01, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 01, 2023
သီရိလင်္ကာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများမှ ပွားယူပင့်ဆောင်ထားသည့် ဗုဒ္ဓမြတ်စွယ်တော်နှစ်ဆူအား ခေတ္တကိန်းစပ်စံပယ်တော်မူရာ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်မှ တောင်ငူမြို့သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ စေတနာရှင်အလှူရှင်များမှ ဆောက်လုပ်လှူဒါန်းထားသည့် စွယ်တော်မြတ်နှစ်ဆူ ကိန်းဝပ်စံပယ်အပူဇော်ခံတော်မူမည့်ကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်ရှိ ပဋိသောတဂါမိနိဓမ္မဗိမာန်တော်၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့်အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
May 01, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၃၀-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၁,၆၃၈) ခုအား စစ်ဆေးပြီးစီး ခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၉၁) ရာခိုင်နှုန်း ရှိပါသည်။
May 01, 2023
၁။ ၂၀၁၉ ခုနှစ် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့တွင် နေပြည်တော်၊ မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
May 01, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း သဲနုန်းများတူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရှမ်းကန်၏အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြ သည်။
May 01, 2023
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၁၀) ရပ်ကွက် ပုလဲလမ်းမကြီး အမှတ် (၁၂၅၉) ရှိ လူမှုဖူလုံရေး- သုခစုစံအထွေထွေရောဂါကုဆေးခန်းနှင့် ရွှေပြည်သာမြို့နယ် (၁၄) ရပ်ကွက် မဟာဗန္ဓုလလမ်းမ အမှတ် (၈၆၂) ရှိ လူမှုဖူလုံရေး-ကောင်းဇေ အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားများ ကျင်းပသည်။
May 01, 2023
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) A.G.T.I ဒီပလိုမာ သင်တန်းအမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။
May 01, 2023
တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့ နံနက်ပိုင်းတွင် အင်းလေးကန်သို့ လေ့လာရေးခရီး သွားရောက်ကြသည်။
May 01, 2023
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား- ယနေ့အချိန်အခါသမယသည် ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားကြီးများကို ဂုဏ်ပြုသည့် နေ့ထူးနေ့မြတ်ဖြစ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားထုကြီးတစ်ရပ်လုံးနှင့်အတူ ပြည်ပနိုင်ငံများတွင် အလုပ် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် မိဘပြည်သူ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်ဝ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
May 01, 2023
အလုပ်သမားများသည် ပြည်သူများ၏ စားဝတ်နေရေး၊ ကုန်ထုတ်စွမ်းအား မြင့်မားရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ရာ၌ အခြေခံအကျဆုံး မောင်းနှင်အားများဖြစ်သည်။ အခြေခံကျသော အလုပ်သမားများ၏ စွမ်းပကားဖြင့် သာယာဝပြောသော၊ ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်လောကကြီးအဖြစ် အစဉ်မပြတ် တည်ဆောက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အလုပ်သမားများ၏ စွမ်းပကားများမှာ မြင့်မားလှသဖြင့် နိုင်ငံတိုင်းနိုင်ငံတိုင်းက အလုပ်သမားများ၏ ဘဝကို မြှင့်တင်ဖြည့်ဆည်းပေးလျက်ရှိသည်။
May 01, 2023
မေလ ၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်သည်။ စက်မှုအရင်းရှင် ခေတ်ဦးပိုင်းတွင် အလုပ်သမားဟူသည် လောဘကြီးမားသော အလုပ်ရှင်တို့အဖို့ အမြတ်အစွန်း ပိုမိုရရှိနိုင်ရန်အတွက် အလုပ်ချိန်နှင့် လုပ်အားခများ ခေါင်းပုံဖြတ်ယူစရာ သားကောင်များ ဖြစ်ကြသည်။ တစ်ရက်လျှင် ၂၄ နာရီရှိရာ အလုပ်သမားများသည် ၁၆ နာရီမှ နာရီ ၂၀ အထိ အလုပ်လုပ်ကြရသည်။ အလုပ်ချိန်ကို ဤမျှရှည်လျားစွာ လုပ်ကြရသော်လည်း လုပ်အားခကိုမူ နည်းနိုင်သမျှ နည်းနည်းသာပေးပြီး အကြောင်းအမျိုးမျိုးဖြင့်လည်း လျှော့ချဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြသည်။
Apr 30, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Apr 30, 2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းနှင့် လေကြောင်းလူငယ်စခန်း တို့တွင် သင်တန်းတက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများ၏ သင်တန်းကာလအတွင်း ဂုဏ်ပြုညစာ စားပွဲကို ဧပြီ ၂၉ ရက် ညပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Apr 30, 2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပခုက္ကူမြို့ သာသနဝိပုလာရာမ (အနောက်တိုက်) မှ ဂန္တဝါစကပဏ္ဍိတ၊ မြို့နယ်သံဃနာယကအဖွဲ့၊ ဒုတိယဥက္ကဌ ဆရာတော် ဘဒ္ဒန္တမေဓာနှင့် ရေစကြိုမြို့ မအိုကျောင်းမှ ဂန္တဝါစကပဏ္ဍိတ မြို့နယ်သံဃနာယကအဖွဲ့၊ ဒုတိယဥက္ကဌ ဆရာတော် ဘဒ္ဒန္တသြဘာသတို့ ဉီးဆောင်လျက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော် စုစုပေါင်း (၁၀၀)ပါးတို့က ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာ ဖူးမြှော်ကြည်ညိုကြသည်။
Apr 30, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ပန်းပင်ချောင်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံ ငွေ (VDP) ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းလမ်း ပေ ၂၄၀၀ ကျောက်ချောခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြမှုနှင့် ကျေးရွာသူကျေးရွာသားများ၏ ဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှု ကို ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
Apr 30, 2023
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း တစ်အိမ်တက်ဆင်းလူဦးရေ စာရင်းကောက်ယူခဲ့သည့် အချက်အလက်များကို သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းများနှင့် တိုက်ဆိုင်စိစစ်အတည်ပြု၍ နေပြည်တော်ရုံးချုပ်ရှိ Serverအတွင်း e-ID Sofrware ဖြင့် အချက်အလက်များ ပြင်ဆင်ဖြည့်သွင်းဆောင်ရွက်မှုများကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးအတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံသည်။
Apr 30, 2023
၂ဝ၂၃ ခုနှစ် တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ကျင်းပသည်။
