Jun 07, 2023
၂၀၂၃ ခုနှစ် အာဆီယံမိတ်ဖက် မီဒီယာပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် (2023 ASEAN Partners Media Cooperation Forum)ကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၏မြို့တော် နန်နင်းမြို့ Li Yuan Grand Metro Park Hotel ရှိ International Convention Center တွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာနမြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
Jun 07, 2023
အဆောင်ဘာလုပ်တုံးလို့မေးတယ်၊ အဲဒီတော့ ဘုန်းဘုန်းကတရားဂုဏ်တော် ပုတီးစိပ်တဲ့အကြောင်း၊ ပြီးတော့ကျ ဂုဏ်တော်တွေပွားတဲ့ အကြောင်း၊ တစ်သောင်း နှစ်ထောင်ကုန်သော ဘုရားရှင်တို့ကိုလည်းပဲ တပည့်တော် ရှိခိုးပါ၏။ ပဉ္စသတသဟဿာနိ၊ ပဉ္စကငါး၊ သတကတစ်ရာ၊ ငါးသတ။ သဟဿာကတစ်ထောင်၊ ငါးရာနဲ့ တစ်ထောင်နဲ့မြှောက် ငါးသိန်း။ အဲဒီတော့ ပဉ္စသတ သဟဿာနိ ငါးသိန်းသော ဘုရားရှင်တို့ ကိုလည်း တပည့်တော် ရှိခိုးပါ၏။ ပေါင်းလိုက်တော့ငါးသိန်း တစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရှားရှင်တို့ကို တပည့်တော်ရှိခိုးပါ၏။ ဘုရား ငါးသိန်း တစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကို ရှိခိုးတဲ့ ဂါထာ၊ အဲဒါ ဆရာတော်ကြီးကပြောတယ်။ သူကငယ်ငယ်လေးကတည်းက၊ သူ ခုနစ်နှစ်သားအရွယ်ကတည်းက သမ္ဗုဒ္ဓေဂါထာ နေ့တိုင်းရှိခိုးတာ၊ ဘာအကျိုးရှိသလဲဆိုတော့ အန္တရာယ် ကင်းတယ်။ ဘေးရှင်းတယ်တဲ့။ ဆွမ်းခံသွားရင်လည်း ဘယ်တော့မှ မိုးမမိဘူးတဲ့။ မိုးရွာနေရင် သမ္ဗုဒ္ဓေဂါထာရွတ်လိုက်ရင် မိုးတိတ်သွားတယ်။ အဲဒီလို ကျေးဇူးရှိတဲ့အကြောင်း၊ အဲဒါဘယ်တုန်းကစခဲ့တာတုံး ဆိုတော့.. လွန်ခဲ့တဲ့ သင်္ချေနှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်းက ဘုရင်ကြီး တစ်ပါး အုပ်ချုပ်တယ်၊ သမီးတော်လေးက ဘုံခုနစ်ဆင့်ရှိတဲ့ ပြာသာဒ်၊ ခုနစ်ထပ်တိုက်ကြီးနဲ့ နေတယ်၊ ပြာသာဒ်ဘေးဘက်များဆီကို လှည့်ပတ်ကြည့်တော့ ညနေ ၄ နာရီလောက် ဦးဇင်းလေးတစ်ပါး ဆွမ်းခံနေတယ်။
Jun 07, 2023
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။
Jun 07, 2023
မြန်မာနိုင်ငံတွင် နေ့စဉ်အများဆုံးထွက်ရှိသောပစ္စည်းများမှာ စွန့်ပစ်ပစ္စည်း အမှိုက်သရိုက်များပင်ဖြစ်သည်။ စွန့်ပစ်ပစ္စည်းများတွင် တစ်ခါသုံးကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်ပစ္စည်းများမှာ အများဆုံးဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင်လည်း အလားတူစွန့်ပစ်ပစ္စည်းများ နေ့စဉ်စွန့်ပစ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပျက်စီးရန်မလွယ်ကူသော အဆိုပါပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကြီးစွာခြိမ်းခြောက်လျက်ရှိသည်။
Jun 07, 2023
၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော သုတေသနစစ်တမ်းတစ်ရပ် အရ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုကြောင့် နှစ်စဉ်လူဦးရေ ၆၄၀၀၀ ခန့် အသက်ဆုံးရှုံးနေရပြီး စီးပွားရေးအရနှစ်စဉ်ဆုံးရှုံးမှုတန်ဖိုးသည် မြန်မာကျပ်ငွေ ၂ ဒသမ ၆ ထရီလီယံနှင့်ညီမျှသည်ဟု တွေ့ရှိရကြောင်းသိရသည်။ အရွယ်ရောက်ပြီးသူများ၏ ထက်ဝက်ကျော် (၅၄ ဒသမ ၄ ရာခိုင်နှုန်း) သည် ဆေးလိပ်၊ ဆေးရွက်ကြီး တစ်မျိုးမျိုးကို သုံးစွဲနေကြသည်ဟုဆိုရာ ယင်းနှင့်ဆက်စပ်၍ ဖြစ်ပွားလာ သောရောဂါများအတွက် ၂၀၁၆ ခုနှစ်က ကျန်းမာရေးအသုံး စရိတ် မြန်မာငွေကျပ် ၃၀၇ ဒသမ ၄ ဘီလီယံ နိုင်ငံတော်က ကုန်ကျခံခဲ့ရသည်။
Jun 06, 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီးသည် သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါအရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင် အခမ်းအနားကိုယနေ့မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းတိုက်၌ကျင်းပပြုလုပ်သည်။
Jun 06, 2023
ရခိုင်ကမ်းရိုးတန်းဒေသသို့ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှမုန်တိုင်းဒဏ်သင့် ပြည်သူများအားကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ရောက်ရှိနေသော စစ်ရေယာဉ် BNS SOMUDRA JOY(F-28) ပေါ်မှကူညီ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးယာယီတာဝန်ခံ Mr. ASM Sayem မှရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းထံသို့ လွှဲပြောင်းပေးအပ်သည်။
Jun 06, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာစားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့်တာဝန်ရှိသူများက ယနေ့တွင်လည်း စစ်တွေမြို့၊ ဦးဥတ္တမ ပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား/ ငါး ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန် ဖြူနှင့် တပ်မတော်စက်ရုံများနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့်စည်သွပ်ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊ ကြက်သားအာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငပိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူးစသည့် စားသောက်ကုန်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စားကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက တစ်ခဲနက် ဝယ်ယူအားပေးကြသည်။
Jun 06, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက်တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jun 06, 2023
သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရသည့်ဒေသများတွင် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Jun 06, 2023
တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များကလှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုတပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
Jun 06, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၅-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၆-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၃၇၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၀) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၇၅) ရာခိုင်နှုန်းရှိပါသည်။
Jun 06, 2023
၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ညနေပိုင်းတွင် သရုပ်ဆောင်၊ အဆိုတော် ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော်သည် ၎င်းနေထိုင်သည့် ရန်ကင်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ရန်အောင်လမ်း၊ တိုက်အမှတ်(က/၂၆၇)၊ တိုက်ခန်းအမှတ်(၇)ရှေ့၌ (စိစစ်ဆဲ) အကြမ်းဖက်သမား ၁ ဦးမှ ပစ္စတိုဖြင့် ရက်စက်စွာအကြောင်းမဲ့ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
Jun 06, 2023
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါက်တာ မာလာအောင်သည် မွန်ဂိုလီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်းကြီး (AACC) ၏ ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားသို့ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် online မှတစ်ဆင့် ပါဝင်တက်ရောက်သည်။
Jun 06, 2023
မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ -၂ ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားသည်။
Jun 06, 2023
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်သည့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၁)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရတနာခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Jun 06, 2023
ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါသယံဇာတထိန်းသိမ်းရေး သုတေသနနှင့် နည်းပညာဖလှယ်ရေး ပူးပေါင်းအဖွဲ့ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ အတည်ပြု သတ်မှတ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 06, 2023
နိုင်ငံတော်အစိုးရသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းများကို အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင် ဝင်းတို့သည် ဇွန် ၄ ရက် မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်နှင့် မအူပင်မြို့နယ်အတွင်းရှိ ဝါဝါဝင်း စိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့ သွားရောက်ပြီး သားငါးထုတ်လုပ်တင်ပို့ရောင်းချမှု အခြေအနေများကို ကြည့်ရှုအားပေးကြသည်။
Jun 06, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်အား ဇွန် ၂ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
Jun 06, 2023
ဥပဒေဘာသာပြန်ကော်မရှင် လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
