Jan 31, 2023
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့တို့ ပူးပေါင်း၍ ငွေကြေးခဝါချမှု အန္တရာယ်များကို နားလည်သိရှိစေရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ကြသည်။
Jan 31, 2023
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပသည့် ရွှေပြည်သာ အားကစား ကွင်းသို့ရောက်ရှိပြီး ဘက်စုံအသုံးပြုနိုင်သည့် မီတာ ၄၀၀ (Synthetic)ပြေးလမ်းပါ ဘက်စုံသုံးအားကစားကွင်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ရန်အတွက် မြေနေရာတိုင်းတာခြင်းလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားပြီး လဟယ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားအထောက် အကူပြုပစ္စည်းများကို နာဂဒေသကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးရုံးသို့ ထောက်ပံ့ပေးအပ်သည်။
Jan 31, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီ တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ တွေ့ဆုံသည်။
Jan 31, 2023
ကျေးရွာ၏ ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ဝင်ငွေမြင့်မားလာမှသာ ကျေးရွာများ အမှန်တကယ် ပြောင်းလဲတိုးတက်လာမည်ဖြစ်၍ လက်ရှိလုပ်ကိုင်နေသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခိုင်မာအားကောင်းသည့် စီးပွားရေးအသင်းအဖွဲ့ပုံစံဖြင့် စုပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ယနေ့ညနေပိုင်းက နေပြည်တော်ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စုနှင့် ဇလောင်းကျေးရွာအုပ်စုများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ၌ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။
Jan 31, 2023
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုဖြစ်သည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်း ဒုတိယနေ့ အစီအစဉ်များကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မြနန်းဘုံစံ ရတနာပုံခန်းမ၌ Virtual စနစ်ဖြင့် ဆက်လက်ကျင်းပသည်။
Jan 31, 2023
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ပြည်ထောင်စုသားအားလုံး၏ စုစည်းညီညွတ်မှု စွမ်းပကားဖြင့် နိုင်ငံတော်ကို စောင့်ရှောက်ကာကွယ်ခဲ့ကြသလို နိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲတိုးတက်ရေးအတွက်လည်း လက်တွဲကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများအားလုံး စည်းလုံးညီညွတ်ခဲ့ကြမှုကို အခိုင်အမာ သက်သေထူနိုင်ခဲ့သဖြင့် ဆုံးရှုံးခဲ့သည့်လွတ်လပ်ရေး ပြန်လည်ရရှိလာခဲ့သည်။
Jan 31, 2023
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၂၅ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများအနက် အခြေခံပညာအလယ်တန်းနှင့် ၎င်းအဆင့်အောက် ပညာမသင် ကြားခဲ့ရသူဦးရေ ၁၈ သန်းကျော်ရှိနေသည်။ နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ ပညာရည် အဆင့်အတန်း အလယ်တန်းအဆင့်နှင့် အောက်တွင်သာ တတ်မြောက်ထားကြသည့် အခြေအနေဖြစ်သည်။
Jan 30, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
Jan 30, 2023
ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဉက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရဘိဝံသနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယဉက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ တို့ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စေတနာရှင်၊ အလှူရှင်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
Jan 30, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jan 30, 2023
တပ်မတော်တွင်ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ ဒုတိယအကြိမ်တွင်အသည်းအစားထိုး လူနာ ၃ ဦးအား ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်။
Jan 30, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန်ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိသည်။
Jan 30, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။
Jan 30, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည့် ယနေ့တွင် လပွတ္တာမြို့နယ်အတွင်း ရှိကျေးရွာများမှ ဒေသခံပြည်သူ ၁၉၁၀ ဦးအား ၎င်းမြို့ရှိ ဦးဟိုက်ပင့်တံတား ဆိပ်ကမ်း၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Jan 30, 2023
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင်ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင် ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။
Jan 30, 2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၉ ရက် ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၃၄ မိုင်ခန့်အကွာ၌ ရေဝင်နစ်မြုပ်နေသည့်ရွှေနဒီ - ၁၁၇ အမည်ရှိ ကမ်းနီးငါးကဲ့လှေ ၁ စီးအားတွေ့ရှိခဲ့သည်။
Jan 30, 2023
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အနီး ဒေသခံတောင်သူများ ပိုင်ဆိုင်သည့် ရော်ဘာစိုက်ခင်းများနှင့် မန်ဂျန်ရှားစိုက်ခင်းများအား PDF အမည်ခံ အကြမ်းဖက်သမားများက ဆင်ခြင်တုံတရားမဲ့စွာ အကြောင်းမဲ့မီးရှို့ခဲ့ကြောင်း သိရှိရသည်။
Jan 30, 2023
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ကြောင်း သိရှိရသည်။
