Skip to main content

Nov 10, 2022

နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ခု အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် အတူ နိုင်ငံကျော်တေးသံရှင်များ၊ မြန်မာ့အသံမှ တေးသံရှင်များက နေပြည်တော်ရှိ ဝန်ကြီးဌာန များသို့ လှည့်လည်ဖျော်ဖြေလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2022

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါး ဆာဂီးအ်ဗစ်ရှ် ရှာတီရော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး မစ္စတာ အလက် ဇန်းဒါး ဆာဂီးအ်ဗစ်ရှ် ရှာတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၈ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ (၁) ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2022

နိုင်ငံ၏သဘောသဘာဝ ပကတိအနေအထားနှင့် ပထဝီနိုင်ငံရေးအနေအထားများအရ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများကြား၌ အရေးပါသည့်နိုင်ငံအဖြစ် ရပ်တည်နေသည်ကို တွေ့ရမည်ဖြစ်သည်။ သမိုင်းကြောင်း တစ်လျှောက်တွင်လည်း မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိုအကြောင်းပြု၍ အရေးကြီးသည့်ကိစ္စများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့သောအခြေအနေများရှိသည်ဖြစ်စေ မြန်မာနိုင်ငံသည် စည်းလုံးညီညွတ်မှုစွမ်းပကားများဖြင့် ဟန့်တားနှောင့်ယှက်မှုများ၊ အဖျက်အန္တရာယ်များကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့ပေသည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်တွင် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး”ဟူသော လူမှုရေးဦးတည်ချက် တစ်ရပ်ပါဝင်သည်။ မိမိတို့နိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းအရ အသက် ၂၅ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများတွင် အလယ်တန်း အဆင့်နှင့် ၎င်းအဆင့်၏အောက် ပညာအရည်အချင်းမျှသာရှိသူ စုစုပေါင်း ၁၈ ဒသမ ၂ သန်း ခန့်ရှိနေရာ နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိနေသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးသည် အဓိကအရေးပါသည့်အလျောက် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ NGO (ASELF Tot Health) အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2022

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2022

ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် (၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီအစည်းအဝေး အစီအစဉ်အရ ယနေ့မွန်းလွဲပိုင်းတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီဝန်ကြီးများနှင့် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့်သစ်‌တောဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေးကို Virtual Format ဖြင့်ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများ အား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန် ဆောင်ရွက်လျက်ရှိပြီး (၈-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၉၄၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၀) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၇) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2022

ဆင်းကတ်များမှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်/ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက်မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များကို

ဆက်လက်ဖတ်ရှုရန်

Nov 09, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၀.၁၂.၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၆၆/၂၀၂၁ ဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကို

ဆက်လက်ဖတ်ရှုရန်

Nov 09, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၀.၁၂.၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၆၆/၂၀၂၁ ဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို

ဆက်လက်ဖတ်ရှုရန်

Nov 09, 2022

တတိယအကြိမ် အာဆီယံ-တရုတ် ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲ (3rd ASEAN-China Friendship and Cooperation Short Video Contest) သို့ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ MITV မှ မြန်မာနိုင်ငံကိုယ်စားပြု၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ သဗ္ဗညုဘုရားကြီးအား တရုတ်နိုင်ငံအထောက်အပံ့ဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေပုံအကြောင်း ၅ မိနစ်ကြာ အစီအစဉ်အားပေးပို့ယှဉ်ပြိုင်ခဲ့ရာ ပထမဆု(Gold Medal)အဖြစ် ရွေးချယ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ်(၃၀/၁)၊ အမှတ်(၄)လမ်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်း စစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားမဝင်သယ်ဆောင်လာသော ကျွန်းတံခါးချပ်နှင့် ကျွန်းပြတင်းတံခါးများ သုညဒသမ ၈၀၅၈ တန်(ခန့်မှန်းတန်ဖိုးငွေ ၅၃၁၈၂၈ကျပ်)နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် Isuzu အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၁၅၅၃၁၈၂၈ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2022

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ဒက္ခိဏ သီရိမြို့နယ် တောင်ဝိုင်းကြီး နေလသိဒ္ဓိဆုတောင်းပြည့်စေတီတော်၌ ကျင်းပရာ ဒက္ခိဏသီရိမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ဆက်လက်ဖတ်ရှုရန်