Aug 20, 2022
နယ်စပ်ဒေသအသီးသီးနှင့် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းသို့ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း အသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။
Aug 20, 2022
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
Aug 20, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Aug 20, 2022
ရန်ကုန်တိုင်းဒေသကြီး ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွှန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက်ကြသည်။
Aug 20, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ကုမ္ပဏီတစ်ခုဖြင့် Testkit ၆၀၀ တင်သွင်းခဲ့ကြောင်း သိရသည်။
Aug 20, 2022
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထက် အခြေခံ ပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 20, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Aug 20, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားခဲ့သည်များကို ထပ်ဆင့်မှာကြားရှင်းလင်းခြင်းကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 20, 2022
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၄ / ၂၀၂၂ ) သင်တန်း ဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် စစ်ကြောရေးနှင့် တည်းခိုရေးတပ် (ရွာတော်) ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
Aug 20, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့နယ်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ရေများပြန်လည်ကျ ဆင်းသွားပြီဖြစ်သဖြင့် ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် သုံးခွမြို့နယ် ကတုံးပေါ်အလယ်ကျေးရွာအုပ်စုရှိ နေအိမ်များနှင့် စာသင် ကျောင်းများ၌ လိုအပ်သည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာမြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် ရေဘေးသင့် ပြည်သူများအား စားသောက် ဖွယ်ရာများ သွားရောက် ထောက်ပံ့ပေးအပ်ကြသည်။
Aug 20, 2022
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေးနှင့် ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းတို့သည် ဩဂုတ် ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC- The Association of Asian Constitutional Courts and Equivalent Institutions) ၏ (၅)ကြိမ်မြောက်ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ အွန်လိုင်းမှတစ်ဆင့် တက်ရောက်သည်။
Aug 20, 2022
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၁၈ ရက်က ထုတ်ပြန် ကြေညာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်း အနီးတွင် လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေမှု၊ အဆိုပါလေပွေလှိုင်းသည် ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသော လေဖိအား နည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ရောက်ရှိလာသည်။
Aug 20, 2022
မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ နိုင်ငံတကာတွင်ပျံ့နှံ့နေသောသတင်းများက ပြည်တွင်း၌ ပကတိဖြစ်ပေါ်နေသော အခြေအနေမှန်များနှင့် ကွဲလွဲနေကြသည်။ တစ်ခါတစ်ရံတွင် လုံးဝမှားယွင်းနေတတ်ပြီး အချို့မှာရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်လိုက်သည့် သတင်းအမှားများဖြစ်သည်။ နိုင်ငံတကာတွင်ထင်ရှားသည့် သတင်းဌာနများ၊ အရှိန်အဝါကြီးသည့် သတင်းဌာနများကရယူသည့် မြန်မာပြည်တွင်းမှသတင်းအရင်းအမြစ်များမှာ အကြမ်းဖက်အုပ်စုများနှင့် ယင်းတို့၏အဆက်အနွှယ်များထံမှ တစ်ဖက်တည်းရယူနေခြင်းသာဖြစ်ပြီး အထောက်အထား သက်သေသာဓကများ၊ စာရင်းဇယားအချက်အလက်များ ခိုင်ခိုင်မာမာဖြင့် ပုံမှန်ထုတ်ပြန်ပေးလျက်ရှိသည့် သတင်းထုတ်ပြန်ရေးအဖွဲ့၏သတင်းများကိုရယူပြီး အမှန်နှင့်နီးစပ်အောင် ချိန်ထိုးစဉ်းစားခြင်း၊ မျှတစွာရေးသားခြင်း အလျှင်းမရှိသည်ကိုလည်း တွေ့ရှိနိုင်သည်။
Aug 19, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Aug 19, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် သည်ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြိတ်မြို့၊ ကလွင်ရေပုန်းရပ်ကွက်ရှိ ကက်သလစ်ခရစ်ယာန်ပရဟိတဂေဟာ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/သူ များကို တွေ့ဆုံအားပေးစကားပြောကြားသည်။
Aug 19, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးမျိုးသန့်မျိုးပွား စိုက်ကွင်းများကို ကြည့်ရှုစစ်ဆေးသည်။
