Jan 10, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်လာရောက်ခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံအကြား အပြုသဘောဆောင်သည့် ကောင်းသောအကျိုး ရလဒ်များကို ဆောင်ကြဉ်းခဲ့သည်။
Jan 10, 2022
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်ကြိုးများ သွယ်တန်းမှု စနစ်တကျဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်က ကျင်းပခဲ့သည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ ပါဝင်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့၏ ဦးဆောင်မှုဖြင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
Jan 09, 2022
မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ် (ယွမ်) ငွေစာရင်း (Account) ဖွင့်လှစ်၍ ငွေပေးချေမှုဆောင်ရွက်ရန် ကိစ္စနှင့်ပတ်သက်ပြီး Bank of China, Industrial and Commercial Bank of China (ICBC) ဘဏ်တို့မှ ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးမြို့ Pullman Mandalay Mingalar ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
Jan 09, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦး Jang Phang နော်တောင်၊ ဦးရွှေကြိမ်း၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကြိုဆိုကြသည်။
Jan 09, 2022
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့၊ မြို့နယ်စည်ပင်သာယာရေးရုံးအရှေ့၌ အကြမ်းဖက်သမားတစ်ဦး လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့ပြီး ၎င်းထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၉-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Jan 09, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Jan 09, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်များတွင် ဧရာဝတီတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့မှ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကိုးဆူ စစ်ဆေးရေးဂိတ်နှင့် ရေကြည်မြို့နယ်၊ မိဿလင် ကျေးရွာအနီးတို့တွင် တရားမဝင်သစ်များ သယ်ဆောင်လာကြောင်း သတင်းအရ ပိတ်ဆို့စစ်ဆေးခဲ့ရာ ကျွန်းသစ်(၅၃)တန်နှင့် ပျဉ်းကတိုးသစ်(၈)တန်၊ စုစုပေါင်း သစ်ခွဲသား (၆၁)တန်ခန့်ကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
Jan 09, 2022
ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ပြီးစီးသည့် မြို့နယ်အလိုက် မြို့(၁၃) မြို့ကို ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ယနေ့မွန်းလွဲ(၂) နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
Jan 09, 2022
စိုက်ပျိုးမွေးမြူရေး စနစ်ဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန် လိုအပ်သည့်နည်းတူ သက်ဆိုင်ရာဒေသ၏ ထူးခြားသော ဝိသေသလက္ခဏာများ ပါဝင်သည့် လယ်ယာစီးပွား အခြေခံသော စီးပွားရေးဇုံများ ပေါ်ထွန်းလာရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးလာစေရေး ကြိုးပမ်းကြစေလိုကြောင်း ဇန်နဝါရီ (၈)ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခေမရဌ် ဧည့်ရိပ်သာတွင် ပြည်နယ်နှင့် ခရိုင် အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
Jan 09, 2022
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇန်နဝါရီ (၇) ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ငွေရည်ပုလဲကုမ္ပဏီလိမိတက်၏ Crown ဘိလပ်မြေစက်ရုံသို့ ရောက်ရှိပြီး ဘိလပ်မြေထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
Jan 09, 2022
ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covaxin တစ်သန်း လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အရေးကြီးပုဂ္ဂိုလ် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
Jan 09, 2022
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၂၇)ရပ်ကွက်၊ Sport Complex အတွင်း ဘဲတန်းချောင်း၏ ကောက်ကွေ့သည့် ချောင်းလမ်းကြောင်း တစ်ဖြောင့်တည်းဖြစ်စေရန် တူးဖော်ဖောက်လုပ် ပြီးစီးသဖြင့် Excavator ယန္တရားယာဉ်ဖြင့် ချောင်းကမ်းနံရံများ မြေညှိနေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
Jan 09, 2022
မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးမြို့၊ Pullman Mandalay Mingalar Hotel သဇင်ခန်းမ၌ ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 09, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ဇန်နဝါရီ ၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၉၉ ဦး၊ အမျိုး သမီး ၈၀ ဦး၊ စုစုပေါင်း ၁၇၉ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၂၇ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၁၇ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၆ ဦးနှင့် အမျိုးသမီး ၉၂ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံ ခဲ့ကြသည်။
Jan 09, 2022
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Jan 09, 2022
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အမရပူရမြို့နယ်ရှိ နတ်ရေကန်ငါးလုပ်ငန်းစခန်းကို ကြည့်ရှုစစ်ဆေးသည်။
Jan 09, 2022
ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်မည့် (၇၄) နှစ်မြောက် ကချင်ပြည်နယ် နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်(အထက်မြန်မာပြည်)တို့ ပူးပေါင်း ကျင်းပသည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် မျိုးဆက်သစ်ပြိုင် ပွဲများကို ယနေ့တွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
Jan 09, 2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာ အဆောက်အအုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး၌ ပြုလုပ်ရာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
Jan 09, 2022
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Jan 09, 2022
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ငါးမွေးမြူရေးဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို မန္တလေးမြို့ရှိ ရေချိုငါးမွေးမြူရေး သုတေသနနှင့်တိုးချဲ့ ပညာပေးရေး ဗဟိုဌာနတွင် ဇန်နဝါရီ၅ ရက်က ကျင်းပသည်။
