Skip to main content

Jan 09, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန သည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့ တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ(မိန်းမဝတ်၊ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင် သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်(၈)ခု၊ အပတ်စဉ်တစ်ခုလျှင် (၆)ပတ်ကြာ သင်ကြားပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2022

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသ များတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိက ပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် တာဝါတိုင်များအား မိုင်းခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2022

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် နယ်မြေဖြစ်သည့် သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်း စက်ဘီးစီးပွဲတော်ကျင်းပခြင်းဖြစ်၍ ပြိုင်ပွဲအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍ အဆိုပါ အပျော်တမ်းစက်ဘီးစီး ပွဲတော်ကို ကျင်းပရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2022

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုစည်းတည်ဆောက်ထားသည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ တိုင်းရင်းသားပြည်သူများလိုလားသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမို ကရေစီစနစ်ကို တည်ဆောက်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်အဝ ကျင့်သုံးပြီး ဒီမိုကရေစီဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2022

မြန်မာနိုင်ငံသည် အာဆီယံအလုပ်သမားဈေးကွက်တွင် အလုပ်သမားဦးရေအများဆုံး ပို့လွှတ် နေသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ အများဆုံး သွားရောက်ကြသည့် နိုင်ငံများတွင် ထိုင်းသို့ ၇ဝရာခိုင်နှုန်း၊ မလေးရှားသို့ ၁၅ ရာခိုင်နှုန်းနှင့် စင်ကာပူ၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့သို့ ၁၅ ရာခိုင်နှုန်း သွားရောက် ကြသည်။ သို့ရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်းမှာ အခြေခံပညာအလယ်တန်းအဆင့်သာ ရှိကြပြီး လုပ်ငန်း ကျွမ်းကျင်မှုလည်း မရှိသလောက် နည်းပါးကြသည့်အတွက် အဆင့်နိမ့်အလုပ်အကိုင် များကိုသာ လုပ်ကြရသည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ ပြည်တော်သာ ကျောင်းတိုက်ဆရာတော် ဦးဇဝန က ၎င်း၏မွေးနေ့ပွဲပြုလုပ်မှုအား Ashin Zawana Facebook Account ၌ ရုပ်သံဖိုင် Live လွှင့်ခဲ့ပါသည်။ ၎င်းရုပ်သံဖိုင်တွင် ဦးဇဝနသည် သာမန်လူပုဂ္ဂိုလ် များကဲ့သို့ မွေးနေ့အား ကျင်းပပြုလုပ်ခဲ့သည့်အပြင် ၎င်းကို ကိုးကွယ်သူများက နမ်းခြင်း၊ မွေးနေ့သီချင်းများသီဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း၊

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ထုတ်ပြန်ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ရက်ရက်စက်စ

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

PDFအမည်ခံအကြမ်းဖက်သမားများအနေဖြင့် အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည် မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော ပညာရေးဆိုင်ရာရုံး/ဌာနများနှင့် စာသင်ကျောင်း များကို မိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲ ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ (၃၆)လမ်းရှိ မြို့နယ်ပညာရေးမှူးရုံးအား ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသုံးအဆောင် ပစ္စည်းအချို့ ပျက်စီးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနနှင့် ပညာပေးလုပ်ငန်းသည် အရေးပါသော ကဏ္ဍတစ်ရပ်မှ ပါဝင်ကြောင်း၊ ဒေသနှင့်ကိုက်ညီသောသီးနှံများ ရွေးချယ်စိုက်ပျိုး ထုတ်လုပ်ရေးတွင် စိုက်ပျိုးရေခြွေတာနိုင်ရေး၊ မြေဆီလွှာထိန်းသိမ်းရေးနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး စသည့်လုပ်ငန်းများတွင် စရိတ်သက်သာပြီး အကျိုးရှိ ထိရောက်သော နည်းပညာများ ရှာဖွေဖော်ထုတ် ဖြန့်ဖြူးပေးခြင်းလုပ်ငန်းများကို စိုက်ပျိုးပညာပေးစခန်းများ အနေဖြင့် အားစိုက်ဆောင်ရွက်ကြစေလိုကြောင်း ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့နယ် လွိုင်မွေခြံ စိုက်ပျိုးပညာပေးစခန်း၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင် မြင့် သည် ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ နယ်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဘာသာရေး ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဟဲဟိုးမြို့နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဖက်စပ်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းဖြစ်သည့် အသီးအရွက်များကို အခြောက်ခံ၍ ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိသော Myanmar Belle Shin- Shin Foods Co.,Ltd. သို့ သွားရောက် ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားလျက်ရှိသော မာရဝိဇယ ဘူမိဖဿ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များအဖြစ် ရေးထိုးထွင်းထု ပူဇော်မည့် ပိဋကသုံးပုံ ပါဠိတော်ကို Roman အက္ခရာဖြင့် ပြောင်းလဲရေးသား ထားမှုအား စိစစ် တည်းဖြတ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ Seminar Hall ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပြီး ဇန်နဝါရီ ၆ ရက်တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအနီး စစ်တွေ-အမ်း ကားလမ်းတွင် တရားမဝင်သစ်များ သယ်ဆောင်လာကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးရာ ယာဉ်(၂)စီးပေါ်မှ တောင်သရက်ခွဲသား (၄ ဒသမ ၂၇)တန်အား စစ်ဆေးတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှတင်သွင်းရာ ကုမ္ပဏီ (၁) ခုမှ ယာဉ်စီးရေ (၃) စီးဖြင့် နှာခေါင်းစည်း (Mask) (၂၂) တန် တင်သွင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ် (ယွမ်) ငွေစာရင်း (Account) ဖွင့်လှစ်၍ ငွေပေးချေမှုဆောင်ရွက်ရန်ကိစ္စနှင့်ပတ်သက်ပြီး Bank of China, Industrial and Commercial Bank of China (ICBC) ဘဏ်တို့မှ ရှင်းလင်းဆွေးနွေးပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးမြို့၊ Pullman Mandalay Mingalar ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

အာရှဒေသ သဘာဝအခြေခံခရီးသွားလုပ်ငန်းကွန်ရက်မှ ကြီးမှုး၍ နိုင်ငံတကာ သဘာဝ အခြေခံခရီးသွားလုပ်ငန်း နှစ် (၂၀) ပြည့် အထိမ်းအမှတ်အခမ်းအနား၊ အာရှ-ပစိဖိတ် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ထိပ်သီးညီလာခံ -၂၀၂၂ ကို ယနေ့တွင် Virtual စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် Keynote Speaker အဖြစ် ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၊ ရွှေစည်းခုံဘုရားကြီးရှိ ချူအင်လိုင်းနားနေဆောင် အဆင့် မြှင့်တင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ချူအင်လိုင်း တန်ဆောင်း၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

အမျိုးသားအပင်မျိုးသစ်အကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ တတိယအကြိမ် အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်း အဝေးသို့ အမျိုးသားအပင်မျိုးသစ်အကာအကွယ်ပေးရေး ဆိုင်ရာဗဟို ကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဗဟိုကော်မတီဝင်များစုံညီစွာ တက်ရောက် ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်