Skip to main content

Aug 09, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ် လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်၊ ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ ၅၂ ခု

ဆက်လက်ဖတ်ရှုရန်

Aug 09, 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၂ သန်းအနက် ဒုတိယအသုတ်အဖြစ် တင်ဆောင်လာသော ကာကွယ် ဆေး ၁ သန်းသည် Air China လေယာဉ်ဖြင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2021

၁၉၆၇ခုနှစ် သြဂုတ်လ၈ရက်နေ့တွင် စတင်တည်ထောင်ခဲ့သောအရှေ့တောင်အာရှနိုင်ငံ များအသင်း (အာဆီယံ) သည် ယခုအခါ (၅၄) နှစ်မြောက် နှစ်ပတ်လည်အခါသမယ သို့ရောက်ရှိလာပြီဖြစ်သည်။ ရာစုနှစ်တစ်ဝက်ကျော်ကြာမြင့်လာပြီဖြစ်သော အာဆီယံ အသင်းကြီးတွင် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံတို့သည် “မတူကွဲပြားသော စည်းလုံးညီညွတ်မှု” ဟူသည့် အာဆီယံ၏ဝိသေသလက္ခဏာကို ထိန်းသိမ်းရန်အတွက် အဖွဲ့ဝင်နိုင်ငံအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 09, 2021

တည်ဆောက်ရေး အနာဂတ်ဆီသို့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် လွတ်လပ်သော၊ သန့်ရှင်းသော၊ တရားမျှတသော ရွေးကောက်ပွဲတစ်ခု မဖြစ်ခဲ့။ အာဏာရအစိုးရနှင့် ပါတီတို့က ရွေးကောက်ပွဲကော်မရှင် အဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ မဲစာရင်းကောက်ယူခြင်း၊ မဲဆွယ် စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးခြင်းစသည့် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တို့၌ အာဏာရပါတီ က အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုကာ ဝင်ရောက်စွက်ဖက် မှု၊ မလျော်သြဇာသုံး၍ မသမာမှုများ ပြုလုပ်ခဲ့ကြောင်းကို သက်သေသက္ကာယများနှင့်အတူ စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2021

(၇-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၈-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၂၆၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၀၂၇)ဦးတွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၂၅၇,၅၈၉)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၃၂၉,၅၁၆) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2021

နိုင်ငံတော်အစိုးအရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အင်တိုက်အားတိုက် ဆောင်ရွက်နေသည့် ကာလအတွင်း တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို လစဉ် တိုးမြှင့်ရပ်ဆိုင်းပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2021

ကျောက်တံတားမြို့နယ်ထဲမှာ အသက် ၆၅ နှစ်နဲ့အထက် ကာကွယ် ဆေးထိုးရမယ့်သူ ၂၈၈၅ ဦးရှိပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးက ညွှန်ကြားချက် အတိုင်း မြို့နယ်ထဲကရပ်ကွက်တွေမှာရှိတဲ့လုံးဝဆေးမထိုးရသေးတဲ့ အသက် ၆၅ နှစ်နဲ့အထက် ကာကွယ်ဆေးထိုးဖို့ လျာထားတဲ့ သက်ကြီး ရွယ်အိုစာရင်းနဲ့ ဆေးထိုးမယ့်နေရာကိုကြည့်ပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကို အကြောင်းကြားပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ကနေ သက်ကြီးရွယ်အိုတွေကို စုစည်းပြီး ဆေးထိုးရမယ့်နေ ရာကိုခေါ် လာပါတယ်။ ကြိုတင်စာရင်းပြုစုထားပြီးသားမို့ ဆေးထိုးဖို့လာတဲ့ သူတွေကို စာရင်းနဲ့ပြန်တိုက်စိစစ်ပြီး ဆေးထိုးနှံပေးပါတယ်။ ဆေးထိုး နှံချင်သူကများတော့ ဆေးကတော့မလောက်ဘူးပေါ့။ စတင်ထိုးနှံတဲ့ ဩဂုတ် ၁ ရက်(ပထမအကြိမ်)ကဆိုရင် အမှတ်(၁)ရပ်ကွက်အတွက် အသက် ၆၅ နှစ်နဲ့ အထက် ကာကွယ်ဆေးထိုး ဖို့လျာထားဦးရေ ၃၀ ကိုခေါ်တဲ့အခါမှာ ကျန်းမာရေးအခြေအနေအရမထိုးနိုင်တာကြောင့် နဲ့ ကျွန်တော်တို့လည်း ဆေးထုတ်ယူတာကြောင့် အဲဒီပထမနေ့မှာ သက်ကြီးရွယ်အို ၁၄ ဦးကိုပဲ ဆေးထိုးနှံနိုင်ခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးနှင့် ပစ္စည်းများကို လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည် ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူ

ဆက်လက်ဖတ်ရှုရန်

Aug 08, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ် ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၆ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၁၉၅ ဦး၊ အမျိုးသမီး ၁၉၅ ဦး၊ စုစုပေါင်း ၃၉၀ ဦး တို့ကိုလည်းကောင်း၊ ချင်းရွှေဟော်မြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၂၀ ဦး တို့ကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၉၁ ဦး၊ စုစုပေါင်း ၂၀၃ ဦးတို့ကို လည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကုသရေးဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှု ကြောင့် ထပ်မံဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကုသရေး ဌာန (ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သောအဖွဲ့က သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကုသရေးဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှု ကြောင့် ထပ်မံဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကုသရေး ဌာန (ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သောအဖွဲ့က သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 08, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်