Skip to main content

Jul 25, 2021

လက်ရှိအချိန်အခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာပေါ်ရှိပြည်သူများ စိုးရိမ်သောက ရောက်နေကြသည်။ ချမ်းသာကြွယ်ဝ ဖွံ့ဖြိုးသောနိုင်ငံများအဖို့ ကပ်ရောဂါကို ရင်ဆိုင်နိုင်စွမ်းရှိကြသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၊ မဖွံ့ဖြိုးသောနိုင်ငံများတွင် ကပ်ရောဂါကို အလူးအလဲရင်ဆိုင်တွေ့ကြုံရုန်းကန်နေရသည်။ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်ပြီး ကပ်ရောဂါဆိုးကို ပြည်သူများရော အစိုးရကပါ ရုန်းကန်လှုပ်ရှားရင်ဆိုင်နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2021

ကြိုတင်ပြင်ဆင်ခြင်းဖြင့် ကာကွယ်ဆိုးရွားပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်နေသည်ကို နိုင်ငံတကာ သတင်းများတွင် တွေ့မြင်ရသည်။ တရုတ်နှင့် အိန္ဒိယအပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများသာမက ဖြစ်တောင့်ဖြစ်ခဲ့ ဥရောပနိုင်ငံအချို့တွင်ပါ ရေကြီးမြေပြိုမှုသဘာဝဘေးများ ကျရောက်ခဲ့ပြီး ပုံမှန်မဟုတ်သော ရာသီဥတုဖောက်ပြန်မှု သတင်းများကို တွေ့မြင်ကြားသိ ရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

ရန်ကုန်မြို့ပေါ်တွင် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါရှာဖွေရေး/ကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး (Zoom Meeting) ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန COVID-19 Command Center ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံး အောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေး စခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

ပြည်သူလူထုအတွက် လိုအပ်လျက်ရှိသော ဆေးဝါးများ ဈေးကွက်အတွင်း မပြတ်လပ်စေ ရေးနှင့် ဆေးဝါးများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ Online Meeting စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင် အိုးများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့ လှူဒါန်းပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်း မှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရဲလွင်မောင်အား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဇူလိုင် ၂၁ ရက်က တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

အင်းစိန်အကျဉ်းထောင်တွင် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ဆူပူမှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ မီဒီယာများ၏မေးမြန်းချက်ကို အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော် က ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၃-၇-၂၁၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၂၁၇ / ၂၁၁ ဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိအား တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဗဟိုမှ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့်လည်း စိုးရိမ်လွန်ကဲမှုမဖြစ်စေရန် အသိသတိဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ ရောဂါလက္ခဏာဖြစ်ပေါ် လာသူများအနေဖြင့် ဒေသန္တရဆေးခန်း၊ ဆေးပေးခန်းများရှိ ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာ ဆေးရုံများ၊ စောင့်ကြည့်လူနာ လက်ခံစင်တာများ၊ အတည်ပြုလူနာလက်ခံစင်တာများသို့ သွားရောက်ပြသကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

ကိုဗစ်-၁၉ ကပ်ရောဂါမှာ တစ်ကမ္ဘာလုံး အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ တွင်လည်း ကိုဗစ်-၁၉ ရောဂါ အရှိန်အဟုန်ဖြင့်ဖြစ်ပွားလျက်ရှိရာ ပြည်သူများ ရောဂါ ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အပြင်းအထန်ရုန်းကန် ကြိုးစားနေကြသည်။ ကပ်ရောဂါ မှာ တစ်ကမ္ဘာလုံးကြုံတွေ့ နေရသော ပြဿနာ ဖြစ်ပေါ်နေရာမြန်မာနိုင်ငံအနေဖြင့်မူ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် နည်းပါးနေခြင်း အခက်အခဲပြဿနာများ အဓိက ရင်ဆိုင်နေရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှာ တစ်နေ့ပြီးတစ်နေ့ စံချိန်ချိုးနေသည့်နှယ် မြင့်တက်လျက် ရှိသည်။ ကူးစက်ရောဂါ၏ သဘော သဘာဝအရ မျိုးဗီဇပြောင်းလဲသည့် ရောဂါပိုးများ ပေါ်ပေါက်လာခြင်းနှင့် ပြည်သူများအတွင်း ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရသည့် အချိန်ကြာမြင့် လာသည်နှင့်အမျှ သတိလက်လွတ်၊ ပေါ့လျော့စွာ နေထိုင်ခဲ့ခြင်းတို့ကြောင့် ယနေ့ရင်ဆိုင် နေရသော အခြေအနေများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ အများပြည်သူ အလုပ်ပိတ်ရက်ရှည်များ သတ်မှတ်ကြေညာပေးခဲ့ခြင်း၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ကြေညာခြင်း၊ ပြည်သူလူထုအတွင်း ရပ်ကွက် ကျေးရွာများအရောက် အသိပညာပေးခြင်းအစီအစဉ်များနှင့်အတူ ပြည်သူများက လိုက်နာ နေထိုင်ကြခြင်းဖြင့် လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း ရောဂါကူးစက်မှုအရှိန် တန့်သွားကာ တဖြည်းဖြည်း ပြန်လည် ကျဆင်းသွားရမည်သာဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေဘဲ အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်း များနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2021

(၂၂-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃,၄၈၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅,၅၀၆) ဦးတွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိဓာတ်ခွဲ နမူနာစုစုပေါင်း (၃,၀၄၉,၁၆၃)ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၅၈,၈၇၀) ဦး ရှိပြီဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်