Skip to main content

Jun 12, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ဇွန် ၁၀ ရက် ညနေပိုင်းတွင် မွန်ပြည်နယ် သထုံမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ဇွန် ၁၁ ရက်မှ ၁၃ ရက်အထိ တရားဝင်ခရီးစဉ် လာရောက်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေးနှင့် ဇနီး သည် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) ရှိ ဘက်စုံသုံးခန်းမ၌ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများနှင့်ပတ်သက်၍ မသမာသူများ၏ လိမ်လည်လှည့်ဖြားမှုများအား သတိပြုရှောင်ကြဉ်နိုင်ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြေညာထားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

မြေဩဇာကော်မတီ၏ (၄၇) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ (Technology and Innovation Support Center-TISC) တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ -၂ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် နေပြည်တော်စာပေဝိုင်း၏ နာယကအဖွဲ့ဝင် စာရေးဆရာ ဦးကြည်သိန်း (ကဖိုးကျင်) ဦးဆောင်သည့် စာရေးဆရာ၊ ဆရာမကြီးများအား ယနေ့နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

ရန်ကုန်မြို့အခြေစိုက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးက ကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ရှိ Lotte Hotel ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

ပညာရေးကဏ္ဍတွင် အားနည်းချက်များရှိခဲ့သောကြောင့် နိုင်ငံအတွက် အားထားရမည့် ပညာတတ်နှင့် ကျွမ်းကျင်လူသားအရင်းအမြစ်များ လိုအပ်လျက်ရှိသည်။ ပညာတတ်နှင့် ကျွမ်းကျင်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝပါမှ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရင်းနှီးမြှုပ်နှံမှုများ အဆက်မပြတ် ဆောင်ရွက်ပေးပြီး ပညာတတ်များ ပေါများလာအောင် အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2026

နိုင်ငံ့ဝန်ထမ်းများဆိုသည်မှာ မည်သည့်အစိုးရလက်ထက်၊ မည်သို့မူဝါဒချမှတ်သည်ဖြစ်စေ အစိုးရ၏ မျှော်မှန်းချက်၊ မူဝါဒများနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်ဆောင်ရွက်ကြရသူများဖြစ်သည်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်သည့်အလျောက် နိုင်ငံ့ဝန်ထမ်းတစ်ဦးချင်းစီတိုင်း အရည်အသွေးမြင့်မားမည်၊ ကိုယ်ကျင့်တရားကောင်းမွန်မည်ဆိုပါက ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good Governance) အဖြစ် ဝန်ထမ်းအဖွဲ့အစည်းနှင့်တကွ နိုင်ငံတော်အစိုးရကိုပါ အများပြည်သူက ယုံကြည်လေးစားကြမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2026

ရန်ကုန်မြို့နှင့်မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jun 11, 2026

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ တိုင်းဒေသကြီး၊ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2026

နျူကလီးယား စွမ်းအင်အကောင်အထည်ဖော်ရေးလုပ်ငန်းအစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ ညွှန်ကြားချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည် ဖော်ဆောင်ရေးအဖွဲ့ (Nuclear Energy Programme Implementing Organization-NEPIO)၏ တာဝန်နှင့် ဝတ္တရားများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လီဆူ၊ ကယန်း၊ ကရင်ဖြူ၊ လိုင်ချင်း၊ အရှိုချင်း၊ ဒါးရင်ဒူး၊ မွန်၊ ရခိုင်၊ သျှမ်းနှင့် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2026

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၌ ကောက်စိုက်စက်ဖြင့် ရေဆင်းပေါ်ဆန်း(၁)စပါး(၇) စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လက်ပံလုံးလအုပ်စု ကွင်းအမှတ် ၉၅၇ (ခ) တောင်သူဦးသန်းဇော်၏ လယ်မြေခုနစ်ဧကတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။ သဲကုန်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသော ဒေသခံတောင်သူများအနေဖြင့် မိုးစပါးစိုက်ဧကများကို မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုး​ခြင်း၊ ကောက်စိုက်စက်/လက်ဆွဲ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းနည်းစနစ်များဖြင့် မိုးစပါးစုစုပေါင်း ဧက ၈၂၆၁၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များအား ကွင်းသရုပ်ပြသခြင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပံ့ပိုးပေးခြင်း၊ သဘာဝမြေသြဇာပြုလုပ်နည်းများ သရုပ်ပြသခြင်း၊ သွင်းအားစုဓာတ်မြေသြဇာများကို သက်သာသောစျေးနှုန်းဖြင့် တောင်သူများအား ဖြန့်ဖြူးပေး ခြင်း၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးနည်းပညာများ လက်တွေ့ကွင်းဆင်းသရုပ်ပြသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2026

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2026

မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိ မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်အရ အရေးပေါ်အခြေအနေစီမံ ခန့်ခွဲမှုဗဟိုဌာနခွဲ(ရန်ကုန်) နည်းပညာဆိုင်ရာ ရုံးသုံးစက်ကိရိယာပစ္စည်း (Multi Large Display) တပ်ဆင်သည့် စီမံကိန်းပြီးမြောက် မှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2026

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ လက်လုပ်ချိန် ကိုက်မိုင်းထောင်ဖောက်ခွဲမှုခံရသည့် မြို့နယ်ဦးစီးမှူး ရုံးသို့သွားရောက်ကာ မြို့နယ်ရုံးအတွင်းရှိ ပြည်သူများနားနေဆောင်၌ ယာယီရုံးဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား နှုတ်ဆက်အားပေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ဖြည့်ဆည်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2026

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2026

နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြဋ္ဌာန်းကျင့်သုံးနေကြသည့် စည်ပင်သာယာရေး ဥပဒေများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ယနေ့မွန်းတည့် ၁၂ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်