Jun 12, 2026
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 12, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် တောင်သာဒေသတစ်ဝိုက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ မိုင်းခတ်ခရိုင်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်သားပြည်သူများက ဂုဏ်ပြုကြိုဆိုကြသည်။
Jun 12, 2026
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနေသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
Jun 12, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 12, 2026
The 5th China Media Group Forum သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့သို့ ရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့သည် ဇွန် ၉ ရက် တွင် ဖိုရမ်တက်ရောက်ရန် ရောက်ရှိနေသော နိုင်ငံတကာဧည့်သည်များနှင့်အတူ ချုံချင့်မြို့ Shapingba District Digitalized City Operation and Governance Center ကိုလည်းကောင်း၊ Chongqing International Logistics Hub Park ကိုလည်းကောင်း သွားရောက်ကြည့်ရှုလေ့လာပြီး Yongchuan (ယောင်းချွမ်) မြို့၌ ကျင်းပသော 2026 Chongqing International Animation Film Week ဖွင့်ပွဲသို့ တက်ရောက်သည်။
Jun 12, 2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ချမ်းမြသာစည်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြားမရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
Jun 12, 2026
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နေပြည်တော် သွားနှင့် ခံတွင်းရောဂါ အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင် ဦးဆောင်သော သွားနှင့် ခံတွင်းဆေးအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၂၅) ဥပဒေရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှု ထမ်းများအား သွားနှင့် ခံတွင်း ဆေးဝါးကုသမှု ဆောင်ရွက်ပေးသည်။
Jun 12, 2026
သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့် တိုးမြှင့်ခွင့်ပြု
Jun 12, 2026
ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့် တိုးမြှင့်ခွင့်ပြု
Jun 12, 2026
ဒီဇယ်ဆီတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ကာလ တိုးမြှင့်ခွင့်ပြု
Jun 12, 2026
တပ်မတော်အနေဖြင့် အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍများအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။
Jun 12, 2026
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျ ဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ် နယ်မြေအတွင်းရှိ တရားမဝင် သုံးထပ်လူနေအဆောက်အအုံ လေးလုံးကို ထပ်မံ၍ စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Jun 12, 2026
တပ်မတော်စစ်ကြောင်းများသည် ချောင်းဦးမြို့၏ တောင်ဘက်၊ ချောင်းဦး - ရေစကြိုသွား ကားလမ်းဘေးရှိ ငါးလုံးတင်ကျေးရွာအတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို အသေးစိတ်ဆက်လက်ဆောင်ရွက်ခဲ့ရာ ငါးလုံးတင်ရွာ၏ အရှေ့ဘက် မီတာ ၄၀၀ ခန့်အကွာ လယ်ကွင်းအတွင်းရှိ အဆောက်အအုံ၏ မြေအောက်တွင် အကြမ်းဖက်သောင်းကျန်းသူများ အခိုင်အမာဆောက်လုပ်ထားသည့် ကွန်ကရစ်မြေအောက်ဘန်ကာတစ်ခုအား တွေ့ရှိခဲ့ရသည်။
Jun 12, 2026
တပ်မတော်အနေဖြင့် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး - တမူးလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Jun 12, 2026
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ်အတွင်း ဓာတ်အားဆုံးရှုံးမှုများ သိသာစွာ လျော့ကျသွားစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးမေတ္တာရပ်ခံခြင်း
Jun 12, 2026
၁၃၂ ကေဗွီ မကွေး - တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်းကြိုးအား ဝန်အား (၂) ဆကျော်အထိ တိုးမြှင့်သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုးဖြင့် အစားထိုးလဲလှယ်
Jun 12, 2026
ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ယာယီဓာတ်အားပိတ်၍ ဆောင်ရွက်မည်
Jun 12, 2026
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 12, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
