Dec 28, 2020
ခရစ်တော်၏မွေးနေ့ကို အကြောင်းပြု၍ ဆင်နွှဲသည့် ခရစ္စမတ်ပွဲတော်ကို တစ်နိုင်ငံလုံးက အေးချမ်းစွာ ကျော်ဖြတ်ခဲ့ပြီ ဖြစ်ပါသည်။ မကြာမီ ရောက်လာတော့မည့် နှစ်သစ်ကူးကာလကိုလည်း ယခုကဲ့သို့ပင် အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ကြမည်ဟု မျှော်လင့်ယုံကြည်ပါသည်။ ငြိမ်းချမ်းပျော်ရွှင်ဖွယ်နှစ်သစ် ဖြစ်စေကြောင်းကိုလည်း ဆုတောင်းရပါသည်။
Dec 28, 2020
မြန်မာနိုင်ငံတွင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်း တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့မြင်လာရသည်။ အထူးသဖြင့် ရန်ကုန်မြို့၌ လူတစ်ထောင်ကျော် နေ့စဉ်ဖြစ်ပွားနေရာမှ လူသုံးရာကျော်အထိကျဆင်းလာသည်။ ရောဂါ ဖြစ်ပွားမှု လျော့ကျလာသည်နှင့်အတူ ရန်ကုန်မြို့ရှိ ကိုဗစ်စင်တာအချို့ကို အသင့်အနေအထားဖြင့် စတင်ရပ်နားခြင်း၊ နိုင်ငံအတွင်းရှိ မြို့နယ်အချို့မှ ရပ်ကွက်/ကျေးရွာအချို့ကို နေအိမ်တွင် နေထိုင်ရန်အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ပေးခြင်း စသည့်ဖြေလျှော့မှုများ ပြုလုပ် ပေးလာသည်မှာ ဝမ်းသာစရာဖြစ်သည်။
Dec 27, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၄၀) ဦးအား မြန်မာသံရုံး၊ ဒါကာမြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၄ ၄၅) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ ပါသည်။
Dec 27, 2020
“စာပေအနုပညာမူပိုင်ခွင့်နှင့်စာချုပ်များ အသိပညာပေးဆွေးနွေးပွဲ အပိုင်း (၃)” ဆွေးနွေးပွဲကို ယနေ့ည (၇) နာရီအချိန်က အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆရာ ချစ်ဦးညိုက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က အဖွင့်အမှာစကား ပြောကြားသည်။
Dec 27, 2020
(၂၆-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၆,၆၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၆၀၆) ဦး တွေ့ရှိရပါသည်။
Dec 27, 2020
(၂၆-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ (၇၃၄) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Dec 27, 2020
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ဇမ္ဗူတစ်ခွင်၌ ဂုဏ်ရောင်ထွန်းပြောင် သည့် လွတ်လပ် သော နိုင်ငံအဖြစ် နှစ်ပေါင်းထောင်ချီရပ်တည်ခဲ့သည်။ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ဖြင့် နှစ် ပေါင်း ရှည်လျား စွာ ဖြတ်သန်းခဲ့သော်လည်း ကိုယ့်အရှင်၊ ကိုယ့်သခင်နှင့်အတူ လွတ်လွတ် လပ်လပ် ကျေကျေ နပ်နပ် နေခဲ့ကြရသည်။ တစ်ရံတစ်ခါကာလ၌သာ တိုင်းတစ်ပါးမှ ကျူးကျော်မှု အချို့ရှိခဲ့ပြီး ကျူးကျော်လာ လျှင်လည်း ရဲရင့်ပြောင်မြောက်သော စုစည်းမှု အားဖြင့် တွန်းလှန်မောင်းထုတ်နိုင်ခဲ့သည်။ ။
Dec 27, 2020
မကောင်းမှုပြုရမည်ကို ရှက်ခြင်း၊ မကောင်းမှုပြုရမည်ကို ကြောက်ခြင်း ဟူသည် လောကကို စောင့်ရှောက်ခြင်းမည်၏။ ကောင်းမှုပြုခြင်းနှင့် မကောင်းမှုပြုခြင်းဆိုသည်ကို ဓမ္မနှင့် အဓမ္မ အနေဖြင့် ခွဲခြားသတ်မှတ် ကြ၏။
Dec 26, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၂၅)ဦးအား မြန်မာသံရုံး၊ မနီလာမြို့မှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်း လိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၈ ၀၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိ ခဲ့ကြပါသည်။
Dec 26, 2020
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံ ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။
Dec 26, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် Eastern States Agri-business Project (ESAP) စီမံကိန်းဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 26, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက် နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် ဆက်သွယ် မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
Dec 26, 2020
ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနသည် ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ကျရောက်သည့် ရန်ကုန် တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ်အဖြစ် “Floristic Study of Angiosperms in University of Yangon” စာအုပ်ကို ထုတ်ဝေခဲ့သည်။
Dec 26, 2020
ကိုဗစ်အလွန်ကာလတွင် ခရီးသွားများအား ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ မန္တလေးမြို့ ဦးပိန်တံတားနှင့် တောင်သမန်အင်းအရှေ့တောင်ဘက်ရှိ ရွာသစ် ကျေးရွာအနီးတွင် စက္ကူပန်းနန်းတော်အပန်းဖြေဥယျာဉ်ကို စက္ကူပန်း ပင်ပေါင်း တစ်သိန်းကျော်ဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ပန်းနန်းတော် ဥယျာဉ် မန်နေဂျာ ဦးစိုးဝင်းအောင်က ပြောသည်။
Dec 26, 2020
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင် လမ်းညွှန်မှု၊ Yangon Metropolitan Deve- lopment Public Co. Ltd နှင့် M.K.T Construction ကုမ္ပဏီလီမိတက်တို့မှ တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သော ပုဇွန် တောင်မြို့နယ် အမှတ်(၃)ရပ်ကွက် အောက် ပုဇွန်တောင်လမ်းမရှိ ပြည်တော်သစ် ပြည်သူ့ အိမ်ရာ အထပ်မြင့်အဆောက်အအုံဖွင့်ပွဲကို အဆိုပါ အဆောက်အအုံ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Dec 26, 2020
ပုဂံစွယ်တော်မြတ်စေတီတော်လေးဆူကို တစ်နေရာ တည်းမှ ဖူးမြော်ခွင့်ရမည့် နေရာတစ်ခုကို ပခုက္ကူမြို့ နယ်တွင် တွေ့ရှိထားပြီး View Point တစ်ခု အကောင် အထည်ဖော်နိုင်ရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး DMO (Destination Management Organization)အဖွဲ့က ဆွေးနွေးနေကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
Dec 26, 2020
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေတိမ်အင်း ဒေသများသို့ နှစ်စဉ် လာရောက်ကျက်စား လေ့ရှိသည့် ဆောင်းခိုငှက်များ ဝင်ရောက်မှု အခြေအနေမှာ ယခုနှစ်တွင် လျော့နည်းလာ ကြောင်း မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေး အသင်း ဒုတိယဥက္ကဋ္ဌ ဦးဇေမောင်သိန်းက ပြောကြားသည်။
Dec 26, 2020
မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျရာ ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကို ရင်ဆိုင်ရာ၌ မြို့ပြစီးပွားရေး ပြန်လည်ဦးမော့ရန် ခြေလှမ်းတစ်ရပ် ဖြစ်သော ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးသွားဝန်ဆောင်မှုကို ဒီဇင်ဘာ ၂၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းနှင့်အညီ ကန့်သတ်ဦးရေဖြင့် အပန်းဖြေခရီးစဉ်ကို ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
Dec 26, 2020
ရန်ကုန် ဒီဇင်ဘာ ၂၅
Dec 26, 2020
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် 50 TV Media Pte,Ltd တို့ ပူးပေါင်းတင်ဆက်မည့် နိုင်ငံတကာ နှစ်သစ်ကူးနေ့ဖျော်ဖြေပွဲ (New Year Countdown Music Concert) အစီအစဉ်ကို ဒီဇင်ဘာ ၃၁ ရက် ကြာသပတေးနေ့ မြန်မာ့ရုပ်မြင်သံကြား၏ ည ၈ နာရီသတင်း အစီအစဉ် အပြီးတွင် အထူးအစီအစဉ်အဖြစ် Emperor တေးဂီတအဖွဲ့နှင့် MERCURY IX, DJ Wine တေးဂီတအဖွဲ့တို့၏ တီးခတ်မှုဖြင့် နိုင်ငံကျော် တေးသံရှင် များဖြစ်ကြသည့် ဇော်ဝင်းထွဋ်၊ ရင်ဂို၊ အောင်ထက်၊ ဝိုင်းစုခိုင်သိန်း၊ ဝေလနှင့် MERCURY IX၊ အောင်လ + REASON ဧည့်သည်တော် တေးသံရှင်များက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ 50 TV Live Studio မှ စင်တင် တေးဂီတနှင့် ဖျော်ဖြေတင်ဆက်မည် ဖြစ်ပါသည်။
