Dec 26, 2020
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်သို့ ဆန်တင်ပို့မှု ထက်ဝက်ခန့် ကျဆင်းလာကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်း က ပြောသည်။
Dec 26, 2020
“ပြည်သူ”၊ “သာယာဝပြောမှု”နှင့် “ငြိမ်းချမ်းရေး”သည် ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း၏ ရည်ရွယ်ချက် အဆိုတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နှစ်နိုင်ငံအကျိုးစီးပွားကို လက်တွေ့ဖော်ဆောင်ကြရာ၌ ယင်းကဲ့သို့ အနှစ်သာရ ပြည့်ဝသည့် အမှတ်သညာရည်မှန်းချက်မျိုးကို တွေ့နိုင်ခဲပါသည်။ ကောင်းကျိုး မင်္ဂလာအဖြာဖြာတို့နှင့် ပြည့်ဝစေနိုင်သော နိုင်ငံတော်၏စီမံကိန်းကြီးတစ်ခု လက်တွေ့အစပြု ပေါ်ထွက်လာပြီ ဖြစ်သည်။
Dec 26, 2020
လူ့ဘုံလောက၊ လူ့ဘဝဟူသည် ဆန့်ကျင်ဘက်များနှင့် ယှဉ်တွဲနေရလေ့ရှိသည့် လောကဟုဆိုရပါမည်။ စိတ်ညစ်စရာများ၊ မှောင်မိုက်မှုများ ရှိနေသလို ပျော်ရွှင်စရာများ၊ လင်းလက်တောက်ပမှုများကလည်း ရှိနေမည်သာ။ လက်တွေ့ဘ၀ လူ့လောကသည် လူ့ဘဝရပ်တည်ရှင်သန်ရေးအတွက် မလွဲမသွေ ရင်ဆိုင်စရာများက ဝန်းရံနေသည် ဖြစ်သော်လည်း လူ၏သဘာဝအရ လောကတာဝန်များကိုလည်း ကိုယ်တတ်နိုင်သမျှ သို့မဟုတ် ကိုယ်စွမ်းဆောင်နိုင် သရွေ့ ထမ်းပိုးလုပ်ဆောင်ကြရသည်များ ရှိနေမည်ဖြစ်ပါသည်။
Dec 25, 2020
(၂၄-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၉,၅၄၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၇၅၈) ဦး တွေ့ရှိရပါသည်။
Dec 25, 2020
(၂၄-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ (၉၁၉) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Dec 25, 2020
ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၇၇ နေရာ ရရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို အတည်ပြုမိန့်ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
Dec 25, 2020
၁၉၀၁ ခုနှစ်ဟူသော ၂၀ ရာစု ခရီးအစမှ ဖြစ်ပျက်ပြောင်းလဲလာသော ကမ္ဘာ ကြီးသည် ၂၀၀၀ ပြည့်နှစ်တွင် ၂၀ ရာစု ခရီးအဆုံးသို့ ရောက်ရှိခဲ့ပေသည်။ တစ်ဖန် ၂၀၀၁ ခုနှစ်မှစတင်၍ ၂၁ ရာစု ခရီးလမ်းသစ်ကို ဖြတ်သန်းလျက် ရှိရာ ယခုအခါ နှစ်ပေါင်း ၂၀ ပြည့်တော့မည်ဖြစ်သည်။ ၂၀ ရာစုနှစ် တစ်ဝက် ပတ်ဝန်းကျင်တွင် ကမ္ဘာကြီးသည် စက်မှုနှင့်အဏုမြူနည်းပညာ တစ်ခေတ် ဆန်းသစ်ခဲ့ပြီးနောက် ၂၁ ရာစုခရီး စတင်သည်နှင့် အိုင်တီနည်းပညာသည် တစ်ခေတ်အသစ်အဆန်း ဖြစ်လာပြန်သည်။ ။
Dec 25, 2020
ယနေ့ (ဒီဇင်ဘာလ ၂၅ ရက်နေ့)သည် ခရစ်ယာန်ဘာသာဝင်တို့ အလေးအမြတ်ပြုကာ ပွဲတော်အဖြစ် ကျင်းပသည့် ခရစ္စမတ်နေ့ ဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က သည်လိုရက်တွင် တမန်တော်ယေရှုကို မွေးဖွားခဲ့သည်ဟု အမှတ်အသားပြု၍ တမန်တော်၏ မွေးနေ့ကို ခရစ္စမတ်ပွဲတော်အဖြစ် သတ်မှတ်ကာ ပျော်ကြ ရွှင်ကြ ကျင်းပကြသည်။
Dec 24, 2020
တပ်မတော်(ရေ)၏ (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များတပ်တော်ဝင် ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။
Dec 24, 2020
ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း (Korea-Myanmar Industrial complex, KMIC) ပန္နက်တင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ စီမံကိန်း ဧရိယာ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ COVID-19 ကာကွယ်ထိန်းချုပ် ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
Dec 24, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန် နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၂) ဦးအား တိုကျိုမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၁၆) ကြိမ်မြောက် All Nippon Airway (ANA) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ် ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Dec 24, 2020
န်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သုမိတ္တာ (၂၅)လမ်း၊ အိမ်အမှတ်(၉၇၁)နေ ဦးမင်းသူ (ယခင် လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့)က ညောင်တုန်းမြို့နယ်အတွင်းမှ ဝန်ထမ်း နှစ်ဦးအား ၎င်းတို့နှင့် ပတ်သက်သော တိုင်စာများ၊ အမှုတွဲများ အဂတိအဖွဲ့သို့ ရောက်ရှိ နေကြောင်း၊ ၎င်းသည် အဂတိကော်မရှင်မှ အတွင်းရေးမှူးဖြစ်ကြောင်း၊ တိုင်စာကိစ္စများအား ကူညီဆောင်ရွက်ပေးနိုင် ကြောင်း ပြောဆိုကာ ဝန်ထမ်းနှစ်ဦးထံမှ ငွေကျပ် သိန်း(၃၀) အား ခြောက်လှန့်တောင်းယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ သည်။
Dec 24, 2020
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ပြုစုရေး ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒုတိယနေ့ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Dec 24, 2020
တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ ကြောင့် Virtual Festival အွန်လိုင်း စနစ်ဖြင့် ကျင်းပနိုင်ရေးလေ့လာဆန်းစစ်သည့် အကြိုညှိနှိုင်း အစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာ နရှိ အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Dec 24, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ မွန်းလွဲ(၂) နာရီအချိန်က DENKO Trading Co., Ltd မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အလှူငွေများလာရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်းသိရသည်။
Dec 24, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများ ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 24, 2020
ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို အသိပညာမျှဝေပေး မည့် “ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်” ကို နိုဝင်ဘာ ၂၅ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့ များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသလျက်ရှိသည်။
Dec 24, 2020
ပြည်တွင်းခရီးစဉ်များကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ ပြန်လည်ပျံသန်းပြေးဆွဲ လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) သည် လေယာဉ်သစ်များ ထပ်မံဖြည့်တင်း လျက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာလမတိုင်မီကတည်းက မှာယူထားသော ဘရာဇီးနိုင်ငံထုတ် Embraer E 190-100 LR XY- ALP လေယာဉ်အသစ်သည် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
Dec 24, 2020
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များတွင် အားကစားနှင့် ကာယပညာဦးစီးဌာန အရာထမ်းများ ပါဝင်ဖွဲ့စည်းထား ရှိရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 24, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသား ၄၉ ဦး အပါအဝင် အခက်အခဲကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၇၁ ဦးအား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့ စွာ ပြန်လည်ရောက်ရှိကြသည်။
