Dec 30, 2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ် ဒေသတွင် ထိုင်းနိုင်ငံ၊ PTTEP ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် Integrated Domestic Gas to Power Project ကို စတင် ဆောင်ရွက်နိုင်ရန်အတွက် Notice to Proceed ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။
Dec 30, 2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များ (ရန်ကုန်နှင့်စစ်ကိုင်း)၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(၄၅)ကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း(၉)ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင် တန်းကျောင်း (၄၆)ကျောင်းကို ကိုဗစ်-၁၉ အလွန်ကာလတွင် ပြန်လည်ဖွင့်လှစ် နိုင်ရေး ပြင်ဆင်ထားရှိမှုများနှင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် သင်တန်းကျောင်း များ၏ တည်ဆောက်ရေးလုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁ဝနာရီက နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual Systemဖြင့် ကျင်းပသည်။
Dec 30, 2020
သတ္တမ အကြိမ်မြောက် အခြေခံပညာသင်ရိုးညွှန်းတမ်းဆိုင်ရာ ညှိနှိုင်းအစည်းအ ဝေးကို ယနေ့ မွန်းလွဲ ၁နာရီတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 30, 2020
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း အသင်းသားများ ဖိတ်ခေါ်
Dec 30, 2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
Dec 30, 2020
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရေး စခန်းသွင်းလေ့ကျင့်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာအားကစား အဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၉နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ကျန်မာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှအတွင်း ရေးမှူးများ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Dec 30, 2020
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ UPR လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တတိယအကျော့ လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ၏ သုံးသပ်မှုခံယူရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 30, 2020
၁။ ယူကေနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် COVID-19 စစ်ဆေးတွေ့ရှိသော ဓာတ်ခွဲနမူနာများ၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားနိုင်သော မျိုးဗီဇပြောင်းလဲမှုရှိသည့် SARS-CoV-2 ဗိုင်းရပ်စ် မျိုးကွဲသစ် VUI202012/01(Lineage: B.1.1.7) နှင့် 501.V2 တို့ကို တွေ့ရှိရကြောင်း သက်ဆိုင်ရာနိုင်ငံများမှ (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ကြေညာခဲ့ကြပါသည်။
Dec 30, 2020
https://www.moi.gov.mm/sites/default/files/news-pdf/2020-12/%E1%80%9D.pdf
Dec 30, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အားကစားကွင်း အားကစားရုံများ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ငါးနှစ်တာကာလစီမံချက် ဆောင်ရွက်မှု လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 30, 2020
မြန်မာနိုင်ငံ၏ Doing Business Reform ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 30, 2020
ရခိုင်ပြည်နယ်အတွင်းရှိ တောဆင်ရိုင်းထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)နှင့် သစ်တော ဦးစီးဌာနတို့ ၁၉၉၃ ခုနှစ်ကစတင်ကာ နားလည်မှု စာချွန်လွှာ ခြောက်ကြိမ်ရေးထိုးပြီး မြန်မာနိုင်ငံ အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲနှင့် နေရင်းဒေသထိန်းသိမ်း ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) နယ်မြေတာဝန်ခံ ဦးထက်အာကာအောင်ထံမှ သိရ သည်။
Dec 30, 2020
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် စပ်လျဉ်း၍ ပံ့ပိုးကူညီလျက်ရှိသည့် Suu Foundation ၏ CEO and President, Dr. Michael Marett- Crosby ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Dec 30, 2020
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေတိုးပွား လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Dec 30, 2020
ကိုဗစ်ဒုတိယအကျော့ကာလတွင် ရက်ပေါင်း ၉၀ ခန့်ကြာ ရပ်နားထားသည့် ရန်ကုန်-မကွေး-စစ်တွေ ကျွန်းပတ်လေယာဉ် ခရီးစဉ်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလလယ်ခန့်မှစ၍ ပြန်လည် ပြေးဆွဲရန် လျာထားပြီး မကွေးမြို့သို့ ရောက်ရှိလာသူများနှင့် မကွေးမြို့မှ ထွက်ခွာမည့်ခရီးသည်များ အတွက် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းများ သတ်မှတ်ထားကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) မကွေးကိုယ်စားလှယ်ထံမှ သိရသည်။
Dec 30, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၂၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Dec 30, 2020
လူငယ်ဟုဆိုလိုက်သည်နှင့် တွဲလျက်ပါနေသည်မှာ မျှော်လင့်ချက် ဖြစ်၏။ လူငယ်ဟူသည် လူ့ဘဝ၏ အတက်ကြွဆုံးကာလဟု ဆိုရမည့်အရွယ်ကို ဖြတ်သန်းနေခြင်းလည်း ဖြစ်၏။ ရုပ်ပိုင်းအားဖြင့်လည်း အတောင့်တင်းဆုံး၊ အသန်မာဆုံး၊ အင်အားအရှိဆုံး အရွယ်ဖြစ်၏။ စိတ်ပိုင်းအားဖြင့်လည်း ဘဝကိုထိုးထွင်းသိမြင်လိုသော အားမာန်များဖြင့် စွန့်စားလိုစိတ်များဖြင့် ပြည့်လျှံနေသည့်ကာလ ဖြစ်၏။ လောကကို ဖြူစင်သောကိုယ်ကျင့်ဖြင့် ဖြောင့်ဖြောင့်မတ်မတ် လျှောက်လှမ်းလိုသည့် အရွယ်လည်း ဖြစ်၏။ သဘာဝကို စူးစမ်းမည်၊ ချစ်မည်၊ ခံစားမည်၊ ပျော်ရွှင်မည်၊ လှုပ်ရှားမည်၊ တက်ကြွမည်။ အမှန်တရားဟု မိမိတို့ယုံကြည်သည့်အတိုင်း ရဲရဲရင့်ရင့် ရင်ဆိုင်မည်။ သူငယ်ချင်းများ၊ အဖော်အပေါင်းများဖြင့် ခင်ခင်မင်မင် နေမည်။ အတူပူးပေါင်း အလုပ်လုပ်မည်၊ အသင်းအဖွဲ့များတွင် ပါဝင်မည်။ ပရဟိတလုပ်ငန်းများကို အားတက်သရော လုပ်ဆောင်မည်။ ကိုယ်ကျိုး ထက် အများအကျိုးကို ဦးစားပေးလိုသည်။ ဘ၀ အတွက် မှတ်သားစရာမှန် သမျှကို လေ့လာသင်ယူရန် အကောင်းဆုံးအချိန်၊ ဉာဏ်အပွင့်လင်းဆုံး အချိန်လည်းဖြစ်၏။
Dec 30, 2020
သဘာဝအရင်းအမြစ်များသည် လူသားများ အဆက်မပြတ် ထုတ်ယူအသုံးပြုမှုကြောင့် တစ်နေ့သောအခါတွင် ကုန်ခန်းသွားနိုင်သည်။ လူသားအရင်းအမြစ်များသည် စနစ်တကျ ပြုစုပျိုးထောင်နိုင်ပါက ကုန်ခန်းသွားခြင်းမရှိဘဲ သုံး၍မကုန်နိုင်သည့် အစဉ်အမြဲတိုးတက် သစ်လွင်နေသော အရင်းအမြစ်များ ဖြစ်သည်ကို ကမ္ဘာ့နိုင်ငံများ နားလည်သိရှိ လက်ခံလာကြသည်။
Dec 29, 2020
(၂၈-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈,၀၉၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆၁၉) ဦး တွေ့ရှိရပါသည်။
Dec 29, 2020
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် အခြေခံပညာကဏ္ဍနှင့် နည်းပညာ နှင့် သက်မွေးပညာကဏ္ဍများမှ ဆရာ ဆရာမများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ၊ ပညာရေးဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
