Dec 05, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၂)ဦးကို ကွာလာလမ် ပူမြို့ရှိ မြန်မာသံရုံးက စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Dec 05, 2020
မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်းမှ The Impact of COVID-19 on Myanmar Hotel Industry & Better Future ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
Dec 05, 2020
ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် MASK CAMPAIGN ဆောင်ရွက် ပိုင်ကျုံ ဒီဇင်ဘာ ၅ စောpဖိုး (ပြန်/ဆက်)
Dec 05, 2020
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၂) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။
Dec 05, 2020
လွန်ခဲ့သော နှစ်တစ်ရာတိတိဖြစ်သည့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၏ ပထမကျောင်းသားသပိတ် စတင်ဖြစ်ပွားခဲ့သည်။ ထိုပထမဆုံးသော ကျောင်းသား သပိတ်သည် တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်ဆန္ဒပြသည်ဟု ဆိုရုံမျှနှင့် မလုံလောက်။ ယင်းသည် ပညာရေးစနစ် အမှားအယွင်းကို ဆန့်ကျင်သည့် ဖြစ်စဉ်သက်သက်မျှ မကဘဲ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲခေါ်သံအဖြစ်ပါ ခမ်းနားကြီးကျယ်ခဲ့ပါသည်။ ကောလိပ် ကျောင်းသားကြီးတို့၏ သပိတ်တိုက်ပွဲလှုံ့ဆော်သံသည် မြန်မာနိုင်ငံတစ်ဝန်းလုံးကို ပျံ့နှံ့သွားကာ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေး စိတ်ဓာတ်များကို တဖွားဖွား ဖြစ်ပေါ်စေခဲ့ပေသည်။
Dec 05, 2020
ရောဂါကာကွယ်ဆေးသည် ရောဂါမဖြစ်မီ ကြိုတင်ကာကွယ် တားဆီးပေးခြင်းဖြစ်ပြီး ကုသဆေးသည် ရောဂါဖြစ်သည့်အခါ သက်သာပျောက်ကင်းအောင် စွမ်းဆောင်ပေးခြင်း ဖြစ်သည်။ လက်ရှိကာလ တစ်ကမ္ဘာလုံးဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ ကာကွယ်ဆေး၊ ကုသဆေးများကို ရှာဖွေဖော်ထုတ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်း အားထုတ်နေကြပြီး လတ်တလောတွင် အစွမ်းထက်ဆေးများကို တရားဝင် စတင်အသုံးပြုခြင်း မရှိသေးပေ။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ဟန့်တားထိန်းချုပ် ကာကွယ် ကုသနိုင်ခြင်း မရှိသေးဘဲ ဆက်လက်ရင်ဆိုင်နေဆဲ ဖြစ်သည်။
Dec 04, 2020
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃ ရက်ညနေ ၅ နာရီ ၄၅ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် အောင်ကျော်သောင်း (ခ) ကျော်သောင်း မောင်းနှင်ပြီး အောင်ကျော်လင်းလိုက်ပါလာသည့် BIGHORN အမျိုးအစားမော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ် ၃၂၃၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇,၈၀၀ ကို လည်းကောင်း၊
Dec 04, 2020
မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့် (၅) နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးကို ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲတွင် အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Dec 04, 2020
(၃-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၄-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၁,၃၉၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၅၀၂) ဦး တွေ့ရှိရပါသည်။
ပုသိမ်ကြီး လူငယ်သင်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 04, 2020
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး လူငယ်သင်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
Dec 04, 2020
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ သုတေသနအကြံပေးကော်မတီ (Research Advisory Committee) ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် Virtual Meeting ဖြင့် ကျင်းပသည်။
Dec 04, 2020
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Dec 04, 2020
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။
Dec 04, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြင်သစ်နိုင်ငံ၊ စပိန်နိုင်ငံနှင့် အနီးတစ်ဝိုက်ဒေသတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၃၁) ဦးအား ပါရီမြို့ မြန်မာသံရုံးမှ စီစဉ်သည့် Amelia Airlines ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Dec 04, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် တန့်ယန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ်၏ ရုံးခန်းမ၌ Video Conferencing စနစ် Online meeting ဖြင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 04, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက တင်ဒါလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။
Dec 04, 2020
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ် ရာပြည့်အမှတ်တရဆောင်းပါးများ သတင်းစာများထဲ ဖတ်ရသည်မှာ အင်မတန်အရသာရှိလှပါ၏။ ရန်ကုန် တက္ကသိုလ်ဆိုသည့်အသံကြားရတိုင်း စိတ်ထဲ မည်သည့် အရာကို လွမ်းလို့လွမ်းရမှန်းမသိလွမ်းမိပါ၏။ တက္ကသိုလ် ကျောင်းသားဘဝကို ပြန်တွေးမိတိုင်း ကြည်နူးပျော်ရွှင်မှု သိင်္ဂါရရသကို ခံစားမိကြမှာ အမှန်ပင်ဖြစ်ပါ၏။
Dec 04, 2020
၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က စတင် တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ်ကြီးသည် ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် သက်တမ်း နှစ်တစ်ရာတင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
Dec 04, 2020
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၀) ကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။
Dec 04, 2020
“ရန်ကုန်တက္ကသိုလ်” ဟု ဆိုလိုက်သည်နှင့် ဘွဲ့နှင်းသဘင်ခန်းမ၊ အဓိပတိလမ်း၊ အပန်းဖြေရိပ်သာ၊ ဂျပ်ဆင်၊ သစ်ပုပ်ပင်နှင့်အတူ ခွဲခြားမရသည့်နေရာတစ်ခုမှာ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် (Universities’ Central Library-UCL) ပင်ဖြစ်သည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သည် ရန်ကုန်တက္ကသိုလ်တွင် အထင်ကရ နေရာ ၊ အဓိက အမှတ်အသားတစ်ခုအနေဖြင့်သာ မဟုတ် ဘဲ ပညာရှင်များ၊ ဆရာ ဆရာမများ၊ သုတေသီများ၊ ဘွဲ့ကြို ဘွဲ့လွန် ကျောင်းသူ ကျောင်းသားများနှင့် ဗဟုသုတ ရှာဖွေစုဆောင်းလိုသူများ၏ စာပေလေ့လာဖတ်ရှုစရာ ဘူမိနက်သန်စာပေ ဘဏ်ကြီးဟု တင်စားဂုဏ်ပြုခေါ်ဆိုထိုက်သည့် နေရာလည်းဖြစ်သည်။
