Sep 29, 2020
ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏ ကျန်းမာရေးသာမက အသက် အန္တရာယ်ပါ ထိခိုက်ပျက်စီးမှု ရှိစေသော မကြုံဖူးသည့် ရောဂါဆန်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိပြည်သူများသည် ကိုဗစ်ရောဂါကြောင့် ဘဝများ၊ အသက်များ ပေးဆပ်ခဲ့ရပြီး ဆက်လက်၍လည်း ရင်ဆိုင်ကျော်လွှားအန်တုနိုင်ရန် ကြိုးပမ်းနေသည်။ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏ ကျန်းမာရေးအတွက်သာမက လူမှုစီးပွားများပါ ထိခိုက်ပျက်စီးစေသည်ကို လက်တွေ့ ကြုံတွေ့နေကြရပါသည်။
Sep 29, 2020
လူ့သဘာဝအရ အခက်အခဲ အကျပ်အတည်းများနှင့် ကြုံရသည့်အခါ၊ စိုးရိမ်ကြောင့်ကြစရာများနှင့် ဒက်ထိ ရင်ဆိုင်ရသည့်အခါ စိတ်ရှုပ်ထွေးမှု ပူပန်မှုများ ဖြစ်ရသည်။ အထူးသဖြင့် ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ကိုယ်နိုင်နင်းစွာ ကျော်လွှားဖြတ်သန်းရန် အလွန်ခက်ခဲသည့် ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါတွင် စိတ်ဓာတ်ကျကာ လက်လျှော့ငိုကြွေးခြင်း သို့မဟုတ် မဆိုင်သည့်နေရာများတွင်ပါ ပြင်းပြင်းထန်ထန် ဖောက်ခွဲ ထွက်ပေါက်ပေးခြင်း စသည့် လွဲမှားသော တုံ့ပြန်မှုမျိုး ဖြစ်လေ့ရှိသည်။
Sep 28, 2020
(၂၇-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၈-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၅၉၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၉၇)ဦး တွေ့ရှိရပါသည်။
Sep 28, 2020
ကမ္ဘာတစ်ဝန်းကလူတွေ ယနေ့အချိန်အခါမှာ မျှော်လင့်ချက် ကြီးကြီးနဲ့ စောင့်မျှော်နေကြတဲ့ သတင်းကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးဘယ်တော့ပေါ်မှာလဲဆိုတဲ့ သတင်းပါပဲ။ ကာကွယ် ဆေးထွက်ပေါ်လာရင်တောင် တစ်ကမ္ဘာလုံးက လူသားတွေအတွက် လုံလောက်အောင် ထုတ်လုပ်ပေးနိုင်ဖို့ဆိုတာ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။
Sep 28, 2020
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၌ ယနေ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်များသို့ မြစ်ရေ ဝင်ရောက်ခဲ့ရာ မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သော လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူနှင့် မြို့သစ်ကြီး ရပ်ကွက်တို့မှ အိမ်ထောင်စု ၉၇ စု၊ လူဦးရေ ၄၂၄ ဦးတို့သည် ရေဘေးကယ်ဆယ်ရေးစခန်းခြောက်ခုသို့ ခေတ္တပြောင်းရွှေ့ ခိုလှုံလျက်ရှိ ကြောင်း သိရသည်။
Sep 28, 2020
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှစွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် စောင့်ကြည့် လူနာများအတွက် အထွေထွေအသုံးပြုနိုင်ရန် We Love Yangon ပရဟိတအဖွဲ့ထံသို့ ငွေကျပ် သိန်း ၅၀၀ ပေးအပ်လှူဒါန်းသည်။
Sep 28, 2020
နိုင်ငံတကာခရီးသည် တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၂၁ ဦးအား ဒါကာမြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ကြသည်။
Sep 28, 2020
လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးဇေယျက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ ပါသည်။
Sep 28, 2020
ကိုဗစ်ကပ်ရောဂါ၏ ကမ္ဘာကြီးပေါ်သို့ ရိုက်ခတ်မှုများတွင် ကျန်းမာရေးရာသာမက စီးပွားရေး အရ ထိခိုက်မှုကလည်း အတော်ပင် ကြီးမား၏။ စီးပွားရေးရာထိခိုက်မှုဆိုရာတွင် ကမ္ဘာနှင့်အဝန်း ဆက်စပ်ပတ်သက်နေသော ခရီးသွား လုပ်ငန်းများအပေါ် သက်ရောက်မှုက အထူးကြီးမား များပြားလှသည်ဟု ဆိုရပါမည်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တစ်ခုလုံး လုံးဝရပ်ဆိုင်း သွားသကဲ့သို့ ဖြစ်ပါသည်။
Sep 27, 2020
ရန်ကုန်တိုင်းဒေသကြီး၏ ကုသစောင့်ရှောက်မှုလုပ်ငန်းများ၌ ကူညီဆောင်ရွက်ရန် မကွေးတိုင်းမှ ကျန်းမာရေးဝန်ထမ်းများကို တတိယအကြိမ် စေလွှတ်လိုက်ကြောင်း မကွေးတိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရသည်။
Sep 27, 2020
မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် video conferencing ဖြင့် ဆက်လက်ကျင်းပသည်။
Sep 27, 2020
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အထောက်အကူဖြစ်စေရန်အတွက် ဆေးရုံသုံးပစ္စည်း အောက်ဆီ ဂျင်စက် နှင့် အဟာရဒါနအလှူငွေလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ကျင်းပသည်။
Sep 27, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျော်ဒန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား မြန်မာသံရုံး၊ တဲလ်အဗီးမြို့မှ စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
Sep 27, 2020
ယခု Stay at Home နှစ်ပတ်အတွင်းမှာ ကျွန်တော်တို့အနေနဲ့ ကိုဗစ် - ၁၉ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ အစွမ်းကုန်ကြိုး စားလျက် ရှိကြောင်း ဒီနေရာကနေ အသိပေးအပ်ပါတယ်
Sep 27, 2020
ကိုဗစ်-၁၉ ရောဂါသည် လူတစ်ယောက် ကိုယ်ခံအားကောင်းနေသရွေ့ ထိုလူ၏အသက်ကို အလွယ် တကူ သေဆုံးသွားနိုင်အောင် ပြုလုပ်နိုင်စွမ်း မရှိပါ။ သို့သော် ထိုလူသည် ရောဂါအခံများရှိပြီး ကိုယ်ခံအားနည်းနေပါက ကိုဗစ်ရောဂါဖြင့် အလွယ်တကူ ချက်ချင်းအသက်သေဆုံးနိုင်သည်ကို အားလုံးသိရှိကြပြီး ဖြစ်ပါသည်။ လက်ရှိကာလ ကိုဗစ်ရောဂါကြောင့် သေဆုံးမှုစာရင်းများကို ကြည့်မည်ဆိုလျှင် အသက် ၄၀ ကျော်၊ အသက် ၅၀ ကျော်၊ အသက် ၆၀ ကျော်နှင့်အထက်ဟူ၍ အုပ်စုများကို တွေ့ရမည် ဖြစ်ရာ ရောဂါအခံရှိသော အသက် ၄၀ ကျော်၊ ၅၀ ကျော်တို့မှာ လုပ်ရင်း ကိုင်ရင်း၊ သွားရင်းလာရင်း ကိုဗစ်နှင့် ထိတွေ့ကာ သေဆုံးရခြင်း ဖြစ်သည်။
Sep 27, 2020
ကမ္ဘာကြီး၏ မည်သည့်နေရာ၌မဆို ပူလောင်စရာတစ်ခုခု ရှိနေပြီဆိုလျှင် မိမိနှင့်မဆိုင်ဟု သဘော ထား၍မရ။ တစ်နေရာရာတွင် လူတစ်ဦးဦး ဒုက္ခရောက်နေပြီဆိုလျှင်သူ့တစ်ယောက်တည်း၏ ဒုက္ခမဟုတ်၊ လူသား အားလုံးနှင့် သက်ဆိုင်နေသည့် ဒုက္ခ။
Sep 26, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဆေးရုံအုပ်ကြီးများ၊ ကုသရေးပါမောက္ခများ၊ တာဝန် ရှိသူများနှင့် ကိုဗစ်-၁၉ လူနာများကုသရေး နှင့် အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများ ဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့်ကျင်းပသည်။
Sep 26, 2020
ကရင်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး -၁ မန်းမြင့်စိုး (ခ) မန်းမင်းရဲထွေးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။
Sep 26, 2020
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေရရှိရေး လုပ်ငန်းများထိခိုက်မှု ဖြစ်ပေါ်ထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ Covid-19 Economic Relief Plan(CERP) ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး အဆိုပါစီမံချက်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က Cash For Work (ဝင်ငွေရရှိရေး အလုပ် အကိုင်ဖန်တီးပေး) စီမံကိန်းကို ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလတာကာလအတွင်း မြို့နယ် ၂၅၉ မြို့နယ်ရှိ ကျေးရွာပေါင်း ၂၅၀၅ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Sep 26, 2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့လာသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာမြို့နယ်များက ဆန္ဒမဲပေးပိုင်ခွင့် ရှိ/မရှိ စိစစ်ပြီး သက်ဆိုင်ရာ မြန်မာသံရုံးများ၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များ အချိန်မီပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၈ ဦး အတွက် စက်တင်ဘာ ၁၈ ရက်တွင် ပထမအကြိမ်အဖြစ် လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၄၂၆ ဦးအတွက် စက်တင်ဘာ ၂၃ ရက်တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၃၄၂၂ ဦးအတွက် စက်တင်ဘာ ၂၄ ရက်တွင် တတိယအကြိမ်အဖြစ်လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။
