Skip to main content

Sep 23, 2020

ကချင်အမျိုးသား ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၂ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2020

ကိုဗစ်-၁၉ ရောဂါကူးစက်မှုက မိမိတို့နိုင်ငံတွင် များလာနေသည်။ ရောဂါ ကူးစက်မှုများက လျော့မသွား တိုး၍သာ များနေသဖြင့် ရှေ့တန်းတိုက်စစ်မှူးများဖြစ်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများသည်လည်း ပင်ပန်းနွမ်းလျလာကြ၏။ ပိုးတွေ့လူနာ များပြားမှုကြောင့် ဆေးရုံနေရာ အခက်အခဲ၊ ကူညီစောင့်ရှောက်သူအင်အား အခက်အခဲများ ကြုံနေရသော်လည်း နည်းဗျူဟာအပြောင်းအလဲများ ပြုလုပ်ကာ မကြာမီကာလအတွင်း ထိန်းချုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2020

ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု မြန်မာနိုင်ငံကို ဝင်လာသည်မှာ ခြောက်လရှိခဲ့ပါပြီ။ ခြောက်လ တာကာလကို လွယ်လွယ်ကူကူဖြင့် ကျော်ဖြတ်ခဲ့ရသည် မဟုတ်ပါ။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2020

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့် က ရှမ်းပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဗမာတိုင်းရင်းသားရေးရာ၀န်ကြီး ဒေါက်တာအောင်သန်းမောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်‌အ‌ ရေးပေါ်တုံ့ပြန်‌‌ရေးကော်မတီ၀င်များနှင့် တွေ့ဆုံပွဲကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2020

ချင်းပြည်နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2020

မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ) (MITT)က မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ဆိပ်ကမ်း အင်ဂျင်နီယာဘာသာရပ်မှ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများအား ပညာသင်ဆုနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲက အဆိုပါတက္ကသိုလ် ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2020

အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ ဒုတိယဥက္ကဋ္ဌ-၁ ဦးထွန်းဝင်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2020

မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2020

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ကိုဗစ်အကူအညီ ပေးရေးကော်မတီက စက်တင်ဘာ၂၁ ရက်အထိ သတင်း သမား ၈၇ ဦးကို ဆက်သွယ်၍ အကူအညီပေးအပ်ခဲ့ရာ ကူညီငွေကျပ် ၁၂၃ သိန်း ကူညီခဲ့ပြီး ရန်ပုံငွေ နည်းပါး နေသဖြင့် အကူအညီပေးမှုကို ခေတ္တရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2020

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေး လုပ်ငန်းကော်မတီနှင့် UNICEF တို့ တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းက Video Conferencing ဖြင့် ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2020

ဧရာဝတီဖောင်ဒေးရှင်းက ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့် ညွှန်ကြားမှု၊ ရန်ကုန် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်း ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး၏ ကြီးကြပ်မှုတို့ဖြင့် ကိုဗစ်-၁၉ အရေးပေါ်လူနာများကို အနီးကပ် ကြပ်မတ်ကုသပေးနိုင်မည့် Critical Care Unit- ဧရာဝတီစင်တာ ကို သုဝဏ္ဏအားကစားကွင်း၌ တည် ဆောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2020

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင် သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဝန်ထမ်းသားသမီးများနှင့် လူငယ် သင်တန်းကျောင်းများ၊ မသန်စွမ်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုး အောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီး ဦးစီးမှူးများနှင့် ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2020

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိန်းဂဏန်းများက ရပ်တန့်မှုမရှိ နေ့စဉ်တိုး၍ သာနေသည်။ စက်တင်ဘာလ၂၁ရက်က ဓာတ်ခွဲ စစ်ဆေးမှုများတွင် ရောဂါပိုး တွေ့ရှိသူပေါင်း ခြောက်ရာကျော် တွေ့ရှိခဲ့သည်။ ခရီးသွားရာဇဝင်မရှိ၊ ဓာတ်ခွဲအတည်ပြုလူနာ များနှင့်လည်း ထိတွေ့မှုမရှိသည့်သူများ တွင်ပါ ရောဂါပိုး ကူးစက်မှုများ တွေ့ လာရသည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအတွက် စည်းကမ်း သတ်မှတ်ချက်များ ထပ်မံထုတ်ပြန်လိုက်သည်။ ။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2020

မြန်မာနိုင်ငံ၌ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၌ ယခု ရက်ပိုင်း တွင် ကိုဗစ်ရောဂါ ပြန့်ပွားကူး စက်မှု တိုးလာ၏။ ဓာတ်ခွဲအတည်ပြု ပိုးရှိသူအရေအတွက် များပြားလာ၏။ ထို့ကြောင့် စက်တင်ဘာ လ ၂၁ ရက်နေ့ နံနက် ၈ နာရီမှစ၍ ကိုကိုးကျွန်းမှအပ ရန်ကုန်တိုင်း ဒေသကြီးတစ်ခုလုံးရှိ မြို့နယ် တိုင်း အိမ်မှာသာနေထိုင်ကြရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ကြေညာချက်ထုတ် လိုက်ပါသည်။ ။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်း ကြောင့် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသား များအား မြန်မာသံရုံး၊ ရီယာဒ်မြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၂ ၃၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိ ခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2020

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၊ အေးသီတာရပ်ကွက်တွင် ယမန်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်က စစ်တောင်းမြစ်ဒီရေ ရိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးနှင့်အတူ မိသားစုဝင် ၃ ဦးတို့မျောပါသွားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်တာဝန်ရှိသူတို့က ယင်းနေ့၊ နံနက်(၁၁)နာရီအချိန်ခန့်က သွားရောက်ကြည့်ရှုအားပေးစကားများ ပြောကြားပြီး ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ပြန့်ပွားမှု ယခုနှစ် ဩဂုတ်လမှစ၍ ရုတ်တရက်တိုးပွားလာခဲ့ရာ ကိုဗစ်-၁၉ ရောဂါကုသရေးတွင် အသုံးပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယား နိုင်ငံတကာကျန်းမာရေးဖောင်ဒေးရှင်း (KOFIH) က အမေရိကန်ဒေါ်လာ ၁၇၅၀၀၀ တန်ဖိုးရှိ Portable X-ray စက်ငါးလုံးကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2020

အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ နိုင်ငံရေးအတိုင်ပင်ခံ ဦးသော်တာက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တစ်ဆင့် ပေးပို့လာပါသည်။

ဆက်လက်ဖတ်ရှုရန်