Sep 21, 2020
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ တောင်တရုတ် ပင်လယ်ပြင်မှ စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း နို(လ်)သည် ကုန်းတွင်းမုန်တိုင်းအဖြစ် သို့ အားလျော့သွားခဲ့ပြီ ဖြစ်သော်လည်း ၎င်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်ခြင်းတို့ကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် အိမ်ခြေ ၉၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူသုံးဦးသေဆုံးခဲ့သည်။
Sep 21, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၀၀ အား မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့မှစီစဉ်သည့် China Airlines ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Sep 21, 2020
၁။ (၂၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ အတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ -
Sep 21, 2020
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့အထိလူပေါင်း နှစ်သိန်းကျော်ကို ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်ထားရာ ပိုးတွေ့ရှိသူပေါင်း ငါးထောင်ကျော်ရှိသည်။ ၎င်းတို့အနက် တစ်ထောင်ကျော်မှာ ဆေးရုံများမှပြန်ဆင်းသွားပြီး သေဆုံးသူအနေဖြင့် ၉၂ ဦး ရှိလာသည်။ ကူးစက်မှုများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ကူးစက်မှုများပြားနေခြင်းမှာ အဓိကအားဖြင့် လူဦးရေထူထပ်မှုကြောင့် ဖြစ်သည်။
Sep 21, 2020
ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်ရှိသည့် မြို့နယ်အားလုံးတွင် နေထိုင်ကြသည့် ပြည်သူများ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်ကို ချမှတ်လိုက်ရပြီဖြစ်သည်။ အကြောင်းရင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့နေမှုကို ထိန်းချုပ်နိုင်ရန်အတွက် ဖြစ်သည်။
Sep 20, 2020
၁။ (၂၀-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ ည (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ -
Sep 20, 2020
၁။ ယမန်နေ့ (၁၉-၉-၂၀၂၀) ရက်နေ့ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှုအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Sep 20, 2020
မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်း ရေးဆွဲချမှတ်နိုင်ရန် မသန်စွမ်းသူများ အတွက် မဟာဗျူဟာ(၅) နှစ် စီမံကိန်း ရေးဆွဲရေးဆိုင်ရာ Technical Core Group အစည်းအဝေးကို ယမန်နေ့ နံနက်က လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေး ဦးစီးဌာနတွင် အွန်လိုင်းဖြင့် ကျင်းပ သည်။
Sep 20, 2020
ဒီမိုကရေစီနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ဒင်္ဂါးပြား တစ်ခု၏ ခေါင်းနှင့်ပန်းဟု တင်စားလေ့ရှိ၏။ ဒီမိုကရေစီမရှိလျှင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် မရှိ။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် မရှိဘူးဆိုလျှင် ဒီမိုကရေစီရှိသည်ဟု မဆိုနိုင်၊
Sep 20, 2020
မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၄၀၃ ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့ အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၄၈၇၀ ဦးရှိသွားပြီဖြစ်သည်။ ရောဂါပိုးတွေ့ရှိသူ ၄၈၇၀ ဦးအနက် သေဆုံးသူ ၈၁ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၁၁၈၈ ဦးနှင့် စောင့်ကြည့်လူနာအသစ် ၃၂၈ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။
Sep 19, 2020
COVID-19 ရောဂါကူးစက်နိုင်မှု ဖြစ်နိုင်ခြေအများဆုံး အခြေအနေရှိပြီး သတ်မှတ်စည်းကမ်း ချက်များအား လိုက်နာခြင်းမရှိသည့် KTV/ Bar/ တရားမဝင် အနှိပ်ခန်း ဖွင့်လှစ်နေမှုများ၊ ညမထွက်ရ အချိန်ကျော်လွန် သွားလာနေမှုများ၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာနေသူ များကို ဆက်လက်စိစစ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
Sep 19, 2020
တအာင်း( ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်နှင့် ဗဟိုကော်မတီဝင် ဦးတာလှဖေတို့က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
Sep 19, 2020
မြန်မာအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 19, 2020
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီဝင် နန်းရီရီဝင်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက် စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။
Sep 19, 2020
နေပြည်တော်၊ စက်တင်ဘာ ၁၈
Sep 19, 2020
နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၃ ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Sep 19, 2020
သုဝဏ္ဏဘောလုံး အကယ်ဒမီကျောင်း၊ မြက်ခင်းတုအားကစားကွင်းရှိ ယာယီဆေးရုံ (Tent Hospital) အပြင် ရန်ကုန်မြို့ရှိ ဆေးရုံကြီးလေးခုတွင်ပါ ယာယီဆေးရုံများ ထားရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြား သည်။
Sep 19, 2020
မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇင်အောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 19, 2020
ကို ဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု ခြိမ်းခြောက်နေခြင်းကြောင့် မြို့ပြနေထိုင်သူအများစုသည် အတတ်နိုင်ဆုံး အိမ်မှာပင် နေနေကြ၏။ အိမ်မှာနေရင်း လက်ဆေးရင်း၊ လူချင်းခွာခွာနေရင်း မိမိကိုယ်ကိုယ် ကျန်းမာအောင်နေထိုင်၏။ အစားအသောက်များ
Sep 19, 2020
စည်းကမ်းသည်လူ့တန်ဖိုး၊ စည်းကမ်းလိုက်နာ ဘေးကင်းကွာ စသည့်ဆိုရိုး စကားများရှိကြသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများရပ်တန့်စေရန် ပြည်သူများ အနေဖြင့် သက်ဆိုင်ရာများက သတ်မှတ်ထားသော စည်းကမ်းလမ်းညွှန်ချက်များကို လေးစားလိုက်နာ ခြင်းသည်သာ အကောင်းဆုံး ကာကွယ် ထိန်းချုပ်နည်းပင် ဖြစ်ပါသည်။
