Skip to main content

Sep 11, 2020

“အခုနောက်ပိုင်း ဖြစ်တဲ့သူတွေထဲမှာဆိုရင် ဆယ်ကျော်သက်အရွယ်တွေ ပါလာတာလည်း ကျွန်မ သတိထားမိပါတယ်။ (၁၆) နှစ်၊ (၁၅)နှစ်၊ (၁၈)နှစ် ပေါ့။ အရွယ်ကောင်းလေးတွေပေါ့။ အဲဒါကြောင့် အခုကိုဗစ်က အသက် အပိုင်းအခြားလည်းမရှိဘူး။ ရောဂါအခံရှိတာ၊ မရှိတာကိုလည်း ခွဲခြားပြီးတော့ မြင်လို့မရတော့ဘူးဆိုတာ ကျွန်မတို့ နှလုံးသွင်းဖို့တော့ အင်မတန်မှ အရေးကြီးပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် နေထိုင်ကြသည့် ပြည်သူများ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်ကို ချမှတ်ထားလိုက်ပြီဖြစ်သည်။ အစီအစဉ်တွင် ပါဝင်သည့် မြို့နယ်များမှာ လှည်းကူးမြို့နယ်မှအပ ရန်ကုန်မြို့ပြ ဧရိယာတွင် တစ်ဆက်တစ်စပ်တည်း ရှိနေသော မြို့နယ်များဖြစ်သည်။ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ရုတ်တရက် အရှိန်အဟုန်မြင့်လာသည့် အခြေအနေတွင် လူဦးရေထူထပ်များပြားပြီး နေ့စဉ်အပြန်အလှန် ကူးသန်းသွားလာမှု များပြားလှသည့် မြို့နယ်များကို အသွားအလာ ကန့်သတ်မှု ပြုလုပ်ခြင်းမှာ ကူးစက်ရောဂါကို တားဆီးထိန်းချုပ်ရာတွင် မဖြစ်မနေ ပြုလုပ်ရမည့် ဆောင်ရွက်ချက်များမှ တစ်ခုပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2020

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ပြင်ပပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး ဆပ်ကော်မတီနှစ်ရပ် ပူးပေါင်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၀) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ Video Conferencing စနစ်ဖြင့် ချိတ်ဆက် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃၃) ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် (၇) ကြိမ်မြောက် All Nippon Airways (ANA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇:၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စက်တင်ဘာ ၉ ရက်က ကျင်းပသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ကော်မတီ၏ (၇၃) ကြိမ်မြောက် အစည်းအဝေး ပထမနေ့သို့ ဗီဒီယို ကွန်ဖရင့်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2020

မန္တလေးမြို့ရှိ ယာဉ်ရပ်နားစခန်း (၅) ခုဖြစ်သည့် ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း၊ ပြည်ကြီးမျက်ရှင် ယာဉ်ရပ်နားစခန်း၊ ဒေါနဘွား ယာဉ်ရပ်နားစခန်း၊ မဟာအောင်မြေယာဉ်ရပ်နားစခန်းနှင့် သီရိမန္တလာ ယာဉ်ရပ်နားစခန်းတို့မှ ယာဉ်လိုင်းပေါင်း (၆၅၀) ကျော်ကို စက်တင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းက စတင်ပြီး ပြေးဆွဲမှုတွေ ခေတ္တယာယီရပ်ဆိုင်းစေခဲ့ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်း ကြီးကြပ်မှု ကော်မတီ (အဝေးပြေး)မှ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2020

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း Quarantine ဝင်ရောက်လျက်ရှိသော အစိုးရဝန်ထမ်းများနှင့် ကျန်းမာရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တာဝန်ယူ စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် လေးကျွန်းသူဖောင်ဒေးရှင်းတို့မှ အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်စည်ပင် ဧည့်ရိပ်သာရှိ အဆောင် ၅၆ တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2020

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံး၏ အရှေ့ဘက် အဝင်ပေါက် လမ်းခင်းကျင်းနိုင်ရေးအတွက် ကျောက်စီမြေထိန်းနံရံ စုစုပေါင်း(၄)ခုနှင့် ရေနုတ်မြောင်း တည်ဆောက်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီးမှု အခြေအနေများကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2020

ဒီမိုကရက်တစ်ပါတီ (မြန်မာ) အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2020

မြန်မာနိုင်ငံ၏အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ လူနာသစ်များ နေ့စဉ်သောင်းနှင့်ချီ၍ တွေ့ရှိနေသည်။ အိန္ဒိယသည် ကမ္ဘာပေါ်တွင် အမေရိကန်ပြီးလျှင် ကိုဗစ်ရောဂါဖြစ်ပွားမှု ဒုတိယအများဆုံး စံချိန်တင်သည့် နိုင်ငံဖြစ်သည်။ လူဦးရေ သန်းတစ်ထောင်ကျော်ရှိသည့် အိန္ဒိယနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ခုနစ်သောင်းကျော်၊ ရှစ်သောင်းမက ရောဂါကူးစက်ခံနေရပြီး သေဆုံးသူ နေ့စဉ်ထောင်ချီရှိနေသည်မှာ စိုးရိမ် စရာဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2020

လူကုန်ကူးမှုသည် အများအားဖြင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့အပြားတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနေကြသည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးကို ကမ္ဘာ့နိုင်ငံအသီသီးကဆောင်ရွက်နေ ကြသည့်တိုင် လျော့နည်းပပျောက်သွားခြင်းမရှိဘဲတိုးလာနေသည် ဟုသာဆိုသည်။ ယင်းသို့ တိုးလာနေ ရသည့်

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၀) ကို ယနေ့နံနက်ပိုင်း တွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ထိုင်းနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၆၀) ဦးအား မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ စီစဉ်သည့် (၇) ကြိမ် မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၉ ၂၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းမှ ဆောက်လုပ်လှူဒါန်းသည့် နေပြည်တော်ကလေးပြုစုရေးဌာနအဆောက်အဦကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ် ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန တိုင်း ဒေသကြီးနှင့်ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင်သစ်တောဦးစီးဌာနမှ Video Conferencing ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

တစ်နေ့တခြားကူးစက်ဖြစ်ပွားမှုများပြားလာသည့် ကိုဗစ်-၁၉ ကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ရပ်ကွက်(၂)အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ ပိုင်း က အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိ နှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2020

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ရေးကြေညာဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေး နှိုးဆော်ရေး လုပ်ငန်းများ ကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့ပေါ် အနော်ရထာ တံတား လမ်းဆုံ၊ မြေကြမ်း တောကျေးရွာနှင့် ဂွေးပင်ကျေးရွာများတွင် မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်‌ ရေးနှင့်အရေး‌ပေါ်တုံ့ပြန်‌ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုကူ ညီရေး အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်