Sep 08, 2020
COVID-19 ကူးစက်ရောဂါကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်လိုသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့သည် ၈-၉-၂၀၂၀ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၂၁) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးနိုင်ရေး စီစဉ်ပေးခဲ့ပါသည်။
Sep 08, 2020
စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပရာဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဉီးကျော်စွာ (ချစ်ဉီးညို) ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြင့်ထွန်း၊ ဦးသောင်းစုငြိမ်းနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
Sep 08, 2020
ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 08, 2020
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာ ခေတ်မီအကြောင်းအရာများနှင့် ယခုလအတွက် အထူးပြုရေးသားသည့် “ဩဂဲနစ်အစားအစာနှင့် ကျန်းမာရေး” မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာစာစောင် (စက်တင်ဘာလ)ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။
Sep 08, 2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်ရှိ ကော်ဖီစိုက်အသင်းသား တောင်သူများမှ စိုက်ပျိုးထွက်ရှိလာသည့် အရည်အသွေး ကောင်းမွန်သော ကော်ဖီစေ့များကို Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းက
Sep 08, 2020
ယနေ့သည် နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိသည့် နိုင်ငံတကာစာတတ်မြောက် ရေးနေ့ဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ကြီးက စတင်သတ်မှတ်ခဲ့သည့် နိုင်ငံတကာ စာတတ်မြောက်ရေး လှုပ်ရှားမှုသည် ကမ္ဘာပေါ်တွင် စာမတတ်မှုများကင်းဝေးပြီး စာတတ်ခြင်းဖြင့် အသိအမြင် ဗဟုသုတများကို ရှာဖွေဆည်းပူးကာ လူ့ဘောင်လောကအတွင်းကောင်းကျိုးများကို ဖြစ်ထွန်း လာစေလိုရင်းဖြစ်သည်။
Sep 08, 2020
မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်-၁၉ ကူးစက်ပျံ့နှံ့နေမှုသည် ယခု ရက်ပိုင်း၌ သိသိသာသာ မြန်ဆန်လာပါသည်။
Sep 07, 2020
"ရခိုင်ပြည်နယ်တွင်သာမက အခြားတိုင်းဒေသကြီး/ပြည်နယ်များ၌လည်း ကူးစက်ဖြစ်ပွားမှု များပြားလာသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး" ကို ယနေ့ နံနက် ၉ နာရီခွဲတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်သည်။
Sep 07, 2020
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ (၃)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Sep 07, 2020
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးခဲ့ရသော ကျေးရွာချင်းဆက် ကုန်ထုတ် တံတားငယ်များ အသစ်ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ထောက်ပံ့ခြင်းကို ယနေ့မွန်းလွဲပိုင်း၌ ကိုဗစ်-၁၉ ဆိုင်ရာ ထုတ်ပြန်ထားသည့် စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Sep 07, 2020
အာဆီယံ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်ဆိုင်ရာ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတို့ကို ယနေ့ နံနက် ၈ နာရီတွင် Videoconferencing စနစ်ဖြင့် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးစိုးဟန်သည် နေပြည်တော်မှ ပါဝင်တက်ရောက်ဆွေးနွေးသည်။
Sep 07, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန CERP လုပ်ငန်းစီမံကိန်းများ၏ ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ ရုံးအမှတ် (၁၅) ပြည်ထောင်စု ဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Sep 07, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တူရကီနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 07, 2020
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးဌာန ၀န်ကြီး ဦးကျော်မင်းနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူ များသည် ယမန်နေ့ နံနက် ၉ နာရီက ပလမြို့ အမှတ်(၃)ရပ်ကွက် ရွှေမော်သိမ် ဓမ္မာရုံ၌ ပုလောမြို့နယ်၊ ပလမြို့ မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံပြည်သူများ အား social Distancing နှင့်အညီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
Sep 07, 2020
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး အဆောက်အဦ သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
Sep 07, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UWSA “ဝ”အဖွဲ့မှ တာဝန်ရှိသူများနှင့် စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ် တာချီလိတ် တပ်နယ် အောင်ပြည်ဟိန်းရိပ်သာ၌ တွေ့ဆုံသည်။
Sep 07, 2020
၁။ (၆-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 07, 2020
မြန်မာနိုင်ငံတွင် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများ၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များသည် ပြည်သူအားလုံး လိုက်နာရမည့် အချက်များ ဖြစ်သည်။ ထုတ်ပြန်ချက်များသည် အများပြည်သူတို့အား အနေအထိုင် ကျပ်တည်းအခက်အခဲဖြစ်အောင် ထုတ်ပြန်ထားခြင်းမဟုတ်ပေ။ အများ ပြည်သူတို့ အကျိုးစီးပွားအတွက် ပြည်သူတို့ကို ကာကွယ် စောင့်ရှောက်ပေးနိုင်ရန်အတွက် အခြေအနေအချိန်အခါနှင့် လျော်ညီစွာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
Sep 07, 2020
ယနေ့အချိန်ထိကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်နေသော ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံ အတွင်းသို့ ပထမလှိုင်းအဖြစ် ဝင်ရောက်လာခဲ့စဉ်က တရုတ်နိုင်ငံက ဖြစ်ပါသည်။ ယခုအခါ ဝင်ရောက်လာခဲ့သည်မှာ အနောက်ဘက်တံခါးမှ ဖြစ်ပါသည်။
Sep 06, 2020
၁။ (၆-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
