Skip to main content

Aug 31, 2020

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စုများ၊ အသက် (၈၀) နှင့်အထက် (၈၅) နှစ်အောက် ဘိုးဘွားများ အတွက် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ပုံမှန်စားနပ်ရိက္ခာထောက်ပံ့မှု အစီအစဉ်အရ ပလက်ဝမြို့နယ်၊ တိန်းလက်ဝကျေးရွာရှိ တိုက်ပွဲရှောင် သူများအတွက် စားနပ်ရိက္ခာ (၃)လစာ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီနှင့် အနီးတစ်ဝိုက် ဒေသများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၈၇) ဦးအား ပါရီမြို့အခြေစိုက် Amelia Airline ကယ်ဆယ်ရေး အထူးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၁:၀၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2020

ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံအချောသတ် မွမ်းမံတည်ဆောက်ရေး၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး ပြန်လည်မွမ်းမံပြုပြင်ရေးနှင့် ပရိယတ္တိ စာအောင်ဆုပဒေသာပင် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2020

ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုသည် အထူးမြန်ဆန်လျက်ရှိပြီး ဩဂုတ်လ(၁၆) ရက်နေ့မှ ဩဂုတ်လ (၃၀)ရက်နေ့အထိ (၂) ပတ်တာ ကာလအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာအသစ် (၃၀၀) ကျော်အထိ တွေ့ရှိလာရပါသည်။ စစ်တွေမြို့တွင် ကူးစက်ဖြစ်ပွားနေသည့် ဗိုင်းရပ်စ်ပိုးသည် မျိုးရိုးဗီဇပြောင်းနေသည့် အမျိုးအစားဖြစ်ခြင်းကြောင့် ကူးစက်မြန်လျက်ရှိ၍ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် သာမက သူနာပြုနှင့် သားဖွားသင်တန်းကျောင်း တို့တွင် COVID-19 လူနာများထားရှိ ကုသနေလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2020

ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအတည်ပြုလူနာ ကိန်းဂဏန်းများ နေ့စဉ် လျင်လျင် မြန်မြန် တိုးလာနေသည်။ ပြည်တွင်းရောဂါပိုးတွေ့ရှိမှု ဇယား၏ ထိပ်ဆုံးနေရာတွင် လူဦးရေ ထူထပ်များပြားလှသည့် ရန်ကုန်တိုင်းဒေသကြီးက တစ်သမတ်တည်း ရှိနေခဲ့သော်လည်း လက်ရှိအခြေအနေတွင် ရက်ပိုင်းမျှနှင့် ရခိုင် ပြည်နယ်က ဇယား၏ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2020

မြန်မာနိုင်ငံ၌ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အများအပြား တွေ့ရှိလာသည်။ သြဂုတ်လ ၂၅ ရက်နေ့ ညပိုင်းနှင့် နောက်တစ်ရက်တွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၀၀ ကျော် စံချိန်တင်တွေ့ရှိခဲ့ပြီးနောက် သြဂုတ်လ ၂၉ ရက် နေ့တွင် ရောဂါပိုးရှိသူ၉၀ ထပ်မံစံချိန်တင် တွေ့ရှိပြန်သည်။ ရောဂါပိုးတွေ့ရှိသူများမှာ များသောအားဖြင့် ရခိုင် ပြည်နယ်မှဖြစ်ပြီး ရန်ကုန်မြို ့ရှိ အချို့မြို့နယ်များမှ တစ်ဦးစ၊ နှစ်ဦးစ ရောဂါပိုးတွေ့သူများပါလာသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဩစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံသား (၉၀) ဦး၊ နယူးဇီလန် နိုင်ငံမှ မြန်မာနိုင်ငံသား (၁၆) ဦး၊ မြန်မာသင်္ဘောသား (၃၀) ဦး၊ စုစုပေါင်း (၁၃၆) ဦးတို့အား မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ည (၂၁:၀၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိ ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2020

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် Videoconferencing စနစ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2020

ရခိုင်ပြည်နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက လက်ရှိတာဝန်ယူဆောင်ရွက်နေရသော လုပ်ငန်းများကို ကိုဗစ်-၁၉ ကာလတွင် ထိ ရောက်စွာဆောင်ရွက်နိုင်ရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အင်အားဖြည့် တင်းနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက Video Conferencing ဖြင့်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2020

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပါဠိ တက္ကသိုလ် ညောင်တုန်းပရိယတ္တိစာသင်တိုက်နှင့် မဟာဝိသုဒ္ဓါရုံ (ပါဠိတက္ကသိုလ်) ရွှေကျင်တိုက် သစ်များသို့ ယနေ့တွင် ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်း ပဒေသာပင်များ လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် အိန္ဒိယနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သား ၉၀ အား မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)ကယ်ဆယ်ရေး လေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2020

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာ နေ့စဉ်တိုးတက်မြင့်မား နေဆဲဖြစ်သည်။ ရောဂါ မပြန့်ပွားခင် လွန်ခဲ့သောလများက ရခိုင်ပြည်နယ် အတွင်း ကူးစက်မှုမရှိအောင် ထိန်းသိမ်းထားနိုင် ခဲ့သည်။ ယခုအခါ ပြည်တွင်းကူးစက်မှုပုံသဏ္ဌာန်ဖြစ်ပေါ်လာပြီး တစ်နိုင်ငံလုံး သို့ ရောဂါပြန့်ပွား မသွားစေရေးအတွက် ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခု စိတ်ချလုံခြုံမှု ရှိအောင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2020

စနစ်တစ်ခု၏ တွန်းတိုက်နှိပ်စက်မှုဒဏ်ကြောင့် နိုင်ငံအနှံ့အပြား မှ ကျောင်းသားလူငယ်များ တောထဲသို့ လည်းကောင်း၊ နိုင်ငံရပ်ခြား အသီးသီးသို့လည်းကောင်း ပြေးကြ ရှောင်ကြ၊ ပြန်လည် စုစည်းကြ၊ အင်အားဖြည့်ကြ၊ စာအုပ်နှင့်လွယ်အိတ်များ နံဘေးချကာ တော်လှန် ရေးလုပ်ကြ ဖြစ်ရသည့်အခါ နိုင်ငံတစ်ဝန်းလုံးက ပြည်ထောင်စုသား များက စာနာကြ၊ ကရုဏာသက်ကြ၊ အားပေးကြ ဖြစ်ခဲ့ဖူးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2020

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဇောတိကာရုံ ပရိယတ္တိစာသင်တိုက်နှင့် ကန်ဦးဇေတဝန် ပရိယတ္တိစာသင်တိုက်၊ ရန်ကင်းမြို့နယ်ရှိ ပဉ္စနိကာယ သာသနာ့ဗိမာန် ပရိယတ္တိစာသင်တိုက်များသို့ ယနေ့တွင် ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2020

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိ ထိခိုက်လွယ်အုပ်စုများ၊ အနာကြီးရောဂါခံစားနေရသူများကို စောင့်ရှောက်နေသည့် ဂေဟာ များအတွက် အထူးလူမှုကာကွယ်စောင့်ရှောက်ရေးပံ့ပိုးကူညီထောက်ပံ့မှုများကို ယနေ့တွင် Video Conferencing စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2020

ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ယမန်နေ့ က ရောဂါကာကွယ် ကုသရေးပစ္စည်းများနှင့် အလှူငွေများ သွားရောက် လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2020

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်း ပြင်ပ အစီအစဉ်)ဖြင့် CFP-3 batch(2) ဆိုလာအသေးစား ဓာတ်အားပေးစနစ်များ တည်ဆောက်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများ၊ ဆောင်ရွက်မည့် ကျေးရွာမီးလင်းရေးကော်မတီဝင်များ လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၃၉ ဦးအား မြန်မာအမျိုးသား လေကြောင်း(MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2020

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2020

“အာရောဂျီ၊ ပရမံ၊ လာဘီ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ ကျန်းမာခြင်း လာဘ်ကြီးကို လက်ဝယ်ပိုင်ပိုင်ရရှိထားပါမှ လူဖြစ်ရကျိုး နပ်ပေလိမ့်မည်။ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်နိုင်ပါမှ အကျိုးကြီးမားသော ဆုလာဘ်ကြီးကို ရရှိနိုင်မည်ဖြစ်သည်။ တစ်နည်းဆိုလျှင် အနာရောဂါ ကင်းဝေးအောင် နေထိုင်နိုင်ပါမှ ကျန်းမာချမ်းသာသောဘဝကို ပိုင်ဆိုင်နိုင် မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်