Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
အမျိုးသား အဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် အတွင်း ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ကြသည့် ဒေသခံစေတနာ့ ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်း (Online Training) သင်ကြား ခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ပူးပေါင်း၍ ကျင်းပသည်။
Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနနှင့် IOM(Myanmar)တို့ ပူးပေါင်း၍ လူကုန်ကူးခံရသူများ အား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်း အစီ အစဉ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီတွင် ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Online ဖြင့် ပြုလုပ်သည်။
Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
ပညာရေးစီမံခန့်ခွဲမှုအသိအမှတ်ပြု လက်မှတ်ရသင်တန်း (Certificate in Education Management – CEM Training) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ပြည်ပနိုင်ငံများ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့
Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
လူမှုဖူလုံရေးအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်းဖြေလျော့ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက် လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ပြည်ထောင်စုဝန်ကြီးထံရှင်းလင်းတင်ပြသည့်အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ရုံး ဝန်ထမ်းများ ပြည်ထောင်စုဘဏ္ဍာငွေများ စီမံခန့်ခွဲသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် တာဝန်ယူမှု၊ တာဝန် ခံမှုရှိစေရန်နှင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ဘဏ္ဍာငွေအရင်းအမြစ်များ အလေအလွင့်မရှိစေဘဲ ထိရောက်အကျိုးရှိစွာ သုံးစွဲနိုင်စေရန် ကော်မရှင်ရုံး၏ ဘဏ္ဍာရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကော်မရှင်ရုံး ခန်းမ၌ ကျင်းပသည်။
Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီး အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ပြုလုပ်သည်။
Sep 01, 2020
နေပြည်တော် စက်တင်ဘာ ၁
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) ရုံးချုပ်၌ 13th Meeting of ARMAC Steering Committee အစည်းအဝေးအား ယနေ့ နံနက် (၈)နာရီတွင် video Conferencing စနစ်ဖြင့် ကျင်းပသည်။
Sep 01, 2020
ဒီပဲယင်း စစ်တင်ဘာ ၁ သိန်းထွန်း(ဒီပဲယင်း)
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 01, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၈) ကြိမ်မြောက် ARIC အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Sep 01, 2020
၁။ ယမန်နေ့၊ (၃၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 01, 2020
နှစ်ပေါင်းတစ်ရာကျော်အတွင်း တစ်ကြိမ်တစ်ခါမျှ ပြန်လည်တူးဖော်ခဲ့ခြင်း မရှိသဖြင့် ချိန်းချောင်း (မုက္ခမူချောင်း) တစ်လျှောက်တွင် ရေလမ်းကြောင်းများ ပြောင်းလဲလာခဲ့သည်။ ချောင်း၏ ရေစီးလမ်းကြောင်းသည်လည်း ကျဉ်းမြောင်းလာပြီး ချောင်းပေါင်မှ ရေလျှံကာ ချောင်းရိုးတစ်လျှောက်ရှိ ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေများ ရေလွှမ်းပျက်စီးမှုများ ကြုံတွေ့လာရသည်။
Sep 01, 2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေး သူငယ် များ၊ မသန် စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထပ်တိုးထောက်ပံ့ကြေး ငွေကျပ် (၁၁,၆၂၁.၂၅)သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ကြောင်းသိရသည်။
Sep 01, 2020
၁။ (၃၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 01, 2020
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ စည်းလုံးညီညွတ်ရေးသည် မြန်မာနိုင်ငံအတွက် အစဉ်အမြဲ လိုအပ်နေသောအရာ ဖြစ်သည်။ မတူကွဲပြားသောဒေသများအကြား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာ လာစေရန်အတွက် လိုအပ်ချက်များကို အဘက်ဘက်က ဖြည့်ဆည်းပေးနေသော်လည်း ယုံကြည်မှု နည်းပါးသူများ၊ အစွန်းထွက် အမြင်ရှိသူများ၏ အပြုသဘော မဆောင်ကွဲလွဲမှုများကြောင့် စည်းလုံး ညီညွတ်မှုကို လျော့ပါးစေပါသည်။
Sep 01, 2020
ကာတွန်းဟုခေါ်သော သရုပ်ဖော်ပုံကလေးများ ကမ္ဘာတွင် ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း တစ်ရာကျော်၊ နှစ်ရာနီးနီး ရှိခဲ့ပြီဖြစ်သည်။ ကာတွန်းသည် ပန်းချီပညာ၏ အကိုင်းအခက် တစ်ခုဖြစ်သော်လည်း သရုပ်မှန်ပုံများ မဟုတ်။ အလျှင်အမြူး၊ အသောအထွေ၊ သရော်လှောင်ပြောင်ခြင်း၊ ပြက်ရယ်ပြုခြင်း တို့ဖြင့် ဟာသရသဘက်သို့ နွယ်သည်။ ကမ္ဘာ့ကာတွန်း၏အစသည် ၁၉ ရာစုထဲမှာစပြီး မြန်မာ့ ကာတွန်းကမူ ရာစုနှစ်ထက်ဝက်ကျော်ခန့် နောက်ကျကာ ၂ဝ ရာစု အစောပိုင်းကာလတွင် စသည်။
Aug 31, 2020
Myanmar International (MITV Channel) ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် တက်ရောက်သည်။
Aug 31, 2020
၁။ (၃၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 31, 2020
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီက ကလေးမြို့နယ်၊ နတ်ချောင်း ကျေးရွာအုပ်စု၊ ချောင်းဂွကျေးရွာ၊ ချောင်းဂွပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ကျော်နိုင်လင်း မောင်းနှင်ပြီး ထွန်းတင် လိုက်ပါလာသော PROBOX အမျိုးအစား မော်တော်ယာဉ်နှင့် ကျော်တင်(ခ)ကျော်ဌေး မောင်းနှင်ပြီး လှမောင်စော၊ မောင်သန်းတင် တို့ လိုက်ပါ လာသော MARK II အမျိုးအစား မော်တော်ယာဉ်တို့အား ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀,၀၀၀ ၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
Aug 31, 2020
မြန်မာ-ဂျပန် စင်တာဆိုင်ရာ Phase-(II) Project အတွက် ပူးတွဲကြီးကြပ်ရေးကော်မတီ (JCC) ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ တိုးချဲ့အစည်းအဝေးခန်းမ၌ Online မှ Zoom Application စနစ်ဖြင့် ကျင်းပသည်။
