Jan 11, 2026
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ နဒီအောင်မြေရပ်ကွက်ရှိ မဲရုံအမှတ် (၁) သို့ သွားရောက်၍ ဇန်နဝါရီ ၁၁ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပနိုင်ရေး မဲရုံလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
Jan 11, 2026
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အင်းလျက်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဖန်ခါးကုန်းကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Jan 11, 2026
(၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Jan 11, 2026
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်ကို ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ပါတီစုံဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဦးတည်ချက်များချမှတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဦးတည်ချက်ကို အကောင်အထည်ဖော်လျက်ရှိသည်။
Jan 11, 2026
မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးသမိုင်းကို မှန်မှန်ကန်ကန် သိမြင်နိုင်ရန်ဆိုလျှင် လွတ်လပ်ရေးကြိုးပမ်းမှုကာလ မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လည်လေ့လာကြည့်ရန်လိုသည်။ ခေတ်သမိုင်းသည် အတိတ်သမိုင်းကို အမွေဆက်ခံမြဲဖြစ်ရာ ဤသို့လေ့လာခြင်းဖြင့် မျက်မှောက်ခေတ်၏ နိုင်ငံရေးဖြစ်စဉ်များသည် အတိတ်ဖြစ်စဉ်ဖြစ်ရပ်များနှင့် ဆက်နွှယ်၍ ဖြစ်ပေါ်နေခြင်းဖြစ်သည်ကို နားလည်နိုင်သည်။
Jan 10, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယနေ့နံနက်ပိုင်းတွင် ဧရာသီရိသုခခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
Jan 10, 2026
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ ရက် ညနေ ၅ နာရီခွဲက ကလေးဝမြို့နယ်၊ ကလေးဝ-မော်လိုက်သွားကားလမ်း၊ နန်းမော်ကယ်ကျေးရွာအနီးတွင် မော်လိုက်မြို့နယ်၊ နန်းခမ်းပါတ်သစ်တောကြိုးဝိုင်း၊ ပျဉ်းစိုက်ခင်းနေ ကျော်ဇင်လင်း (ခ) မောင်ကောင်း (၂၆) နှစ် မောင်းနှင်လာသော TNI-4 2N-Xxxx FORLAND မော်တော်ယာဉ်အား သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၃၈ ဒသမ ၅ ကီလို (၎င်းဒေသ တန်ဖိုးငွေကျပ် ၁ ဒသမ ၉၂၅ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ပါသည်။
Jan 10, 2026
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေသည့် ရှမ်းပြည်နယ် (တောင်းပိုင်း)၊ ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်၊ မဲရုံအမှတ် (၁)၊ မြို့ဦး (၁) ကျေးရွာ၊ မဲရုံအမှတ် (၈)၊ ထီးခမ်းကျေးရွာ၊ မဲရုံအမှတ် (၇) နှင့် ပင်ဖြစ်စံကျေးရွာ၊ မဲရုံအမှတ် (၆) တို့အား ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Jan 10, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၏ တောင်ဘက် ရေမိုင် ၁၅၆ မိုင်ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စင်းပေါ်မှ လိုက်ပါလာသူများအား တပ်မတော် (ရေ) နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Jan 10, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 10, 2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။
Jan 10, 2026
မြန်မာနိုင်ငံစာရင်းကောင်စီကကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင်ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in International Public Sector Accounting Standards - Dip IPSAS) အမှတ်စဉ်(၂) အပိုင်း (၂) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Jan 10, 2026
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ် သစ်တောသုတေသနစခန်း အမှတ် ၅ မိုးစွေသို့သွားရောက်၍ တောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံသစ်တောကျောင်း အမှတ်စဉ် ၁၁၉ မှ သင်တန်းသားများနှင့် တွေ့ဆုံသည်။
Jan 10, 2026
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် မှော်စက်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ရပ်ကွက်များရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါရပ်ကွက်ရှိ မှော်စက်ကျောင်းတိုက်၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Jan 10, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ နေပြည်တော်ကောင်စီဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးတို့နှင့်အတူ ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ်ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ(၁၆) မီးလောင်မှုကြောင့် မီးဘေးအန္တရာယ်ကြုံတွေ့ဆုံးရှုံးခဲ့ရသော မီးဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်း၌ ယနေ့နံနက်ပိုင်းတွင် ထပ်မံသွားရောက်တွေ့ဆုံသည်။
Jan 10, 2026
ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင်တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ကာ သတ်မှတ်အရည်အချင်း ကိုက်ညီသူများ ပညာရေးဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ ဆက်လက်ပညာသင်ယူခွင့်ရရှိပြီး ရာထူး၊ လစာ၊ အခွင့်အလမ်းများတိုးမြင့်လာစေရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
Jan 10, 2026
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အား သစ်များရရှိနိုင်ရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင် ဇာတ်နိပါတ်တော်များအကြောင်း သိရှိ နားလည်ပြီး အသိပညာဗဟုသုတရရှိနိုင်စေရန် ရည်ရွယ်ချက်များနှင့် သဘင်ပညာရှင်များ၏ အနုပညာရသစွမ်းရည်များ ဖော်ထုတ်ပြသမည့် “ ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နုတ်ချက်ဇာတ်လမ်းများ” အစီအစဉ် ဆန်းသစ်တင်ဆက်မှုကို အပတ်စဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
Jan 10, 2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပင်စင်ဦးစီးဌာန၏ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ဝန်ထမ်းများသည် နေပြည်တော်ရှိ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်၁၀၀၀) ၌ ယမန်နေ့က စုပေါင်းသွေးလှူဒါန်းသည်။
Jan 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဆိုမာလီယာဖက်ဒရယ် သမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါမူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကိုအခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးတက်ခိုင်မာစေရန် ဆန္ဒရှိကြသည့် အားလျော်စွာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ်ထူထောင်ကြသည်။
