Skip to main content

Jan 29, 2020

မူဆယ် ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် အနီးကပ်ဆုံးမြို့ဖြစ်သည့် တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထားရသူ (၂) ဦးရှိနေကြောင်း ဇန်နဝါရီလ (၂၅) ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်လိုက်သည်။ အဆိုပါ ကိုရိုနာဗိုင်းရစ်ပ် ကူးစက်ခံရသူနှစ်ဦးသည် ဝူဟန်မြို့မှ ရွှေလီမြို့သို့ လာရောက်လည်ပတ်သည့် အသက်(၆၀)ကျော်၊ လင်မယား(၂)ဦးဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

ကျိုင်းတုံ ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော  အဆုတ်ရောင် ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

ဘိုကလေး ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှု၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍  ကလေးစာပေပွဲတော်(ဘိုကလေး) ဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီက ဘိုကလေးမြို့၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပရာ ဧရာဝတီ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တာဝန်ရှိသူများနှင့် လူရည်ချွန်မယ် မဆုပြည့်စုံထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

မြန်မာနိုင်ငံသည် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသော နိုင်ငံဖြစ်သည်။ ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှု အမွေအနှစ်များနှင့် မြတ်နိုးဖွယ်ရာ ယဉ်ကျေးမှု အစဉ်အလာများ ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင် ဖြစ်ထွန်းနေသည်။ ခေတ်ကာလများ မည်သို့ပင်ရွေ့လျားလာသော်လည်း မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများမှာ မှေးမှိန်သွားခြင်းမရှိပေ။ ဤသည်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံတစ်နိုင်ငံ၏ ထူးခြားသော ဂုဏ်ဒြပ်ပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှုနှင့်စွမ်းအင်ဆိုင်ရာ ကော်မတီသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနများ၏ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်၊ ပယ်ဖျက် အသစ် ပြဋ္ဌာန်းခြင်းများ၊ ၎င်းဝန်ကြီးဌာနများ၏မူဝါဒ၊ ရည်မှန်းချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို လေ့လာသုံးသပ်အကြံပြုရန်၊ ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို လေ့လာသုံးသပ် အကြံပြုရန်နှင့် ၎င်းဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပ

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

မင်းဘူး ဇန်နဝါရီ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ၂၅၈၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်    ၇ နာရီခွဲ အချိန်က ဖွင့်ပွဲမုခ်ဦးရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်