Jul 31, 2024
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် လှေလှော်အင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၂ ပါးနှင့် ဒေသခံပြည်သူ ၅၅ ဦး စုစုပေါင်း ၅၇ ဦးတို့ကို အဆိုပါကျေးရွာရှိ ကျိုက်ဒေးဇွဲကျောင်းတိုက်၌လည်းကောင်း၊ တိုက်ကြီးမြို့နယ် သရက်ချောင်းကျေးရွာအုပ်စု၊ ချောင်းကျိုးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၇၀ တို့ကို အဆိုပါကျေးရွာရှိ အာစိန္ဒသီရိပရဟိတကျောင်းတိုက်၌လည်းကောင်း ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။
Jul 31, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ TBC စီးပွားရေးဇုန်ရှိ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းဂိုဒေါင်မှ ဟိုပုံးမြို့နယ်ကျောင်းလွယ်ကျေးရွာရှိ အသစ်ဆောက်လုပ်ထားသော Green Gold သမဝါယမအသင်းပိုင်ဂိုဒေါင်သို့ ကော်ဖီစေ့များပြောင်းရွှေ့နေမှု၊ သိုလှောင်ထားရှိမှု အခြေအနေများနှင့် ပြည်ပနိုင်ငံသို့ တင်ပို့မှုအခြေအနေများကို ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
Jul 31, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာသို့ရောက်ရှိပြီး စိုက်ပျိုးရေရရှိရေးအတွက် ပေ ၂၀၀ စက်ရေတွင်း ဆိုလာရေတင်စနစ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုအားပေးကာ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရေကိုတောင်သူများ အချင်းချင်း စနစ်တကျ မျှတစွာခွဲဝေသုံးစွဲရေးနှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
Jul 31, 2024
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရမည်းသင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အားပေးသည်။
Jul 31, 2024
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။
Jul 31, 2024
ယခုနှစ် မိုးရာသီတွင်ပဲမာမျိုးစုံစိုက်ဧက ဧက ၂၅ဝဝဝ ကျော်ကို လျာထားစိုက်ပျိုးလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jul 31, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပွဲစဉ် (၅) ယှဉ်ပြိုင်မှုနှင့် ချစ်စရာ့အရွယ်ကစားကြမယ် ကလေးအစီအစဉ်ယှဉ်ပြိုင်မှု ရိုက်ကူးရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြသည်။
Jul 31, 2024
ကမ္ဘာပေါ်ရှိနိုင်ငံများမှ အစိုးရများအနေဖြင့် ၎င်းတို့နိုင်ငံရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို အလေးထားကြိုးပမ်းဆောင်ရွက်နေကြသည်။ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူများ၏ လူမှုစီးပွားမြင့်မားစေရန် ဆောင်ရွက်ပေးရမည့်တာဝန်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့စီးပွားရေး အားကောင်းလာအောင် ဆောင်ရွက်ရာတွင် စီးပွားရေးနှင့်ဆက်စပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။
Jul 31, 2024
မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက်ဒေသများတွင် နေထိုင်ကြခြင်းဖြစ်ရာ ကျေးလက်ဒေသများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင်အရေးပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုးပွားရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ ပါဝင်လျက်ရှိသည်။
Jul 30, 2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာအုပ်စုအတွင်းသို့ ဇူလိုင်လ ၂၈ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး၊ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
Jul 30, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 30, 2024
ကယားပြည်နယ်အတွင်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများအား ရှင်းလင်းလျက်ရှိရာ ယခုအခါ လွိုင်ကော်မြို့တွင် တည်ငြိမ်အေးချမ်းလျက်ရှိပြီး ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက်ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက် အခြေချနေထိုင်လျက်ရှိပါသည်။
Jul 30, 2024
ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်းရှိ နေအိမ်ခြံဝင်းများတွင် ရေဝင်ရောက်မှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားသူများအား စားရေရိက္ခာများ သွားရောက်လှူဒါန်းခဲ့သည်။
Jul 30, 2024
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေး၊ ရေများအမြန်ဆုံး ပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
Jul 30, 2024
မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် Hybrid စနစ်ဖြင့် ကျင်းပသည်။ နိုင်ငံတော်တွင် အင်ဂျင်နီယာပညာရေးသည် ၁၉၂၃-၁၉၂၄ ပညာသင်နှစ်မှ စတင်ခဲ့သည်ဖြစ်ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ နှစ် (၁၀၀) ပြည့်မြောက်ပြီဖြစ်သည်။
Jul 30, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 30, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ ဇူလိုင် ၂၇ ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ Call Center တွင် ဓာတ်အားဖြန့်ဖြူးရန် ကြီးကြပ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jul 30, 2024
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက ကြီးမှူးကျင်းပသော (၁၁) ကြိမ်မြောက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
Jul 30, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ ပံ့ပိုးကူညီမှုနှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဦးဆောင်မှုတို့ဖြင့် ကုမ္ပဏီပေါင်း ၅၀ ကျော်က အများပြည်သူတို့ထံ ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း နဝဒေးရုပ်ရှင်ရုံဝင်းအတွင်းရှိ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန အဆောက်အအုံအတွင်း၌ ခင်းကျင်းပြသရောင်းချပေးလျက်ရှိသည်။
Jul 30, 2024
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် လျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကြာအင်းကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
