Jul 30, 2024
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှစပြီး ဇူလိုင် ၃၁ ရက်အထိ နေ့စဉ် နံနက် ၆:၀၀ နာရီမှစပြီး ရှမ်း ၊ “ဝ”၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း (လိုင်ဇိုး)၊ ချင်း (ချိုး)၊ မွန်၊ ရခိုင်ဘာသာအစီအစဉ်များကို ည ၂၃:၀၀ နာရီအထိ ထုတ်လွှင့်လျက်ရှိသည်။
Jul 30, 2024
အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ် တိုင်းမှူးဒိုင်း အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jul 30, 2024
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ပြည်လည်တည်ဆောက်ရေးနဲ့ တည်ငြိမ်လာပြီဖြစ်တဲ့ လွိုင်ကော်မြို့ကိုကြည့်ပြီး တပ်မတော်နဲ့ အကြမ်းဖက် ဘယ်သူက တိုင်းပြည်အတွက်လဲဆိုတာ သိသင့်ပြီ”ခေါင်းစဉ်ဖြင့် ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Jul 30, 2024
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၂၇/၂၀၂၄ (ရန်ကုန်)၊ ၂၈/၂၀၂၄ (ရှမ်း)၊ ၃၂/၂၀၂၄ (ရှမ်း)၊ ၃၃/၂၀၂၄ (ရှမ်း) နှင့် ၃၅/၂၀၂၄ (ရန်ကုန်) ၊ စုစုပေါင်း တရားမအထူးအယူခံမှု ငါးမှုကို စီရင်ချက်ချမှတ်သည်။
Jul 30, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Reconditioned Sewing Machines နှစ်လုံးအပါအဝင် ကုန်ပစ္စည်း ၂၈ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၇၀၆၀၀၀) ကိုလည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်တင်ပို့ခွင့်အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ရွှေဟုယူဆရသော ၁၀ ကျပ်သားခန့်ရှိ လက်ကောက်ခြောက်ကွင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၆၀၀၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန်လေဆိပ် (ကုန်လှောင်ရုံ) ၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော အီတလီနိုင်ငံနှင့် ပြင်သစ်နိုင်ငံထုတ် လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် Toothed Wheel နှစ်ခု၊ CVMOT2-CVMOT3 Card Replacement နှစ်ခု၊ Kit Maint E-V တစ်ခု၊ Bearing အခု ၂၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅၀၀၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မောတောင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် My Boy နို့ဆီနှင့် နို့စိမ်းဘူး ၃၁၉၂၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၅၃၁၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Chenglong Tractor Head တစ်စီး၊ Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် နှစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၀၇၃၇၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jul 30, 2024
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်နေ အောင်ဇော်ဦး (ခ) ကြွက်နီနှင့် မြောင်းမြမြို့နေ ဇော်နိုင်တို့က လပွတ္တာမြို့နယ်နေ ဦး -----၊ ၃၄/၂၀၂၃ နှစ်အား မြောင်းမြမြို့ရှိ ပေါင်မုန့်စက်ရုံတွင် အလုပ်အပ်ပေးမည်ဟု လိမ်လည်ပြောဆိုကာ ဖျာပုံမြို့နယ် နောက်မီးကျေးရွာမှ လူဝကြီး (ခ) သန်းနိုင် ထံတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန် ကျားဖောင်ပေါ်သို့ ပို့ဆောင်ပြီး လုပ်အားခငွေကျပ် ၇၅၀၀၀၀ အား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ကန်ဘက်နယ်မြေရဲစခန်း (ပ) ၇၃/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ရာ လပွတ္တာခရိုင်တရားရုံးက ယနေ့တွင် တရားခံ အောင်ဇော်ဦး (ခ) ကြွက်နီနှင့် ဇော်နိုင်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
Jul 30, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၁-၇-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၇-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃၁,၇၁၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၀) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၆) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Jul 30, 2024
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည့်တိုင် မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 30, 2024
ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှု ကာကွယ်ထိန်းသိမ်းရန် အစီအမံများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Jul 30, 2024
စားရေရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် လယ်ယာလုပ်ငန်းခွင်တွင် အရည်အသွေးကောင်းမွန်ပြည့်ဝသည့် စိုက်ပျိုးရေးသွင်းအားစုများကို တောင်သူများ စနစ်တကျအသုံးပြုနိုင်စေရေးအတွက် ဓာတ်မြေဩဇာ မှတ်ပုံတင်လျှောက်ထားခြင်း၊ တင်းသွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း ဆိုင်ရာလုပ်ငန်းများအပေါ် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းကျောင်းကြပ်မတ်လျက်ရှိရာတွင် မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့က လိုအပ်သော နည်းပညာဆိုင်ရာအချက်အလက်များ စိစစ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မြေဩဇာများ၏ အရည်အသွေးပြည့်မီမှုရှိ မရှိ OGA Approval ပေးခြင်းကိစ္စရပ်များကိုလည်း အကောက်ခွန်ဦးစီးဌာန၏ MACCS System နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 30, 2024
ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယနေ့နံနက် ၁၁ နာရီခွဲ တိုင်းတာချက်များအရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၉၄၂ စင်တီမီတာတွင် ဆက်လက်တည်ရှိနေရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
Jul 30, 2024
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။
Jul 30, 2024
ငါးလုပ်ငန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ) ကျောင်းမှ ကျောင်းသား ကျောင်းသူများအား အခြေခံ ငါးမွေးမြူရေးနှင့် ငါးဆေးထိုး သားဖောက်ခြင်းအား စာတွေ့လက်တွေ့ သိရှိနိုင်ရေးအတွက် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက အုတ်ဖိုငါးလုပ်ငန်းစခန်းတွင် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်ခြင်းသင်တန်းကို ဖွင့်လှစ်ပို့ချပေးသည်။
Jul 30, 2024
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။
Jul 30, 2024
မြန်မာနိုင်ငံတွင် ယခုနှစ်မိုးရာသီကာလ ဇွန်၊ ဇူလိုင်လများသည် ယခင်နှစ်များထက်ပိုမို၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးရွာသွန်းမှုများနေသည်ကို တွေ့ရမည်ဖြစ်သည်။ ယခုဇူလိုင်လ တတိယပတ်နှင့် စတုတ္ထပတ်တွင် နိုင်ငံတစ်ဝန်းလုံး မိုးပိုမိုလွန်ကဲပြီး သည်းထန်စွာရွာသွန်းလျက်ရှိသည်။ အနောက်တောင်မုတ်သုံမိုး အားကောင်းနေသည့်အချိန်အခါတွင် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းများကလည်း တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသောကြောင့် မိုးအဆက်မပြတ်ဘဲ ရွာသွန်းမှုအားကောင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။
Jul 30, 2024
ပြည်သူတို့၏ နေ့စဉ်လူမှုဘဝများ လုံခြုံရေး၊ ရပ်ရွာများ အေးချမ်းသာယာရေးတို့အတွက် တရားဥပဒေစိုးမိုးရန် လွန်စွာအရေးကြီးသည်။ ဤနေရာတွင် တရားဥပဒေစိုးမိုးရေးသည် မှုခင်းကျဆင်းရေးပင်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု အားကောင်းလေလေ မှုခင်းများ လျော့နည်းကျဆင်းလေလေဖြစ်သည်။ ပြောင်းပြန်ရလဒ်အားဖြင့်မူ တရားဥပဒေစိုးမိုးမှု အားနည်းလေလေ အမှုအခင်း များပြားလေလေဖြစ်ပြီး လူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာစေသည်။
Jul 29, 2024
လက်ရှိမိုးရာသီကာအတွင်း ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွင်း၌ မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရေကြီးရေလျှံမှုများကြောင့် မြန်မာ့မီးရထား၏ ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ပဲခူးဘူတာနှင့် ဘုရားကြီးဘူတာအကြားနှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ ပဲခူးဘူတာ-ကလိဘူတာအကြားတို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်-ဟင်္သာတ-ကြံခင်းရထားလမ်းပိုင်းအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီး ထောင့်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း နေရာအချို့တွင်လည်းကောင်း ရထားသံလမ်းအပေါ်သို့ ရေကျော်တက်နေခြင်း၊ ရထားတံတားအချို့၏ ရေလည်တိုင်နှင့် ကမ်းကပ်ခုံများ ရေတိုက်စားခံရခြင်းတို့ ကြုံတွေ့ရလျက်ရှိသည်။
Jul 29, 2024
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းအတွက် ရုံးသုံးအထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဒွေးမယ်နော်အဆောင်၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ တက်ရောက်ကြသည်။
Jul 29, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 29, 2024
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် (၉၇) နှစ်မြောက်အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး တက်ရောက်သည်။
