Skip to main content

Jul 27, 2024

ဝင်ငွေရှာဖွေသည့် ဒုစရိုက်လုပ်ငန်းများအနက် မူးယစ်ဆေးဝါးကုန်ကူးမှုနှင့် လက်နက်မှောင်ခိုမှုတို့ပြီးလျှင် လူကုန်ကူးမှုသည် တတိယမြောက်ဝင်ငွေအများဆုံး ဖြစ်သည်ဟုဆိုသည်။ ကမ္ဘာပေါ်တွင် လူကုန်ကူးမှုပြဿနာသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုးရွားဆုံးဟု ဆိုသော်လည်း အမေရိကန်ကဲ့သို့သောနိုင်ငံ၌ပင်လျှင် လူကုန်ကူးမှုပြဿနာမကင်း။ ကမ္ဘာတစ်လွှားကြီးထွားလာနေသည့် လူကုန်ကူးမှုဒုစရိုက်လုပ်ငန်းများအနက် အွန်လိုင်းရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှုမှာ နိုင်ငံတကာမှလူငယ်လူရွယ်များ သတိပြုရှောင်ရှားကြရမည့် အန္တရာယ်တစ်ခုပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Is-kander Azizov အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ သီရိလင်္ကာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၏အတွင်းဝန် General Kamal Gunaratne (Retd) က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Shri Ajit Doval က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

e-Government ဦးဆောင်ကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ e-Government ဦးဆောင်ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်အလေးထား စီမံဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့ဝန်ထမ်းများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် (၈) နာရီခွဲက မုံရွာမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ (အလုံ)၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

ကရင်ပြည်နယ်အတွင်း ရေဘေးနှင့် အခြားသောသဘာဝဘေးလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ကူညီမှုများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ထားပြီး ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း-ဘားအံမှ တာဝန်ရှိသူက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ်တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် NUG ၊ CRPH လက်အောက်ခံအကြမ်းဖက် အဖွဲ့အစည်းများက PDF Game Application များ တီထွင်ဖန်တီးအသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် PDF Game ဆော့ကစားခြင်းသည် အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

နေပြည်တော်ကောင်စီ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အခွန်အခကောက်ခံရရှိသည့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ရုံးသို့ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ခင်လူးကျေးရွာရှိ ရွှေညောင်ပင် နို့စားနွားမွေးမြူရေး သမဝါယမအသင်းသို့ သွားရောက်ပြီး နို့စားနွားမွေးမြူသူအသင်းသားများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Imran Haider ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာစီပီ မွေးမြူရေးလီမိတက်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပညာပေးရေးနှင့် သုတေသနလုပ်ငန်းများ ပံ့ပိုးမှုဆိုင်ရာ နို့စားနွားမွေးမြူရေးခြံ ထူထောင်ဆောင်ရွက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးပြည်သူများ စဉ်ဆက်မပြတ် လာရောက်နေရာ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးမြို့တို့မှ လာရောက်သူပိုမိုများပြားကြောင်း ဒေသခံများထံ မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ကျောက်တန်းကလေး ကျေးရွာအနီးတွင် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဉ်းကတိုးကုန်းကျေးရွာမှ ပြည်သူခြောက်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ပိန္နဲကုန်းကျေးရွာမှ ပြည်သူငါးဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသားထားသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Bed Sheet Material အခု ၅၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Lactasoy ပဲနို့ ဘူး ၄၂၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် King Long Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၇၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်