Jul 11, 2024
၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်ဗဟိုဌာန - ၂ (MICC-2) ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Jul 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Daba Debele Hunde သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
Jul 11, 2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယနေ့နံနက် ၇ နာရီအချိန်က အသုံးအဆောင် ပစ္စည်းများ ကူညီပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
Jul 11, 2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မြစ်ရေများဝင်ရောက်မှုကြောင့် တောင်သူများနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၏ ကျွဲ၊ နွားတိရစ္ဆာန်များကို ရေလွတ်သည့် ကုန်းမြင့်များသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
Jul 11, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် လူနာအချို့ဆေးရုံတက်ရောက်မှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၉-၇-၂၀၂၄)ရက်နေ့၊ ည(၆:၀၀)နာရီမှ (၁၀-၇-၂၀၂၄)ရက်နေ့၊ ည(၆:၀၀)နာရီအထိ (၂၄)နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် ၁၁၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၂၂ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူလူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ (၁၀-၇-၂၀၂၄)ရက်နေ့တွင် ရောဂါသက်သာ ပျောက်ကင်းသည့်လူနာ ၈၇ ဦးအားဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် (၁၀-၇-၂၀၂၄)ရက်နေ့၊ ညနေ (၆:၀၀)နာရီအထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော လူနာစုစုပေါင်း ၂၁၇ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
Jul 11, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ဆောင်ရွက်လျက်ရှိသည့် ဘက်စုံသုံးဟူးမစ်ရွက်ဖျန်းအပင် အားဆေးရည်များ၏ အကျိုးသက်ရောက်မှုကို လေ့လာစမ်းသပ်ခြင်းသုတေသနနှင့် သီးထပ်စွမ်းအားတိုးတက်ရေးအတွက် သက်တမ်းရက် ၁၁၀ အောက် စပါးမျိုးများ မျိုးစပ်မွေးမြူရန်အတွက် မိဘမျိုးများအဖြစ် အသုံးပြုရန် နှိုင်းယှဉ်လေ့လာခြင်း သုတေသနလုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Jul 11, 2024
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။
Jul 11, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့အကြား မြန်မာ-ရုရှား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသော စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ ရုရှားနိုင်ငံစွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Sergey Mochalnikov တို့နှင့်အတူ နှစ်ဖက်ပူးတွဲလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Jul 11, 2024
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇွန် ၃၀ ရက်နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် စံချိန်တင် မြစ်ရေကြီးမြှင့်ခဲ့မှုအပေါ် ရေလွှမ်းမိုးခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် နောင်တာလောရေလယ်ကျွန်း အခြေအနေတို့အား ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယမန်နေ့နံနက် ၇ နာရီခွဲက ကမ်းနားလမ်းမှတစ်ဆင့် အမြန်ရေယာဉ်များဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jul 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အီသီယိုးပီးယားဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် Mr. Daba Debele Hunde ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 11, 2024
နယ်စပ်ကုန်သွယ်ရေးပုံစံအသစ် စနစ်အသစ်ဖြင့် ရန်ကုန် - ကော့သောင်း - ရနောင်းသို့ ကွန်တိန်နာသင်္ဘောဖြင့် ကုန်သွယ်မှုစတင်ပြုလုပ်နေပြီဖြစ်ရာ ဇူလိုင် ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
Jul 11, 2024
ယနေ့ နံနက် ၈ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် (၁၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။
Jul 11, 2024
၁။ မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန်များပြားစွာရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင်ပါသည်။
Jul 11, 2024
ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
Jul 11, 2024
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးတို့နှင့်အတူ ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံ-ပန်းတနော်မြို့သို့ ရောက်ရှိပြီး ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများနှင့် ဆေးရုံအဆောက်အဦများ၏ အခြေ အနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
Jul 11, 2024
အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံများ၏ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်အဆင့် ကိုယ်စားလှယ်များ ဦးဆောင်ပါဝင်သော အာဆီယံခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက တစ်နှစ်လျှင် (၂)ကြိမ် အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိသည်။
Jul 11, 2024
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်ဆရာ ဆရာမများ၊ သုတေသနဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Jul 11, 2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက ငါန်းဇွန်မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်သန့် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦးတို့က ချက်ချင်းသွားရောက်ပြီး ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
Jul 11, 2024
အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်းကဏ္ဍရှိ အစိုးရ၊ ပုဂ္ဂလိက အရည်အသွေး ကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များဖြစ်သည့် အရည်အသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့များ (Certification Bodies)၊ စမ်းသပ်ဓာတ်ခွဲခန်းများ၊ စံဖြင့် တိုက်ကြည့်စစ်ဆေးခြင်း ဓာတ်ခွဲခန်းများ (Calibration Laboratories)၊ အရည်အသွေး စုံစမ်းစစ်ဆေးရေးအဖွဲ့များ (Inspection Bodies)မှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ အပြန်အလှန် အသိအမှတ်ပြုအစီအစဉ်များတွင် လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့ မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ပြုခြင်းလုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေး (Meeting on Registration and Designation Procedures for Conformity Assessment Bodies-CABs) ကို ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 11, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသားသင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
