Jul 11, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (China International Development Cooperation Agency - CIDCA) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပေကျင်းမြို့၌ ဇူလိုင် ၁၁ ရက် မှ ၁၃ ရက်အထိကျင်းပမည့် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံး ဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့်ညီလာခံ (Second High - Level Conference of the Forum on Global Action for Shared Development) သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
Jul 11, 2024
လက်ရှိအခြေအနေတွင် ပုဂ္ဂလိကဘဏ်များ၌ ငွေထုတ်ယူမှုများပြားလာပြီး ငွေသားထုတ်ယူမှုကိုလည်း ကန့်သတ်နေကာ အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးနေကြောင်း စသည့်အကြောင်းအရာများနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်သတင်းများ ဖြစ်ပေါ်လျက်ရှိရာ ယင်းသတင်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
Jul 11, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ရခိုင်ပြည်နယ်စစ်တွေမြို့အခြေစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် မစ္စတာဘီဘေကာနန္ဒာ ဘတ္တာမစ်ရှရာကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 11, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 11, 2024
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၄)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
Jul 11, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၈ ရက်က မအူပင်မြို့နှင့် ဘိုကလေးမြို့တို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်များ၏ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
Jul 11, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာ၏ ဖိတ်ကြားချက်အရ နယူးဒေလီမြို့၌ ကျင်းပမည့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့တွင် ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
Jul 11, 2024
မြန်မာနိုင်ငံတွင် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထား ဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထု လူမှုစီးပွားဘဝလုံခြုံရေးအတွက် အလေးထားလုပ်ဆောင်လျက်ရှိသည်။
Jul 11, 2024
ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ငါးထောင်ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် ကုလသမဂ္ဂကသတ်မှတ်ကာ နှစ်စဉ်ဇူလိုင် ၁၁ ရက်တွင် အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့သည်။ နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ ကျင်းပရခြင်းမှာ ကမ္ဘာပေါ်တွင်အရေးတကြီး ဖြေရှင်းရမည့် လူဦးရေဆိုင်ရာ ပြဿနာများနှင့် လူသားအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များကို အာရုံစူးစိုက်မိကြစေရန်ရည်ရွယ်ခြင်း ဖြစ်သည်။
Jul 10, 2024
ပြည်သူ့စစ်မှုထမ်း သင်တန်းပြီးစီးခဲ့သည့် သင်တန်းဆင်းပြည်သူ့စစ်မှုထမ်းများ အနေဖြင့် သင်တန်းခေါ်ယူစဉ်က ၂ နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ခေါ်ယူထားသော်လည်း လက်တွေ့တွင် ၅ နှစ် တာဝန်ထမ်းဆောင်ရန် အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းကြောင်း ပြည်သူအများစိုးရိမ်စေရန် တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန် သွေးထိုးလှုံ့ဆော်ဝါဒဖြန့်ဝေ ရေးသားလျက်ရှိသည်ကို တွေ့ရှိရပါသည်။
Jul 10, 2024
နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက်အမှာစကားပြောကြားသည်။
Jul 10, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 10, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၈ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်း-ကျိုင်းတုံသွားကားလမ်း၊ ကျိုင်းဖောင်းရွာအနီးတွင် မိုင်းပျဉ်းဘက်မှ ကျိုင်းတုံဘက်သို့ စိုင်းလင်းဦးမောင်းနှင်လာသည့် NISSAN ၁၂ ဘီးယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ပြောင်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၈၂၄ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀၃ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား မိုင်းပျဉ်းမြို့မှ တာချီလိတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအားဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Jul 10, 2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 10, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 10, 2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) သို့ရောက်ရှိပြီး အမျိုးသမီးလေးထပ် အိပ်ဆောင်ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
Jul 10, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် စက္ကော့ကျေးရွာအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
Jul 10, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ၄၃ လက်မ Kiosk တစ်လုံး၊ ၁၈ လက်မ သံမောင်း တစ်လုံးနှင့် ၁ ဒသမ ၅ ပိဿာရှိ ကြေးမောင်းတစ်လုံးတို့အား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ရှင်းလင်းဆောင်၌ ကျင်းပသည်။
Jul 10, 2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဂုဏ်ထူးရ ထူးချွန်ကျောင်းသား ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။
Jul 10, 2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော ဝန်ထမ်းသား သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
