Jul 02, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (တတိယအကြိမ်) ကို ယနေ့နံနက်ပိုင်းက တည်းခိုရေးစခန်း(ရွာတော်)ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
Jul 02, 2024
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ထူးချွန်ဝန်ထမ်းများ၊ ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်တန်းအောင်ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုဆုချီးမြှင့် ခြင်းနှင့် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
Jul 02, 2024
“ခေတ်ပြိုင်ဆင်ယင်၊ ယဉ်ကျေးအသွင်၊ တင့်တယ်ခြယ်သ၊ မြန်မာအမျိုးသမီးများအလှ ဝတ်စားဆင်ယင်မှုပြပွဲနှင့် ပဒေသာကပွဲ” ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်အားပေးသည်။
Jul 02, 2024
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင်သောင်းကျန်းသူ အဖျက်သမားများအန္တရာယ်ကို တိုင်းရင်းသားပြည်သူများ ယနေ့ထက်တိုင် ကြုံတွေ့ခံစားနေကြရဆဲဖြစ်သည်။ လူမျိုးရေး၊ ဝါဒရေး၊ နိုင်ငံရေး၊ တော်လှန်ရေး အကြောင်းအမျိုးမျိုးခေါင်းစဉ်တပ်ပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို တိုက်ခိုက်ဖျက်ဆီးနေသည်မှာ ရက်စက်ယုတ်မာသည့် အကြမ်းဖက်လုပ်ရပ်များသာဖြစ်သည်။
Jul 02, 2024
ဧရာဝတီမြစ်ညာ မြစ်ဝှမ်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန်လ ၃၀ ရက်မှစကာ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မြစ်ရေဝင်ရောက်နေသည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများ ကူညီကယ်ဆယ်ရေးတွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်ဆောင်ရွက်နေကြောင်း သတင်းဖော်ပြချက်များ တွေ့ရှိရပြီး စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေသည့် မြစ်ရေမှာ နောက် ၄၈ နာရီအတွင်း ဆက်လက်မြင့်တက်နိုင်ကြောင်းလည်း သိရသည်။
Jul 01, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 01, 2024
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် စစ်မှုထမ်းဆောင်ရန်အတွက် ရပ်ကွက်တစ်ခုလျှင် လူ ၃၀ တောင်းခံနေကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို ပြည်သူများအထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jul 01, 2024
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက် နံနက် ၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား၊ ၁၁၇ လမ်းရှိ ကိုထင်ရှမ်း၏နေအိမ်တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။
Jul 01, 2024
နိုင်ငံတော်အနေဖြင့် ပြည်တွင်းစီးပွားရေးတည်ငြိမ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေဝန်ဆောင်မှုပုံစံအသစ်ပေးရန်နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှုအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် ချေးငွေသက်တမ်း(၃)နှစ်ထက်ပိုသော အိမ်ရာချေးငွေများထုတ်ချေးခြင်းကို စုစုပေါင်းဘဏ်ချေးငွေအပေါ်မူတည်၍ ထုတ်ချေးခွင့်ပြုလျက်ရှိပါသည်။
Jul 01, 2024
ကချင်ပြည်နယ်အတွင်း ဇွန်လ ၃၀ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေများ မြင့်တက်လာပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
Jul 01, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)များ၊ အဖွဲ့ဝင်များ စုစုပေါင်း ၄၃ ဦးတို့သည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Jul 01, 2024
ပြည်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန်အတွက် အခြေခံပညာကျောင်းများကို အခြေခံ၍ ကျင်းပသည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်” ကို ယနေ့ နေ့လယ် (၂) နာရီက ပြည်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
Jul 01, 2024
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အ.ထ.က(၁)ကျောင်းတွင် ယမန်နေ့က ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် ဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ ပါဝင်လှုပ်ရှားသူများ၏ ရင်တွင်းစကားသံများ ယခုလိုကြားသိခဲ့ရပါသည်။
Jul 01, 2024
ယနေ့ နံနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်ကိုးပေခန့် (၂၇၁ စင်တီမီတာ) တွင် ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည်နောက် သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
Jul 01, 2024
၁။ သတင်းမီဒီယာနည်းဥပဒေပုဒ်မ ၁၃ အရ “မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ”ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၃၁-၁၀-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၄၄/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့ရာ ကောင်စီ၏ သက်တမ်းသည် ၃၀-၁၀-၂၀၂၄ ရက်နေ့တွင် ၃ နှစ် သက်တမ်းကုန်ဆုံးမည် ဖြစ်ပါသည်။
Jul 01, 2024
၁။ မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကို လည်း ကြုံတွေ့ရနိုင်ပါသည်။
Jul 01, 2024
လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့ အပေါ်အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကိုဖော်ပြသည့် ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန်လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။
Jul 01, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် အထက်မြန်မာပြည် ရေနံရှာဖွေရေး၊ တူးဖော်ရေးလုပ်ငန်းများ ကွပ်ကဲရေးရုံး (မန္တလေး) နှင့် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းပင်မထိန်းချုပ်ရေးစခန်း (မန္တလေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
