Jul 04, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 04, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 04, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးမင်းထွဋ် အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။
Jul 04, 2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်တွင် မိုးရွာသွန်းမှုများသောကြောင့် နန့်ရင်းချောင်းရေ (၇၀၃)စင်တီမီတာတွင် ရောက်ရှိနေပြီး နန့်ကောင်းချောင်းရေအမှတ် (၆၆၉)စင်တီမီတာတွင် ရောက်ရှိနေကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ယနေ့နေ့လယ်(၁)နာရီ တိုင်းထွာချက်အရ သိရသည်။
Jul 04, 2024
၂၀၂၄ ခုနှစ် ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Jul 04, 2024
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်သည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့်ရှိနိုင်သည်။
Jul 04, 2024
နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည် -
Jul 04, 2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ရေကင်းများချထားရှိမှုအခြေအနေနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရှိ ရေဆိုးစုပ်ထုတ်စက်ရုံများမှ ဧရာဝတီမြစ်အတွင်း စုပ်ထုတ်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့သည်။
Jul 04, 2024
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခွဲခန့် (၇၇ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်ပေခန့်မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
Jul 04, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 04, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
Jul 04, 2024
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (၂၈)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
Jul 04, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ဇေယျဌာနီ-၂ လမ်းသွယ် လက်ယာဘက်သတ်မှတ်နေရာ၌ ကျင်းပသည်။
Jul 04, 2024
“အငြိမ်းစားမိဘပြည်သူများသို့ အသိပေးကြေညာချက်”
Jul 04, 2024
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်းသို့ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။
Jul 04, 2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 04, 2024
ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ၊ ကျက်သရေမင်္ဂလာအပေါင်းနဲ့လည်း ပြည့်စုံကြပါစေလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
Jul 04, 2024
၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC-II) ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှတက်ရောက်ချီးမြှင့်သည်။
Jul 04, 2024
သမ္မာအာဇီဝဆိုသည်မှာ မှန်ကန်သောအသက်မွေးခြင်း၊ ကောင်းသောအသက် မွေးဝမ်းကျောင်းပြုခြင်းဟု တရားတော်တွင်ဆိုသည်။ ကာယဒုစရိုက် ၃ ပါး၊ ဝဇီဒုစရိုက် ၄ ပါးတို့နှင့် ကင်းလွတ်၍ မည်သူ့ကိုမျှထိခိုက်နစ်နာမှုမဖြစ်စေသော အသက်မွေးမှုကို သမ္မာအာဇီဝဟုဆိုသည်။ သမ္မာအာဇီဝသည် မဂ္ဂင်ရှစ်ပါးအမြတ်တရားတွင်ပါဝင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းအထိပင် အထောက်အပံ့ကောင်းတစ်ခုဖြစ်သည်။
Jul 04, 2024
ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို ပြည်သူများ စားသုံးနိုင်ရေးအတွက် အစားအသောက်ကွင်းဆက်တစ်လျှောက် တာဝန်ယူဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများက မိမိတို့နှင့်သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် ကဏ္ဍခြောက်ခုကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြရာ နယ်စပ်မှတရားမဝင် အစားအသောက်တင်သွင်းမှု ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်များ၊ တက္ကသိုလ်စားသောက်ဆိုင်များနှင့် ဧည့်ခံကျွေးမွေးရေးဝန်ဆောင်မှုလုပ်ငန်းစဉ်များ၊ အဝေးပြေးလမ်းမတစ်လျှောက်နှင့် ကားရပ်နားစခန်းများရှိ စားသောက်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်များရှိ စားသောက်ဆိုင်များ၏ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များ၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် တောရိုင်းတိရစ္ဆာန်များ၊ အင်းဆက်များ၊ ပိုးကောင်များ၏ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များ၊ အစားအသောက်စံချိန်စံညွှန်းများ ရေးဆွဲထုတ်ပြန်ခြင်းလုပ်ငန်းစဉ်များ ပါဝင်သည်။
