Skip to main content

May 23, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 23, 2024

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေတွင် တွေ့ကြုံနေရသည့်တိုင် မြန်မာသံရုံးနှင့်သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်ပြီး အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2024

နေပြည်တော်ကောင်စီကကြီးမှူး၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီတော်များ၏ အနောက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်တွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူနှင့်ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) ဂေါပကအဖွဲ့နှင့် ဝတ်ရွတ်အသင်းတို့ တက်ရောက်၍ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2024

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၆)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ယနေ့ညနေပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ မဟာဗောဓိ ညောင်ပင်တော်များ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2024

မြိတ်မြို့နယ် လသာကျေးရွာနှင့် တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာအနီးတွင် မေ ၂၀ ရက်က ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံခြောက်ဦး ရိုက်နှက်ဖမ်းဆီးခံခဲ့ရကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်စွပ်စွဲရေးသား ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2024

ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်။ “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း”ဆိုသည့်အတိုင်း ထူးခြားပြည့်စုံနေသော ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်တို့သည် မြတ်စွာဘုရားရှင် သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဘုရားဖြစ်တော်မူသော မဟာဗောဓိညောင်ပင်တော်ကို ပရိဘောဂစေတီအဖြစ်အာရုံပြုပြီး နှစ်စဉ်ညောင်ရေသွန်းလောင်းပူဇော်လျက်ရှိရာ နိုင်ငံတစ်ဝန်းမြို့နယ်များ၌ ကဆုန်ညောင်ရေသွန်းပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပုံများကို စုစည်းဖော်ပြအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ် ကြီးပရိဝုဏ်တော်အရှေ့ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်အား (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကျင်းပရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)အားရည်မှန်း၍ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ သမိုင်းဝင်ရွှေမုဋ္ဌောမဟာ စေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီး အရုဏ်ခံတန်ဆောင်းအတွင်း၌ပြုလုပ်ရာ ပုသိမ်မြို့ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိဿုတအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2024

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ၁၃၈၆ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များကကြီးမှူး၍ မန္တလေးမြို့ လေးပြင်လေးရပ်မှ ဆရာတော်သံဃာတော် ၁၀၂၇၂ ပါးအားပင့်ဖိတ်၍ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူပွဲအခမ်းအနားကို နံနက် ၆ နာရီက မန္တလေးမြို့ ကျုံးအရှေ့ဘက် (အရှေ့ပြင်)၊ အနောက်ဘက်(အနောက်ပြင်)၊ တောင်ဘက်(တောင်ပြင်)နှင့် မြောက်ဘက်(မြောက်ပြင်)တို့ရှိ သတ်မှတ်မင်္ဂလာမဏ္ဍပ်များ၌ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2024

ယနေ့သည် ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ဒါနကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2024

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ စုပေါင်း၍ ဆီမီးတိုင်များဖြင့် လှည့်လည်ပူဇော်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်နှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တို့တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2024

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၆)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ယနေ့ညနေပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်များ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2024

ပြစ်မျိုးမှဲ့မထင် နုပျိုသစ်လွင်သည့် ကလေးသူငယ်လူငယ်လူရွယ်လေးများမှာ ကျက်သရေမင်္ဂလာ အဖြာဖြာရှိလှပါသည်။ ကလေးကျက်သရေ၊ လူငယ်တို့၏ ဂုဏ်ရည်တို့မှာ လူကြီးများအတွက် နှလုံးစိတ်ဝမ်းချမ်းမြေ့စရာဖြစ်သည်။ အဖြူရောင်သက်သက် လင်းလက်တောက်ပနေသည့် ကလေးသူငယ် လူငယ်လူရွယ်တို့ကို ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးနိုင်မှ တိုင်းပြည်နှင့် မျိုးဆက်သစ်တို့၏အနာဂတ်မှာ လှပနေမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2024

မိမိတို့နိုင်ငံတွင် လူဦးရေတိုးတက်လာခြင်း၊ မြို့ပြများကြီးထွားလာခြင်း၊ စက်မှုလုပ်ငန်းများ တိုးတက်လာခြင်းတို့နှင့်အတူ အမှိုက်ပြဿနာကလည်း ကြီးထွားလာသည်။ နိုင်ငံ၏ အဓိကမြို့ကြီးသုံးမြို့ဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် နေ့စဉ်စွန့်ပစ်အမှိုက်များထွက်ရှိမှု သိသိသာသာများပြားလျက်ရှိရာ “စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု” နှင့်စပ်လျဉ်း၍ စိန်ခေါ်မှုများကို ရေရှည်တွင် ပိုမိုရင်ဆိုင်ကြုံတွေ့လာရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ ဓမ္မသဘင်မင်္ဂလာအခမ်းအနားကို ယနေ့ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၌ ဆင်ယင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ တက်ရောက်နာယူကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူဘုန်းတော်ကြီးကျောင်းရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ရာ သီရိမင်္ဂလာမန်ဆူကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် မြို့နယ်သံဃာနာယကဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာဘဒ္ဒန္တ ပုညနန္ဒ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2024

ကဆုန်လပြည်နေ့ဖြစ်သည့် ယနေ့သည် ဘုရားအလောင်းတော် သုမေဓာရှင် ရသေ့ဘဝတွင် ဒီပင်္ကရာမြတ်ဘုရားခြေတော်ရင်း၌ နိယတဗျာဒိတ်ပန်းဆင်မြန်းခဲ့သောနေ့ဖြစ်ခြင်း၊ သိဒ္ဓတ္ထမင်းသားအဖြစ် ဖွားမြင်သောနေ့ဖြစ်ခြင်း၊ မြတ်စွာဘုရားရှင်သည် ဗောဓိဟူသည့် သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသောနေ့ဖြစ်ခြင်းနှင့် မြတ်ဘုရားပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ဖြစ်ခြင်းတို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် အလွန်ပင်ထူးခြားမွန်မြတ်သည့်နေ့ထူးနေ့မြတ်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2024

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သော ယနေ့တွင်ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က မဟာဗောဓိညောင်ပင်တော်ကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2024

၂၀၂၄ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပပူဇော်သည့် မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်