May 24, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
May 24, 2024
SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေ ရရှိရေးလုပ်ငန်းအဖွဲ့ (Working Committee) (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
May 24, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် လူဦးရေစာရင်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 24, 2024
ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။
May 24, 2024
ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ၌ ကျင်းပသည်။
May 24, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် လာအိုနိုင်ငံ၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဆိုင်ရာဝန်ကြီးဌာနက ဦးဆောင်၍ online ဖြင့် ကျင်းပသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ (၄) ကြိမ်မြောက် အလုပ်သမားဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည်။
May 24, 2024
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခဲ့ပြီး ၁၀ နှစ်ပြည့်မြောက်သည့် ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူတော့မည် ဖြစ်သည်။ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် အမျိုးသားရေး လုပ်ငန်းစဉ်ကြီးတစ်ရပ်ဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ သန်းနှင့်ချီသော အိမ်ထောင်စုများ၏ အချက်အလက်များကို ကောက်ယူဆန်းစစ်လေ့လာပြီး ကဏ္ဍအလိုက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်သည်။
May 24, 2024
ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ကမ္ဘာ့နိုင်ငံများစွာတို့တွင် ကြုံတွေ့နေကြရကြောင်း နိုင်ငံတကာသတင်းများတွင် တွေ့ရသည်။ မိမိတို့နိုင်ငံတွင်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း မြို့ပေါင်းများစွာတို့တွင် နွေရာသီအပူချိန်မြင့်မားသည့်ဒဏ်ကို ခံစားခဲ့ကြရပြီး လတ်တလောတွင်မူ မိုးကြီးမည့်သတိပေးချက်ကို မိုး/ဇလက ထုတ်ပြန်ထားပြီဖြစ်သည်။
May 23, 2024
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
May 23, 2024
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်သည်။
May 23, 2024
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာအချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိပါသည်။
May 23, 2024
အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသားများ၊ နည်းပြအုပ်ချုပ်သူ၊ ဆရာ၊ ဆရာမများသည် လေ့လာရေးခရီးစဉ်အဖြစ် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
May 23, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၃ ရက်တွင် စတင်ဖွင့် လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် ယနေ့မှ ဇွန် ၂ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။
May 23, 2024
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာဈေးအတွင်း၌ ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဖိနပ်ဆိုင်၌ အသုံးပြုသော ဆိုလာအားသွင်းစနစ်မှ အပူရှိန်လွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ အနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
May 23, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 23, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မေလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျေးရွာအတွင်းဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ပြီးနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်လှုံ့ဆော်နေသည်ကို တွေ့ရှိရပါသည်။
May 23, 2024
အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုရပ်တန့်စေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုနေသည့် လမ်း၊ တံတားများနှင့် မီးရထားလမ်းများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ကြသည်ကို ပြည်သူများ သိရှိပြီးဖြစ်သည်။
May 23, 2024
မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရ။
May 23, 2024
ဇူလိုင် ၉ ရက်မှ ၁၂ ရက်အထိ စင်ကာပူနိုင်ငံ Seletar Country Club ၌ ကျင်းပမည့် Southeast Asian Amateur Golf Team Championship 2024 ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာဂေါက်သီးရိုက်ကစားသမားများကို ထိုင်းပရော်ဖက်ရှင်နယ် ဂေါ့ဖ်ကစားသမား Tanapat Pichaikool က သင်ကြားပြသပေးလျက်ရှိသည်။
May 23, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၀ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင်နှင့် သရက်ခရိုင်အတွင်း၌ တရားမဝင်အခြားသစ် ၁၆ ဒသမ ၂၉၃ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၄၉၃၁၄ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
