Mar 15, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 15, 2024
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
Mar 15, 2024
မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှတက်ရောက် ချီးမြှင့်သည်။
Mar 15, 2024
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားသည်။
Mar 15, 2024
၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့သည် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ ဖြစ်သည်။ စားသုံးသူဆိုသည်မှာ လူမှုစီးပွားကိစ္စရပ်များကို နေ့စဉ်ဆောင်ရွက်နေကြသည့် ကမ္ဘာပေါ်ရှိ ပြည်သူအားလုံးကို ဆိုလိုသည်။ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ စားသုံးသူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အလေးထား ပါဝင်ဆောင်ရွက်မှုမှာ ကမ္ဘာ့နိုင်ငံများနှင့်အတူ တစ်သားတည်းရှိနေပေသည်။
Mar 15, 2024
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်၏အခြေခံမူများတွင် နိုင်ငံတော်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံ ရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်ဟူ၍ ပါရှိသည်။
Mar 14, 2024
အာရှနှင့်ပစိဖိတ်ဒေသတွင်းရှိနိုင်ငံများ၏ ရုပ်သံနှင့်မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Asia-Pacific Institute For Broadcasting Development-AIBD)အစီအစဉ်ဖြင့် ပြုလုပ်သော “ဒီမိုကရေစီနှင့် ၂၀၂၄ ရွေးကောက်ပွဲများဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ”ကို ယနေ့မွန်းလွဲပိုင်းက သီရိလင်္ကာနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် လွတ်လပ်သောရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL) အဖွဲ့အစည်းမှ ကျွမ်းကျင်ပညာရှင်များက အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပို့ချရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ အွန်လိုင်းဖြင့် တက်ရောက်လေ့လာကြသည်။
Mar 14, 2024
(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆု ရွေးချယ်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆုရွေးချယ်ရေးကော်မတီဝင်များ တက်ရောက်ကြသည်။
Mar 14, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 14, 2024
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ဖျော်ဖြေရေးအစီအစဉ်များ တိုးမြှင့်တင်ဆက်မှုတွင် “ရယ်ရွှင်ပျော်” ဟာသတစ်ခန်းရပ်ပြဇာတ် အစီအစဉ်ကို MRTV-HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသပေးလျက်ရှိရာ ယခုအပတ်တွင် “သာဒင်နှင့် ရာဇဝင် ” ခေါင်းစဉ်ဖြင့် တင်ဆက်မည်ဖြစ်သည်။
Mar 14, 2024
ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေသေချာသည့် ဒေသများကို ရွေးချယ်၍ ဆီထွက်သီးနှံ အထူးဇုန်များ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်ရေသောက်ဧရိယာအလိုက် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံ လျာထားဧကပြည့် စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်ရရှိရေးနှင့် ဆီထွက်သီးနှံ အထူးဇုန်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရိပ်သာ၌ ကျင်းပသည်။
Mar 14, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အမှုထမ်းများ ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 14, 2024
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း မတ် ၁၂ ရက် ည ၈ နာရီ ၃၇ မိနစ်ခန့်တွင် တောင်ငူ-သောင်းတိုင်ကုန်း ဘူတာအကြား မိုင် ၁၆၄/၁၂-၁၃ ကြား တံတားအမှတ် (၂၆၃) အရှည်ပေ ၆၈၀ သံပေါင်တံတား (ခပေါင်းတံတား) ပေါ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ နယ်မြေခံလုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ တံတား၏ လူသွားလမ်းအတက်အုတ်ခုံ ပျက်စီးခဲ့ကြောင်း တွေ့ရှိရပြီး တောင်ငူ-သောင်းတိုင်ကုန်း ရထားလမ်းပိုင်းအား ယနေ့ နံနက် ၆ နာရီတွင် ခေတ္တပိတ်ခဲ့ရသည်။
Mar 14, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Mar 14, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် JFRESH Solar Flood Light with Panel အစုံ ၁၃၂၀၊ Ching Kuen Caped Wrapping Paper Machine တံဆိပ်ရိုက်စက် နှစ်လုံးအပါအဝင် ကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၄၅၀၀၀၀) ကိုလည်းကောင်း၊
Mar 14, 2024
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျေးတောရွာမအုပ်စု ရွှေပြည်သာကျေးရွာအတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ အခြေခံပညာ မူလတန်း (လွန်) ကျောင်းဝင်းအတွင်းမှ စာသင်ဆောင်အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
Mar 14, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရေစီမံခန့်ခွဲမှုပညာရှင် Dr. Massimo Sarti နှင့် ပူးပေါင်း၍ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရေလမ်းကြောင်းချိတ်ဆက်မှုများ၊ ပုဂံခေတ်ရေလမ်းကြောင်းများ၊ ရှေးဟောင်းရေကန်များ ဆယ်ယူထိန်းသိမ်းမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Mar 14, 2024
နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့တော်ခန်းမတွင်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စာပေယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Mar 14, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ကျင်းပသည်။
Mar 14, 2024
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
