Skip to main content

Mar 14, 2024

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပသည့် ပထမအကြိမ် ဘင်းမ်စတက် ငါးလုပ်ငန်းနှင့် မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့အစည်းအဝေး (The First Meeting of BIMSTEC Expert Group on Fisheries and Live-stock) ကို ယမန်နေ့ နံနက် ၉ နာရီ က Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဟံသာသီရိကုန်းမြေရှိ တစ်ပါးကျောင်းဆောင်ခြောက်ဆောင် ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2024

ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆိုပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဥပဒေဘာသာပြန်စာအုပ်အမှတ် (၁၃) ကို ထုတ်ဝေပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2024

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆို လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2024

နေပြည်တော် ဥပ္ပါတသန္တိကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်လျက်ရှိသည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်ဧရိယာ ၃၄၈၅ စတုရန်းပေအား ရွှေစင်ရွှေပြား များ ကပ်လှူပူဇော်နိုင်ရန် ပထမအကြိမ် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2024

ပညာရေးဝန်ကြီးဌာန၊ ရန်ကင်းပညာရေးဒီဂရီ ကောလိပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်ခန်းမ၌ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ပါမောက္ခချုပ် ဦးအောင်မြတ်စိုးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2024

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၂ ပါတီကို တည်ထောင်ခွင့်ပြုပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2024

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ(၁/၂၀၂၄) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2024

နိုင်ငံတစ်နိုင်ငံနှင့် လူမျိုးတို့၏အနာဂတ်သည် ပညာရည်မြင့်မားမှုအပေါ်တွင် မူတည်သည်။ ပညာတတ်လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် တိုးတက်မွေးထုတ်ပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မလွဲမသွေဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူတို့၏အနာဂတ် တိုးတက်ကောင်းမွန်လာရေးအတွက် နိုင်ငံများက ပညာရေးတွင် အလေးထားရင်းနှီးမြှုပ်နှံကြသည်။ ပညာရေးကို အားပေးမြှင့်တင်နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2024

လူတိုင်းနေ့စဉ်နှင့်အမျှ ကုန်စည်နှင့် ဝန်ဆောင်မှုတို့ကို မဖြစ်မနေ ဝယ်ယူစားသုံးနေကြရသည်။ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက စားသုံးသူများသည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ အင်အားအကြီးဆုံးဖြစ်သော်လည်း ၎င်းတို့၏အသံကို နားမထောင်ကြဘဲ မေ့လျော့နေကြသည်ဟု ဆိုခဲ့သည်။ စားသုံးသူများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ ကွန်ဂရက်လွှတ်တော်တွင် သမ္မတကနေဒီ ထုတ်ဖော်ပြောကြားခဲ့သည့် ၁၉၆၂ ခုနှစ် မတ် ၁၅ ရက်နေ့ကို အကြောင်းပြုကာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် နှစ်စဉ် မတ်လ ၁၅ ရက်နေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က ကျင်းပကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

TNLA အဖွဲ့များသည် ဒေသခံတိုင်းရင်းသားလူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ စစ်သင်တန်းများတက်ရောက်စေပြီး စစ်မှုတာဝန်များ ထမ်းဆောင်စေခြင်းကြောင့် သောင်းကျန်းသူအဖွဲ့တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော တိုင်းရင်းသားလူငယ်များ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ အပြစ်မဲ့ပြည်သူ ၃၀ ကျော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်းနှင့် စစ်တွေမြို့မဈေးအတွင်းသို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၂၁ ဦးသေဆုံးခဲ့ကြောင်း AA အကြမ်းဖက်သောင်းကျန်းသူများ၏ တစ်ဖက်သတ်စွပ်စွဲရေးသားထုတ်ပြန်ထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-ဗန်းမော် လမ်းတစ်လျှောက်တွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက နှောက်ယှက်တိုက်ခိုက်လျက်ရှိသည့်အတွက် မတ်လ ၇ ရက်နေ့မှစ၍ ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် မိုင်းကာကျေးရွာ၊ မိုးစိမ်းကျွန်းကျေးရွာ၊ စင့်ကင်ကျေးရွာနှင့် ကမ်းနီကျေးရွာများက ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း သောင်းကျန်းသူအဖွဲ့အစည်း၏ ဝါဒဖြန့်သတင်းများ၊ သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေနေသည့် သတင်း Page များတွင် မဟုတ်မမှန်စွပ်စွဲ ရေးသားထားသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

ကရင်ပြည်နယ် မြဝတီမြို့အတွင်းသို့ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မတ် ၇ ရက် ညနေပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ ပဉ္စမအကြိမ် ညိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ အောင်ဇေယျသည် မတ် ၁၀ ရက် မွန်းလွဲပိုင်းတွင် မန္တလေးနည်းပညာတက္ကသိုလ်၌ကျင်းပသော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေစီမံကိန်း ၂၀၂၁ ဖြင့် ဆောင်ရွက်လျက်ရှိသော စွန့်ပစ်ပစ္စည်းပြန်လည်လည်ပတ် အသုံးချမှုနည်းပညာဆိုင်ရာ သုတေသီများတွေ့ဆုံပွဲနှင့် သုတေသနပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးသို့တက်ရောက်ရာ မန္တလေးနည်းပညာ တက္ကသိုလ်ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ သုတေသီများက စိတ်ပါဝင်စားစွာဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နေ အောင်မြတ်သူ (ခ)အောင်အောင် (ခ) ကတုံး၊ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေ ဒေါ်သန်းသန်းအေးနှင့် ဟိုင်းကြီးကျွန်းမြို့နယ်နေ ဒေါ်မအေးတို့က ငပုတောမြို့နယ်နေ မ ---၊ ၁၆/၂၀၂၃ နှစ်၊ နေပြည်တော်နေ မ ---၊ ၁၉/၂၀၂၃ နှစ် နှင့် ဟိုင်းကြီးကျွန်းမြို့နယ်နေ မ--- ၊ ၂၀/၂၀၂၃ နှစ်တို့ကို ကျိုင်းတုံမြို့တွင် အလုပ်ရရှိမည်၊ မြန်မာ ငွေကျပ်သိန်း ၃၀ ရမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သဖြင့် ကျိုင်းတုံမြို့မရဲစခန်း (ပ) ၁၈၀/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ - ၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ကျိုင်းတုံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မတ် ၁၁ ရက်တွင် တရားခံ အောင်မြတ်သူ (ခ) အောင်အောင် (ခ) ကတုံး၊ သန်းသန်းအေးနှင့် မအေးတို့ သုံးဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရလည်းကောင်း အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ အသီးသီး ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

မော်တော်ယာဉ်များအကြောင်း သိကောင်းစရာနှင့် အသေးစား ပြုပြင်ခြင်းဆိုင်ရာ နည်းပညာဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်