Skip to main content

Mar 13, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန် - ပုသိမ်လမ်းပိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၇ ရက်တွင် မော်လမြိုင်-ဘားအံ ကားလမ်း စက်မှုဇုန်အနီး၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ရော်ဘာနေလှန်းပြား ၈၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ်၂၉၉၀၀၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ မတ် ၁၁ ရက်တွင် သထုံမြို့နယ် လေးတိုင်ကျေးရွာအနီး၌ တရားမဝင် အခြားသစ် ၁ ဒသမ ၂၀၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၄၂၀) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၉၈၄၄၂၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲဒုတိယနေ့ကို ယနေ့ ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာ ဝင်ရောက်ဖြေဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

လူရည်ချွန်စီမံကိန်းကို ပညာရေးဝန်ကြီးဌာနက ၁၉၆၄ ခုနှစ်မှစတင်၍ သတ္တမတန်းမှဒသမတန်းအထိ ရွေးချယ်ခဲ့သည်။ ယခုနှစ် စနစ်သစ်ပညာရေးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ Grade- 9 မှ Grade-12 အထိ ပြန်လည်ရွေးချယ်ခဲ့ရာ ပညာရေးထူးချွန်မှုသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့်ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးမြင့်မားပြီး နိုင်ငံတော်ကိုဦးဆောင်သည့် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ပြုစုပျိုးထောင်မွေးထုတ်ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နိုင်ငံခြားစာစစ်ဌာနအပါဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်္ဂလိပ်စာ ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၂၅ ဦးရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) သို့ ရောက်ရှိပြီး သွေးကြောသွင်း ဆေးရည်များထုတ်လုပ်မှု၊ ဆေးဝါးများ ထုတ်လုပ်ရာတွင် လိုအပ်သည့် အထောက်အကူပြုအလုပ်ရုံများ၊ ကုန်ကြမ်းသိုလှောင်ရုံများနှင့် စက်ရုံနေ့ကလေးထိန်းကျောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးနှင့် ဝါသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတရွေးကောက်ပွဲအား လေ့လာရန်နှင့် မော်စကိုမြို့တွင်ကျင်းပမည့် International Scientific and Practical Conference သို့ တက်ရောက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးမြို့မှ ထွက်ခွာသွားကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ် (Chief Operation Officer) Mr. Carl Johan Orrenius Skau ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် အီတလီနိုင်ငံ ရောမမြို့ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ်ဖြစ်သူ Mr. Carl Johan Orrenius Skau နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေး အရာရှိချုပ်ဖြစ်သူ Mr. Carl Johan Orrenius Skau အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

နွေဦးရာသီ ယခုအချိန်ကာလတွင် ပုံမှန်နွေကာလထက် အပူချိန်ပိုမိုလွန်ကဲမည့် လက္ခဏာများကို ကြုံတွေ့ကြရမည်ဖြစ်သည်။ အကြောင်းမှာ အင်အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပူပြင်းခြောက်သွေ့မှု ပိုလာခြင်းဖြစ်သည်။ လက်ရှိတွင် နေ့ပူပြီး နံနက်/ည အအေးဓာတ်ရှိသဖြင့် အပူအအေးကွာခြားမှုအပြောင်းအလဲကြောင့် လူတို့၏ကျန်းမာရေးကို အထူးသတိပြုရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီး နှစ်နိုင်ငံကြားတွင် တည်ရှိနေသည့် မိမိတို့နိုင်ငံမှာ ပထဝီနိုင်ငံရေးရှုထောင့်မှ ကြည့်မြင်ပါက လွန်စွာပင် ထူးခြားလှပြီး အခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှုများပါ‌ ရောပြွမ်းတည်ရှိနေသည်ကို တွေ့မြင်နိုင်သည်။ နိုင်ငတကာရေးရာတွင် နိုင်ငံတိုင်းက အမျိုးသားအကျိုးစီးပွားကိုသာ  ရှေးရှုကြရစမြဲဖြစ်ရာ ဧရာမနိုင်ငံကြီးနှစ်ခုကြားတွင် ရှိနေသည့် မိမိတို့နိုင်ငံအနေဖြင့် ကျစ်လျစ်သိပ်သည်းခိုင်မာသော အမျိုးသားစည်းလုံးညီညွတ်မှုကို ထာဝရအကျိုးစီးပွားအဖြစ် မဖြစ်မနေ တည်ဆောက်ထားရန် လိုအပ်သည်ကို နိုင်ငံသားတိုင်းက သိနားလည်ထားကြရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ နွမ်လန့်ကျေးရွာအနီးတွင် မတ်လ ၁၁ ရက်နေ့က လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နန်းအီကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံရှမ်းအမျိုးသမီးငယ် ၃ ဦး ထိမှန်သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက တစ်ဖက်သတ်စွပ်စွဲရေးသားထားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှတပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့၏ အနောက် တောင်ဘက်ရေမိုင် ၃.၈ မိုင်အကွာ၌ ငွေလရောင်အမည်ရှိ ငါးသယ်လှေတစ်စီး ရေဝင်နစ်မြုပ်နေကြောင်း ဒေသခံငါးဖမ်းလှေများ၏ သတင်းပေးပို့ချက်အရ သွားရောက်၍ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ မတ်လ ၁၁ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့်လှေအား တွေ့ရှိခဲ့ပြီး လှေပေါ်တွင် လိုက်ပါလာသော လှေသား ၁၀ ဦးအား ရေယာဉ်ပေါ်သို့ တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့၍ လှေသားများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ

ဆက်လက်ဖတ်ရှုရန်