Jan 15, 2024
လောကတွင် တန်ဖိုးမရှိသောအရာတို့ကို အလေးမထားပစ်ပယ်လေ့ရှိရာမှ ထိုတန်ဖိုးမရှိသောအရာကို အလေးထားအသုံးချသောအခါ တန်ဖိုးရှိသောအရာဖြစ်လာသည်ကို လက်တွေ့သိရှိလာကြပေသည်။ ကမ္ဘာပေါ်၌ တန်ဖိုးမရှိဆုံးအရာမှာ အမှိုက်ဟုဆိုကြပြီး လူတို့မလိုအပ်သော စွန့်ပစ်အမှိုက်သရိုက်ပစ္စည်း အားလုံးပါဝင်သည်။ အထူးသဖြင့် မီးဖိုချောင်သုံးအမှိုက်သရိုက်ပစ္စည်းများကို လူတို့နေ့စဉ်စွန့်ပစ်ကြပြီး နေ့စဉ်ထွက်ရှိသော အမှိုက်များဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်ပေါ်လျက်ရှိသည်။
Jan 15, 2024
လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသောအပြောအဆို၊ အပြုအမူများ ပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာထားပြီဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားသော အစည်းအရုံးများကလည်း လိုအပ်သလို ထိန်းကျောင်းတည့်မတ်ပေးနိုင်ရန် အသိပေးထားသည်။
Jan 14, 2024
အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။
Jan 14, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ဇန်နဝါရီလ ၉ ရက်မှ ၁၄ ရက်နေ့ထိ အပန်းဖြေခရီး သွားရောက်ခဲ့သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ တပ်မတော်ဆေးရုံ၊ ဆေးခန်းများ၌ တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသော တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ယနေ့ညနေပိုင်းတွင် မော်တော်ယာဉ်များဖြင့် ချောင်းသာကမ်းခြေမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Jan 14, 2024
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) မှ ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ရည်ဘွဲ့များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အသင်းဝင်များ၊ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည့် လူပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
Jan 14, 2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် ၅၄ ဦးနှင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် ၆၂ ဦး စုစုပေါင်း ၁၁၆ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Jan 14, 2024
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ နယ်မြေခံတပ်ရင်းမှ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ပစ်ခတ်လိုက်သောကြောင့် ကလေးမြို့နယ်မြောက်ပိုင်း၊ ကြိုးကြာကွင်းကျေးရွာမှ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jan 14, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ကျွန်းတောကြီးကျေးရွာ၊ မြင်းကျကျေးရွာနှင့် ကားဆိပ်ကျေးရွာတို့မှ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးကို ဇန်နဝါရီ ၁၂ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jan 14, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Jan 14, 2024
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယကများနှင့် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌများ၊ အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 14, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော် မြတ်ကြီးသို့ရောက်ရှိပြီး ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်၊ ဗောဓိညောင်ပင်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ရေချမ်း၊ ဆီမီးဆပ်ကပ်လှူဒါန်းသည်။
Jan 14, 2024
မြန်မာ့ဘော်လီဘောအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ လူငယ်များ စိတ်ဓါတ်ကြံ့ခိုင်လာစေရန်နှင့် မျိုးဆက်သစ်ဘော်လီဘောအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကြီးမှူးကျင်းပသည့် "၂၀၂၄ ခုနှစ်၊ မြန်မာဘော်လီဘောလူမှုရေး အသင်းအမှုဆောင်ဖလား U-18 နှင့် U-25 ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲ" ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
Jan 14, 2024
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီ အတွင်းရေးမှူး ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းသည် ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာ) ဒေါက်တာ ဝင်းဖေ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုနယ်မြေ စာသင်ဝိုင်းများတွင် စာသင်သားများသင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။
Jan 14, 2024
မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီး-မန္တလေးတို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ဇန်နဝါရီ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ သွားရောက်၍ ခရိုင်ပြည်သူ့ဆေးရုံ၊ သံတွဲမြို့မှ အထူးကုဆရာဝန်များနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။
Jan 14, 2024
အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုကို ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နေ့လယ် ၁၂ နာရီခွဲက ပဲခူးမြို့၌ ကျင်းပခဲ့သည်။
Jan 14, 2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ NCAကို ဆန့်ကျင်ပြီး စစ်ပွဲခေါ်ယူခဲ့သည့် KIA/AA/TNLA/ MNDAA/BBLAနှင့် အကြမ်းဖက် PDF အဖွဲ့များအား ဆန်ကျင့်ရှုတ်ချခြင်း၊ ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားကိုးကွယ်သည့် စေတီပုထိုးများ၊ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးသူ အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်သည်။
Jan 14, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်သည့် ဘုရားစေတီများကို ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 14, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ စည်ပင်သာယာပန်းခြံရှေ့၌ စုရပ်ပြု၍ ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Jan 14, 2024
စစ်ကိုင်းမြို့တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီ၊ ပုထိုးများ ဗုဒ္ဓဆင်းတုတော်မျာအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ကမ်းနားလမ်းမှ စုရပ်အဖြစ် မြို့မဘော့လုံးအားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 14, 2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းထုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်က ပြုလုပ်ခဲ့သည်။
