Jan 13, 2024
ASEAN Framework Agreement on the Facilitation of Goods in Transit (AFAFGIT) ပါ Protocol-5 အရ အာဆီယံနယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှု အာမခံလက်ခံခြင်းနှင့် လျော်ကြေးပေးချေခြင်းများအား ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန်အတွက် ASEAN Compulsory Motor Insurance (ACMI) System မှတစ်ဆင့် Online Process ဖြင့် ဆောင်ရွက်မည့် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်အာမခံမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၌ ကျင်းပသည်။
Jan 13, 2024
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်ရှိ စီမံခန့်ခွဲမှုကော်မတီနှင့် ရင်းနှီးမြုပ်နှံသူများအား တွေ့ဆုံသည်။
Jan 13, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
Jan 13, 2024
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့၌ သံဃာတော်များဦးဆောင်၍ ဘာသာသာသနာချစ်မြတ်နိုးသည့် ပြည်သူများက အကြမ်းဖက်သောင်းကျန်းသူများမှ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက် ရှုတ်ချပွဲကို ဇန်နဝါရီ ၁၃ ရက်နံနက် ၁၀ နာရီအချိန်က ရမည်းသင်းမြို့၊ ပျဉ်တပ် ရပ်ကွက်ရှိရွေမုဋ္ဌော ဘုရားဝန်းအတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 13, 2024
ပြည်မြို့၊ ခေတ္တရာရပ်ကွက်၊ ပြည်ခရိုင်အားကစားကွင်း၌စုရပ်ပြု၍ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက် မိစ္ဆာများအားကန့်ကွက်ရှုတ်ချပွဲကို ဇန်နဝါရီလ ၁၃ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
Jan 13, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများ အားကန့်ကွက်ရှုတ်ချပွဲကို ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီက ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိလွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 13, 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဗုဒ္ဓဘာသာဝင်၊ မြန်မာတိုင်းရင်း သားများကိုးကွယ်လျက်ရှိသည့် ဘုရားစေတီများအား ဖျက်ဆီးသည့် အကြမ်းဖက်သမားများအား ကန့်ကွက်ရှုတ်ချခြင်းနှင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲကို ဇန်နဝါရီ ၁၃ရက်၊ နံနက် ၈နာရီခန့်က ဝမ်မိုင်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 13, 2024
ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအားဖျက်ဆီး၊ စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက် မိစ္ဆာများအားကန့် ကွက်ရှုံ့ချပွဲ စီတန်းလှည့်လည်ခြင်းကိုယနေ့နံနက် ၈ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စုရပ်ဖြစ်သော လေယာဉ်ကွင်းလမ်း၊ ကွန်ပျူတာတက္ကသိုလ်ရှေ့၌ ကျင်းပသည်။
Jan 13, 2024
ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
Jan 13, 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ် နေသည့် ဘုရား၊ စေတီပုထိုးများကို ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ နံနက်(၉)နာရီခွဲက မိုင်းဆတ်မြို့ပေါ်ရပ်ကွက်အတွင်းရှိ သဗ္ဗညုဘုန်းတော်ကြီးကျောင်းရှေ့မှ စတင်၍ ကျဒယ်လမ်းဆုံ ထိုမှတစ်ဆင့် မြို့မဈေးလမ်းဆုံမှ အ.ထ.က(မိုင်းဆတ်) ကျောင်းရှေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 13, 2024
အကြမ်းဖက်သောင်းကြမ်းသူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန်လုပ်ဆောင်နေမှုများ၊ ဘုရားစေတီ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်း ကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲကို ဇန်နဝါရီ ၁၃ ရက် နံနက် ၈ နာရီက ကျိုင်းတုံမြို့မအားကစားကွင်း၌ ပြုလုပ်သည်။
Jan 13, 2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူ များနှင့် သာသနာ ဖျက်ဆီးမိစ္ဆာများအားကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက်(၈)နာရီက ခရိုင်အား ကစားကွင်း၌ ကျင်းပခဲ့ရာ သံဃာတော်၊ သီလရှင်များနှင့် ပြည်သူ(၈၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
Jan 13, 2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အမျိုးဘာသာ သာသနာဖျက်ဆီးသူများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်(၈)နာရီ(၅၅)မိနစ်အချိန်က ဗိုလ်တေဇအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။
Jan 13, 2024
ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့ အောင်မြင်ဇေယျ(ရခိုင်) စေတီတော်မြတ်ကြီး၌ ပြုလုပ်ခဲ့သည်။
Jan 13, 2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့၌ သံဃာတော်များ ဦးဆောင်၍ ဘာသာသာသနာ ချစ်မြတ်နိုးသည့် ပြည်သူများက အကြမ်းဖက်သောင်းကျန်းသူများမှ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန်က ခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 13, 2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မြို့တော်ခန်းမရှေ့ရှိ ပျဉ်းမနား-တောင်ညိုကားလမ်းမ၌ ယနေ့မွန်းလွဲပိုင်းက ဆီအော ကျေးရွာအနီး၊ ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်အားဖြိုချဖျက်ဆီး၍ ဗုဒ္ဓဘာသာဝင် ပြည်သူတစ်ရပ်လုံးကို စော်ကားသောလုပ်ရပ်ကို လုပ်ဆောင်ခဲ့ကြသည့် MNDAA အကြမ်းဖက် အဖွဲ့၏ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ စော်ကားသောလုပ်ရပ်အား ဆန့်ကျင်ကန့်ကွက် ရှုတ်ချပွဲအား ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 13, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ်
Jan 13, 2024
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့၌ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စတုတ္ထနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။
Jan 13, 2024
ပြည်ပနိုင်ငံများ၌ ဖိုရမ်၊ ပြပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေးနှင့် လေ့လာရေးခရီးစဉ်များ သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 13, 2024
အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအစည်းအဝေးခန်းမ၌ ကျင်းပသည်။
