Skip to main content

Feb 16, 2024

“ပြည်သူ့စစ်မှုထမ်းဥပဒေအရ လိုအပ်သောပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်ပြီးမှသာ သင်တန်းအမှတ်စဉ် (၁) ကို စစ်မှုထမ်းရန် အကျုံးဝင်သူအင်အား ၅,၀၀၀ ဦးဖြင့် စတင်မှာဖြစ်ပြီး သင်တန်းကာလပြီးဆုံးပြီး တာဝန်စတင်ထမ်းဆောင်ဖို့ကိုလည်း မိမိတို့ရပ်ရွာဒေသမှာရှိတဲ့ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့တွေမှာသာ သတ်မှတ်ထားတဲ့ကာလအထိ တာဝန်ထမ်းဆောင်သွားရမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကိုကာကွယ်မည့် တပ်မတော်ကြီးအင်အားတောင့်တင်းပြီး စွမ်းရည်ရှိလာမှာကိုစိုးရိမ်ကြောက်ရွံ့နေတဲ့ အဖွဲ့အစည်းတွေ၊ ပြည်ဖျက် မီဒီယာများကတော့ သွေးထိုးလှုံ့ဆော်နေမှာပဲဖြစ်တာကြောင့် အထူးသတိထားဖို့ လိုအပ်ကြောင်းအသိပေးအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

“ပြည်သူလူထုအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရမှာကို အရမ်းစိုးရိမ်နေစရာမလိုအပ်ပါဘူး။ ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများက စစ်မှုထမ်းဆောင်မှုနဲ့ပတ်သက်ပြီး ထင်ယောင်ထင်မှားဖြစ်အောင် တမင်ဖန်တီးပြီးလူငယ်၊ လူရွယ်တွေသူတို့လို အကြမ်းဖက်သမားဘဝမျိုးကို ရောက်ရှိအောင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

“ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၆ အရ အစိုးရအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ပုဒ်မ ၇(က)အရ အဆိုပါဗဟိုအဖွဲ့က တိုင်းဒေသကြီး/ ပြည်နယ် အဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ခရိုင်အဖွဲ့နဲ့ မြို့နယ်အဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးမှ လက်ရှိချက်ချင်းစစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သော လူဦးရေ ကျား၊ မစာရင်းကို အမြန်ဆုံးကောက်ယူခိုင်းထားကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးများရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန်အကျုံး ဝင်သောလူငယ်များကို ရှောင်တိမ်းခြင်းမရှိစေရန်အတွက် မိဘ၊ ဆွေမျိုး၊ မောင်နှမများကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိချမှတ်နိုင်ကြောင်း ဝန်ခံကတိပြုလက်မှတ်များ ရေးထိုးခိုင်းနေကြောင်း မဟုတ်မမှန်သတင်းများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံဝါဒဖြန့်ရေးသားလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့ရှိ မြို့မဈေးကို ဖေဖော်ဝါရီ ၁၅ ရက် နေ့က တပ်မတော်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးခဲ့ရကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် တစ်ဖက်သတ်စွပ်စွဲရေးသားထားသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များအား အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ပေးရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ကျေးရွာနှင့်ရပ်ကွက်များရှိ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များအတွက် မြန်မာနိုင်ငံစာကြည့် တိုက်များ ဖောင်ဒေးရှင်းသို့ အလှူရှင်များက သုတရသစာအုပ် ၁၆၀ ကို ယနေ့မွန်းတည့် ၁၂ နာရီက လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

စစ်ဆေးရေးမှူး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး သင်တန်းခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးသုတေသနဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ဝန်ထမ်းများ ပျော်ရွှင်စွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရေးဟူသော ရည်ရွယ်ချက်များဖြင့် အလုပ်သမားဝန်ကြီးဌာန၏ ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ယာဉ်ရပ်နားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနဝန်ကြီးရုံး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ဥပဒေရေးရာအသိပညာပေးဟော‌ပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီ တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ကျင်းပရာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်မသန်စွမ်းသူများအသင်းဥက္ကဋ္ဌနှင့် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၇-၁-၂၀၂၁ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရာနှုန်းပြည့် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အရ ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၆-၁-၂၀၂၄ ရက်နေ့အထိ အသက် (၅) နှစ်နှင့်အထက်ရှိသော ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူလူဦးရေ ၄၃ သန်းကျော်အနက် လူဦးရေ ၃၉ ဒသမ ၈ သန်းခန့်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးလွှမ်းခြုံမှု ၉၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးသည့် လူဦးရေမှာ ၃၆ ဒသမ ၃ သန်းခန့် ရှိပြီဖြစ်သောကြောင့် ကာကွယ် ဆေးလွှမ်းခြုံမှု ၈၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ၊ ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်များ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို အမိန့်ကြော်ငြာစာအမှတ် (၂၁၈/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng E70 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX α S အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

Zeya & Associates Co.,Ltd မှ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနရှိ ဆေးတက္ကသိုလ်ငါးခုတွင် အသုံးပြုရန် မှန်ပြောင်းနှင့် ခွဲစိတ်ကုသခြင်းအတွက် သင်ကြားရေး အထောက်အကူပြု မှန်ပြောင်းကြည့် ခွဲစိတ်ကုသမှုနည်းပညာ လေ့ကျင့်ရေးစက် (Laparoscopic Simulator) ငါးစုံ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနကကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်မည့် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှု နည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသားအရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ အကောင်အထည်ဖော်ရေး စီမံကိန်း (Project on Strengthening National Quality Infrastructure and Implementation of National Certification Body for Certifying Products, Processes and Services) စတင်ခြင်းအခမ်းအနားနှင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်တွေ့ဆုံဆွေးနွေးခြင်းဖိုရမ် (Stakeholders Engagement Forum on Standards and Qua-lity for Trade Facilitation and Industry Development) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ MERCURE ဟိုတယ်၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်