Skip to main content

Jan 04, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ဖွင့်လှစ်ပေးခဲ့သည့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်း

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

မြန်မာတိုင်းရင်းသားလူမျိုးအပေါင်းတို့သည် ရှေးပဝေသဏီ နှစ်ပေါင်းများစွာကာလကပင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်စောင့်ရှောက် ကာကွယ်ခဲ့ကြသည်။ ကုန်းဘောင်ခေတ်နှောင်းကာလတွင် စည်းလုံးညီညွတ်မှုနှင့် နိုင်ငံအင်အားတောင့်တင်းခိုင်မာမှု လျော့နည်းလာသောကြောင့် ကိုလိုနီနယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝသို့ ကျရောက်ပြီး တိုင်းပြည်လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

မြန်မာတစ်နိုင်ငံလုံး ကိုလိုနီဘဝ ကျရောက်နေချိန်တွင် နိုင်ငံ့စီးပွားအရင်းအမြစ်များ အားလုံးမှာ နယ်ချဲ့တို့လက်ထဲမှာသာ ရှိခဲ့သည့်အလျောက် ရရှိသမျှ အကျိုးအမြတ်အားလုံးသည်လည်း နယ်ချဲ့နောက်တော်ပါ နိုင်ငံခြားသားအရင်းရှင်တို့အတွက်သာ ဖြစ်ခဲ့သည်။ သယံဇာတပေါများကြွယ်ဝသည့်မြေပေါ်တွင် ရှင်သန်နေထိုင်ရင်း ဆင်းရဲတွင်းနက်ခဲ့ကြသည့် မြန်မာတို့မှာ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး လွတ်လပ်ရေးရသည့်အခါတွင် မိမိတို့လည်း ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ကြမည်ဟု မျှော်လင့်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၆)နှစ်မြောက် လွတ်လပ်‌ရေးနေ့ နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြီးပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

ဝန်ကြီးဌာနအသီးသီးမှဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေရေးနှင့် ဝန်ထမ်းများတက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေး ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများမှ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက် ကြည့်ရှုအားပေးပြီး ဆုများပေးအပ် ချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာရှိ နေပန်လပန်ရှေးဟောင်းစေတီတော်  ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက  အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မှ အွန်လိုင်းတွင် ငွေလိမ်လည်သည့် အဖွဲ့ခေါင်းဆောင်များကို တပ်မတော်က ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်ပြောင်းရွှေ့ပေးနေသည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က သတင်းတုသတင်းမှားများ ဖြန့်ဝေရေးသား၍ ဝါဒဖြန့်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ၊ ထန်းပင်လှရွာနှင့် ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာကို ဇန်နဝါရီ ၂ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် တပ်မတော်မှ တိုက်ပွဲမရှိပဲ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် နေအိမ်များ၊ ဈေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် Western News က လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့် ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများကို အမျိုးသမီး အဆောင် ထောင်ဦးစီးမှူး ဒေါ်ဥမ္မာမြင့်က သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့သို့ ဝန်းသိုမြို့တွင်အခြေစိုက်သည့် တပ်ရင်းမှ ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၈ နာရီချိန်ခန့်တွင် လက်နက်ကြီးဖြင့် ၆ ကြိမ်ခန့်ပစ်ခတ်ခဲ့ရာ ကောလင်းမြို့လယ်ရှိ လူစည်ကားရာ အရှေ့ဈေးအနီး ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ ၆ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ Myanmar Now မှ လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

လားဟူတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့အတွင်းရှိ လားဟူတိုင်းရင်းသားများ နေထိုင်သော ကျေးရွာများ၌ ပျော်ရွှင်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခု ထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထား သည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာ တွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါ တယ်။

ဆက်လက်ဖတ်ရှုရန်