Jan 29, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Jan 29, 2024
နေ့စဉ်လူမှုဘဝတွင် စားသောက်ဖွယ်ရာမုန့်အမျိုးမျိုးတို့ကို စားသုံးလျက်ရှိရာ လက်ရှိအချိန်တွင် ပြည်ပမှအစားအသောက်နှင့် မုန့်မျိုးစုံတို့မှာ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လျက်ရှိသည်။ မြန်မာတို့တွင် မြန်မာ့ရိုးရာမုန့်အမျိုးအစားစုံလင်စွာ ရှိပေသည်။ မြန်မာ့ရိုးရာမုန့်အများစုမှာ ဒေသထွက် သဘာဝကုန်ကြမ်းပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းကြောင့် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝကာ ကျန်းမာရေးအထောက် အကူဖြစ်စေပါသည်။ ၎င်းအပြင် ရိုးရာမုန့်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခြင်းသည် ပြည်ပသွင်းကုန်လျှော့ချစေနိုင်ရုံသာမက ဒေသတွင်းသဘာဝကုန်ကြမ်းပစ္စည်းများ ဈေးကွက်ရရှိခြင်းနှင့် အလုပ်အကိုင်အခွင့် အလမ်းများကိုလည်း ဖန်တီးပေးရာရောက်ပေသည်။
Jan 29, 2024
မန္တလေးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဇန်နဝါရီ ၁၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မိတ္ထီလာမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၇၂ ခုမှ ပြည်သူ ၃၁၀၊ သာစည်မြို့နယ်ရပ်ကွက်/ကျေးရွာအုပ်စု ၅၀ မှ ပြည်သူ ၂၅၀ စုစုပေါင်း ၅၆၀ တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။
Jan 29, 2024
ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလ ရေသောက်မြစ်ဖြစ်သော ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော်သံဃာ တော်များ စဉ်ဆက်မပြတ်ပေါ်ပေါက်စေရန် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပခြင်းနှင့် စာအောင်ဆုနှင်းသဘင် ကျင်းပပူဇော်ခြင်း အခမ်းအနားကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သည့် (၁၀၅) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် သံဃာတော်၁၂ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပူဇော်သည့် စာအောင်ဆုနှင်း သဘင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင် မြောက်ဘက်ရှိချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။
Jan 29, 2024
သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသောဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်နိုင်ရန် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများအလိုက် စာစစ်ဌာနများတွင် ကျင်းပရာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ကြည့်ရှုစစ်ဆေးသည်။
Jan 29, 2024
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ထားဝယ်မြို့နယ်ထိန်သစ်ရပ်ကွက်၌ တရား မဝင် ခဲသတ္တု ၅၂၆၄ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၇၉၂၀၀၀၀) နှင့် ကော့သောင်း မြို့နယ် ခမောက်ကြီးကျေးရွာ၌ တရားမဝင်ခဲသတ္တု ၆၉ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၈၀၀၀၀) တို့ကို မြန်မာ့သတ္တုတွင်း ဥပဒေအရလည်းကောင်း၊ ကော့သောင်းမြို့နယ်အတွင်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် နိုင်လွန်ငါးဖမ်းပိုက် ကီလိုဂရမ် ၁၆၀၀၊ နိုင်လွန်ကြိုး ကီလိုဂရမ် ၆၈၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်း တန်ဖိုးငွေ ၁၈၈၇၃၀၉၅ ကျပ်)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Isuzu Truck တစ်စီးနှင့် Toyota Hiace တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) တို့ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရ လည်းကောင်း၊ မြိတ်မြို့နယ်၌လိုင်စင်မဲ့ Honda CBR ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀) နှင့် ကော့သောင်း မြို့နယ်၌ လိုင်စင်မဲ့ Click 125 ဆိုင်ကယ်တစ်စီးနှင့် Honda Wave-I 125 ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀) တို့ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၂၂၈၁၇၃၀၉၅ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
Jan 29, 2024
တပ်မတော်တွင် ပဉ္စမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကိုဇန်နဝါရီ ၂၈ ရက်တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်သည်။
Jan 29, 2024
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်များတွင် ကုန်သွယ်မှုတိုးမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ညီလာခံခန်းမ၌ ကျင်းပသည်။
Jan 29, 2024
မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီပွဲတော်များကို အစဉ်လာမပြတ် ကျင်းပလျက်ရှိသည်။ ဤသို့ ကျင်းပရခြင်းသည်ကား အပျော်အပါးသက်သက်မဟုတ်။ မိမိတို့နိုင်ငံတွင် စွယ်စုံပညာရှင်များ ပေါ်ပေါက်ထွန်းကားလာစေရေး၊ နိုင်ငံ့ကာကွယ်ရေး မျက်နှာစာမှစစ်ရေးစစ်ရာ ကျွမ်းကျင်လိမ္မာသော စစ်သည်သူရဲကောင်းများ အမြောက်အမြား ပေါ်ပေါက်လာစေရေး၊ တိုင်းကားပြည်ရွာ စည်ပင်သာယာလာစေရေးစသော အကျိုးအာနိသင်များကို မျှော်ကိုးလျက် ယင်းသို့သော ဆန္ဒမွန်များကို အကောင်အထည်ဖော်ရန် ကျင်းပကြခြင်းဖြစ်ပေသည်။
Jan 29, 2024
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးနှင့် ခုတင် - ၅၅၀ ဆံ့ ကလေး ဆေးရုံကြီး - ရန်ကုန်တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် မွန်ပြည်နယ်မော်လမြိုင်မြို့သို့ ဒုတိယအကြိမ်သွားရောက်၍ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
Jan 29, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ “စိုက်ပျိုးပညာပေးရေးလက်စွဲစာအုပ် ပြင်ဆင်ဖြည့်စွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ဇန်နဝါရီ ၂၅ ရက် က နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဖွံ့ဖြိုး ရေးသင်တန်းကျောင်း (AERDTC) ၌ကျင်းပရာ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 29, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဂုံမင်းအင်းကျေးရွာအနီး ငလိုက်လက်ယာမြောင်း ဆည်ရေသောက်စနစ် JICA အဆင့်မြင့်လယ်ယာ ပင်မရေပေးမြောင်းကို RD-ပေ ၈၀၀ မှ ၂၆၀၀ အတွင်း အုတ်မြောင်းတည်ဆောက်ခြင်းလုပ်ငန်းနှင့် JICA အဆင့်မြင့်လယ်ယာ ပင်မရေပေးမြောင်းမှ နွေစပါးစိုက်ပျိုးနိုင်ရေး စီစဉ်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 29, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်သည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့်အတူ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ၁၃၂ ကေဗွီ မကွေးပင်မ ဓာတ်အားခွဲရုံ (မကြီးကန်) သို့သွားရောက်၍ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
Jan 29, 2024
အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၄ နှင့် ဆက်စပ်ဝန်ကြီးအဆင့် အစည်းအဝေးများဖြစ်သည့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ- အိန္ဒိယ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး၊ အာဆီယံ- ရုရှားဖက်ဒရေးရှင်း ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများကို “Quality and Responsible Tourism - Sustaining ASEAN Future” ခေါင်းစဉ်ဖြင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Landmark Mekong Riverside Hotel ၌ ဇန်နဝါရီ ၂၂ ရက်မှ ၂၇ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဝန်ကြီး Mrs. Suanesavanh VIGNAKET ၏ ဖိတ်ကြားချက်အရ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ကြသည်။
Jan 29, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်ရှိ မြေအသုံးချရေးဌာနခွဲ ပင်မဓာတ်ခွဲခန်း (ရန်ကုန်) ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Jan 29, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ်ရှိ အမှတ် ၅ သစ်တောသုတေသန စခန်း၊ မိုးစွေသို့ သွားရောက်၍ တောတွင်းလက်တွေ့ ကွင်းဆင်းခြင်း ဆောင်ရွက်လျက်ရှိသော သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ တတိယနှစ်နှင့်စတုတ္ထနှစ်ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံသည်။
Jan 29, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို Boxing Indoor Stadium လက်ဝှေ့အားကစား ရုံ၌ ကျင်းပသည်။
Jan 29, 2024
ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးမစ္စတာ မက်ခ်ဆင်းရယ်ရှဲသငြိကော့ဗ်၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၇ ရက် တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကို မြို့ All-Russian Exhibition Center (VDNH – Exhibition of Achievements of National Economy)၌ ကျင်းပသည့် စတုတ္ထအကြိမ် ရုရှား - မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ရုရှားနိုင်ငံတကာဖိုရမ်နှင့် ကုန်စည်ပြပွဲသို့ တက်ရောက်သည်။
Jan 28, 2024
ပြည်သူများလိုလားသည့် နိုင်ငံရေးစနစ်မှာ ဒီမိုကရေစီစနစ်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည်မှစ၍ ပါလီမန်ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ခဲ့သော်လည်း အောင်မြင်မှုမရှိချေ။ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သော်လည်း ပျက်သုဉ်းခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သောအခါ ပဋိပက္ခပြဿနာမျိုးစုံနှင့်ကြုံတွေ့ခဲ့ရသည်။ သို့ဆိုလျှင် နိုင်ငံရေးစနစ်ကြောင့်လား၊ လူကြောင့်လား သုံးသပ်ကြည့်နိုင်ပေသည်။
