Skip to main content

Dec 29, 2023

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Innogen Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ N.P.K Motors Co., Ltd.မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG၊ MGZS EV နှင့် MG၊ MG4 (Mulan) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာရာ ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မြောက်ပိုင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မန်စီမြို့နယ် ကုန်းတိမ်ကျေးရွာတွင် စက်ရုံတည်နေရာထား၍ ရော်ဘာပြားများ ထုတ်လုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

ကျောင်းသား ကျောင်းသူများအတွက် သုတေသနနည်းလမ်းများကို စနစ်တကျ နားလည်သိရှိစေရန်နှင့် အသုံးချသုတေသနများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အခြေခံသုတေသနနည်းစနစ်များဆိုင်ရာ ဟောပြောပို့ချပွဲကို ယနေ့နံနက် ၉နာရီခွဲတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဆွေးနွေးပွဲများ တက်ရောက်ခဲ့သူများ၏ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး အဆိုပါကျောင်းခန်းမ၌ မုံရွာမြို့ရှိ အမှတ် (၁) ၊ အမှတ် (၂) ၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းများနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းတို့မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် နိုင်ငံသားကတ်ပြားဆောင်ရွက်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်း ( One Stop Service) ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ၊ သာယာအေးကျေးရွာနှင့် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာတို့တွင် သမဝါယမလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လက်ပံလှ-စဉ့်ကူးယာယီစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်သုံးဆီဓာတ်ဆီ 92 ဂါလန် ၁၉၂၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၇၅၆၇၇၇)နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၇၅၆၇၇၇ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ်သိန်း ၂၅၃၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၀ ဒသမ ၁၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ ဓမ္မမေဒနီစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တဉာဏောသူရိယာ ဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) သက်တော် (၉၃) နှစ်၊ သိက္ခာ (၇၃) ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၅ ခုနှစ် နတ်တော်လပြည့် (၂၇-၁၂-၂၀၂၃) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၀၂:၄၅ နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းနှင့် ၁၃၈၅ ခုနှစ် နတ်တော်လကွယ် (၁၀-၁-၂၀၂၄) နေ့တွင် အန္တိမစျာပနအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

ရှမ်းပြည်နယ် မိုင်းဆတ်မြို့နေ အဲလေနှင့် နန်းမွေကျောက်တို့က တာချီလိတ်မြို့နယ်နေ မ----၊ ၂၈/၂၃ နှစ်အား တရုတ်ဇနီးမယား ပြုလုပ်ပါက ငွေကြေးအမြောက်အမြားရရှိမည်ဟု လိမ်လည်စည်းရုံးပြောဆိုခေါ်ဆောင်ကာ တရုတ်နိုင်ငံဘက်သို့ ယွမ်သုံးသောင်းဖြင့် ပို့ဆောင်ရောင်းစားခဲ့သဖြင့် တာလေမြို့မရဲစခန်း (ပ) ၄/၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်၍ တာချီလိတ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၆ ရက်တွင် တရားခံ အဲလေနှင့် နန်းမွေကျောက်တို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ စီ အသီးသီးကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နေ ဌေးလင်းနှင့် လေးမျက်နှာမြို့နယ်နေ လှသက်ချို (ခ) ချိုကြီးတို့က လေးမျက်နှာမြို့နယ်နေ ကို --- ၊ ၂၇/၁၉ နှစ်နှင့် ကို---၊ ၂၂/၁၉နှစ် တို့အား ရေလုပ်ငန်းလုပ်ကိုင်ပါက လုပ်အားခကြိုတင်ငွေ တစ်ဦးလျှင် ခုနစ်သိန်းကျပ်ရမည်ဟု ပြောဆိုစည်းရုံးပြီး လုပ်အားခများအား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် လေးမျက်နှာမြို့မရဲစခန်း (ပ) ၅၃၃/ ၂၀၁၈၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဟင်္သာတခရိုင်တရားရုံးမှ ၂၀၂၀ ပြည့်နှစ်၊ မေ ၅ ရက်တွင် တရားခံဌေးလင်းအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅/၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ပြီး တရားခံပြေး လှသက်ချို (ခ) ချိုကြီးအား ၅-၁၀-၂၃ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးရမိသဖြင့် တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅/၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ငါးတန့်အိုင်ကျေးရွာသို့ ဒီဇင်ဘာ၂၇ ရက် နံနက် ၉ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိခဲ့ပြီး ဒေသခံရွာသူ၊ ရွာသား ၈၃ ဦးကို ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပျဉ်းမပင်ရွာကို ဒီဇင်ဘာ ၂၇ ရက်က တပ်မတော်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ရေတာရှည်မြို့နယ် သာယာကုန်းကျေးရွာနှင့် ဒိုးတန်းကျေးရွာများတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို Khit Thit Media က လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်လှည့်ဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်နှင့် ယနေ့တို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော် ၄၁ ပါးတို့ကို အဆိုပါမြို့ရှိ အံတော်ရှင်တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၀) နှင့် ပတ်ဝန်းကျင်ရပ်ကွက်များမှ သံဃာတော် ၆၂ ပါး၊ သာသနာ့ နွယ်ဝင်သီလရှင် ၅၁ ပါးနှင့် ဒေသခံပြည်သူ ၃၂ ဦးတို့ကို အဆိုပါရပ်ကွက်ကြီးရှိ ရွှေစေတီရိပ်သာခွဲ၊ ဇယန်း၊ နမ့်ဆမ်၊ သာသနာ့ရက္ခိတသီလရှင်စာသင်တိုက်၌လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

ရန်ကုန်တိုင်းဒေသကြီး နယ်မြေမဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို ဒီဇင်ဘာ ၄ ရက်မှစ၍ ခရိုင်နယ်မြေများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မှော်ဘီမြို့နယ် ရပ်ကွက်၊ ကျေးရွာ ၂၂ ခုမှ ပြည်သူ ၅၆၆ ဦး၊ သာကေတမြို့နယ် ရပ်ကွက်ငါးခုမှ ပြည်သူ ၄၆၀ ၊ ဗိုလ်တထောင်မြို့နယ် ရပ်ကွက်ခြောက်ခုမှ ပြည်သူ ၄၁၁ ဦး၊ ကမာရွတ်မြို့နယ် ရပ်ကွက် ၁၀ ခုမှ ပြည်သူ ၄၈၁ ဦး တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာမှုများ ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၁) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်၊ ဝန်ထမ်းများ၏လေ့လာမှုနှင့် စာဖတ်စွမ်းရည် မြင့်မားလာစေရန်၊ အများရှေ့တွင် တင်ပြနိုင်မှုစွမ်းရည် (Presentation Skill) မြှင့်တင်ရန်၊ ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတများ မျှဝေပေးနိုင်ရန်အတွက် ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်